
သီပေါ ဇူလိုင် ၁၉
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများကို လွမ်းဆွတ်ဝမ်းနည်းခြင်းအနေဖြင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) သီပေါမြို့နယ် အစိုးရရုံးဌာန များ၊ ရပ်ကွက်ပြည်သူများ နေအိမ်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား တိုင်ဝက်လွှင့်ထူကြသည်။
အဆိုပါ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥဩဆွဲ အချက်ပေးခြင်းနှင့်အတူ မြို့နယ်မီးသတ် တပ်ဖွဲ့စခန်းမှလည်း ဥဩဆွဲအချက်ပေးပြီး သွားလာနေသည့် မော်တော်ယာဉ်များ၊ ခေတ္တ ရပ် ဟွန်းတီးခြင်း၊ ဆိုင်ကယ်သမား၊ စက်ဘီး သမားနှင့် လမ်းသွားသူများအနေဖြင့် ၁ မိနစ် ငြိမ်သက်စွာ ဂါရဝပြုအမျှပေးဝေကြကြောင်း သိရသည်။
စိုင်း(သီပေါ)