
သီပေါ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ် နမ့်လန်ကျေးရွာတွင် ဖြူစင်နှလုံးသား လူမှုကူညီရေး အသင်း(နမ့်လန်)နှင့် စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်း သည့် အခြေခံစားသောက်ကုန် ပစ္စည်းရှစ်မျိုးကို ကိုဗစ်- ၁၉ ကာလအခက်အခဲရှိသော ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စု များအား လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က ပြည်သူများနှင့် နေရပ်စွန့်ခွာ ပြည်သူများသို့ ဆက်လက်လှူဒါန်းပေးကြောင်း သိရသည်။
ထိုသို့ လှူဒါန်းပေးရာတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ခေါက်ဆွဲခြောက် စသည့် အခြေခံစားသောက်ကုန် ရှစ်မျိုးကို ရပ်ကွက်၊ ကျေးရွာများ အလိုက် သွားရောက်လှူဒါန်းပေး ကြသည်။
နမ့်လန်ကျေးရွာအုပ်စုအတွင်း ရှိ ရပ်ကွက်၊ ကျေးရွာများမှ အခက် အခဲရှိသော အိမ်ထောင်စုများအား လှူဒါန်းပေးရာတွင် ယမန်နေ့က ကောင်းခမ်းရပ်ကွက်မှ အိမ် ထောင်စု ၃၀၊ အေးချမ်းသာ ရပ်ကွက်မှ အိမ်ထောင်စု ၁၈ စု၊ ကုန်းညောင်ရပ်ကွက်မှ အိမ် ထောင်စု ၁၅စု၊ ကောင်းလန်း ရပ်ကွက်မှ အိမ်ထောင်စု ၁၀ စုနှင့် ကောင်းလန်းရပ်ကွက်ရှိ ယာယီ နေရပ်စွန့်ခွာစခန်းမှ ပြည်သူ ၂၅ ဦးအတွက် လှူဒါန်းပေးပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက် အထိ အိမ်ထောင်စုပေါင်း ၁၂၀၀ ခန့်ကို လှူဒါန်းပေးနိုင်ပြီ ဖြစ် ကြောင်း၊ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများရှိ အခက် အခဲရှိသော အိမ်ထောင်စုများအား ဆက်လက် လှူဒါန်းပေးလျက် ရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်လေး(ပြန်/ဆက်)