သီပေါ၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်

 

သီပေါ   မေ    ၁၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)    သီပေါမြို့နယ် အစိုးရဓမ္မာစရိယ   ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့်  စာအောင်အရှင်သူမြတ်များအား  စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို မေ ၁၃ ရက်နံနက် ပိုင်းက  မြို့လယ်  မဟာသာသနာ့ဗိမာန်တော် ဓမ္မာရုံ၌ ကျင်းပသည်။

 


ဦးစွာ      မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ မိလိန္ဒ  အရှင်သူမြတ်ထံမှ  ဩဝါဒကထာနှင့်    ငါးပါးသီလ ခံယူ‌ဆောက်တည်ကြပြီး မြို့နယ် ဥပတ္ထမ္ဘက   ဥက္ကဋ္ဌ     ဦးခင်မောင်ဝင်းက သာသနာရေးဆိုင်ရာများကို    လျှောက်ထား သည်။

 


ထို့နောက်  စာအောင်သံဃာတော်များနှင့်     သာသနာ့နွယ်ဝင်   သီလရှင်များအား   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်စိုးဝင်း၊ မြို့နယ်သာသနာရေးမှူး     ဦးတင်ကိုကိုဝင်း၊ မြို့နယ်ဥပတ္ထမ္ဘက ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊   အလှူရှင်များက    အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်လက်လှူဒါန်းသည်။

 


သီပေါမြို့နယ်တွင် သာသနာ့ဓဇဓမ္မာစရိယ ဘွဲ့ရ   တစ်ပါး၊   ခုဒ္ဒကာယဝိဒူဘွဲ့ရ   တစ်ပါး၊ ဒီဃနိကာယဝိဒူဘွဲ့ရ တစ်ပါး၊ ဝိနယဝိဒူဘွဲ့ရ နှစ်ပါး၊ အခြေပြုမူလတန်းအောင်အပါး ၄၀ တို့ ဖြစ်ပြီး   ရဟန်း၊   သာမဏေအပါး   ၃၀   နှင့် သာသနာ့နွယ်ဝင်သီလရှင်  ၁၈  ပါးတို့  ဖြစ် ကြောင်း သိရသည်။                

 

 စိုင်း(သီပေါ)