သီပေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးစေရန် ကျေးရွာများသို့ ကွင်းဆင်း

 

သီပေါ  ဧပြီ  ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး       ထိုးနှံပေးမှု သတ်မှတ်ကာလ၌      အချိန်မီ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ရေး အတွက်    ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊     ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့်    ဆောင်ရွက် လျက်ရှိသည်။

 


အဆိုပါ      လုပ်ငန်းများ ဆောင်ရွက်ရာတွင်    မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် စိုးဝင်း   ဦးဆောင်သော      မြို့နယ် ဆေးရုံအုပ်ကြီး        ဒေါက်တာ မျိုးအောင်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယနေ့နံနက်ပိုင်းက ရပ်ကွက် နေပြည်သူများကို         မြို့လယ် ဓမ္မာရုံ၌လည်းကောင်း၊  သာသနာ့ ဝန်ထမ်း         သံဃာတော်အရှင် သူမြတ်များ၊     သာသနာ့နွယ်ဝင် သီလရှင်များကို     သက်ဆိုင်ရာ ကျောင်းတိုက်များ၌ လည်းကောင်း  ဆေးထိုးနှံပေးလျက်ရှိသည်။

 


ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းနှင့် ၎င်းအထက် ဒေသခံပြည်သူများကို ကာကွယ် ဆေးထိုးနှံရန် ၁၀၉၅၁၇ ဦးအနက်   ၉၄၂၇၆   ဦး  ထိုးနှံပြီး၍  ထိုးနှံရန် ကျန်သူ ၁၄၄၇၁ ဦးကို   ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း    သိရ သည်။                      

 

 စိုင်း(သီပေါ)