
သီပေါ စက်တင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့တာဝန်ထမ်းဆောင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်းသာမဏေများ၊ သာသနာ့ နွယ်ဝင်သီလရှင်ဆရာကြီး ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ မရှိ စစ်ဆေးပေးခြင်းကို ယနေ့နံနက်က ကွင်းဆင်း ကြည့်ရှုဆောင်ရွက်ကြသည်။
ဆေးကုသခံယူ
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက လွယ်မုတ်တောင် ရွှေမောင်းသီလရှင်စာသင်တိုက်မှ သီလရှင် ဆရာကြီး ဆရာလေး ၁၅၈ ပါးတို့အား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ မရှိ Test Kit ဖြင့် စစ်ဆေးရာ သီလရှင်တစ်ပါးမှာ ပိုးတွေ့ ရှိရသဖြင့် ဆေးကုသမှုခံယူလျက်ရှိသည်။
ထို့နောက် လွယ်မုတ်တောင် ရွှေမောင်းသီလရှင် စာသင် တိုက်ကြီး၏ ပဓာနနာယကထံသို့ နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များနှင့် ပိုးသတ်ဆေးပုလင်းများ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ဆက်ကပ်လှူဒါန်းသည်။
ပိုး ရှိ မရှိ စစ်ဆေး
ကွင်းဆင်းစစ်ဆေးအဖွဲ့သည် ၂၅၀၀ ဘုန်းတော်ကြီး ကျောင်း ခန္တီရာမ၊ နန်းဦး၊ မတ္တရာ၊ ကန်ဘာ၊ မတ္တရာ၊ ကုန်းသာရွာဦးဘုန်းတော်ကြီးကျောင်းတိုက်နှင့် ဗလီ ဝတ်ကျောင်း များသို့လည်း ကိုဗစ်-၁၉ ပိုး ရှိ မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)