
သီပေါ ဖေဖော်ဝါရီ ၁၆
ဒေသခံရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော သဗ္ဗညုမြတ်စွာဘုရား အား သနပ်ခါးအမွှေးနံ့သာ ဆီမီးတံပူပင် (တွန်လို) ဖြင့် မီးပူဇော်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက် (တပို့တွဲ လပြည့်ည)က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ် သမိုင်းဝင်ပေါ်ကြိုဘုရားကြီး၊ မဟာ စည်အောင်တော်မူစေတီနှင့် လွယ်မုတ်တောင် ရွှေမောင်း သီလရှင်စာသင်တိုက်တို့တွင် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် နံ့သာဆီမီး (တွန်လို) ပူဇော်ပွဲများကို ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရှိ ဘုရားပုထိုးစေတီကျောင်းကန်များ၌လည်း ကောင်းမှု ကုသိုလ် ဒါနပြုသူများဖြင့် စည်ကားလျက်ရှိသည်။
စိုင်း(သီပေါ)