
သီပေါ ဧပြီ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ရာနှုန်းပြည့်ထိုးနှံနိုင် ရေးအတွက် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း ဦးဆောင်သော မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ယနေ့နံနက်ပိုင်းမှ စတင်ကာ ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၁၅ နှစ်မှ ၁၈ နှစ် အတွင်းနှင့် ၁၈ နှစ် အထက် ဒေသခံပြည်သူ များကို ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ဦးရေ ၁၀၉၅၁၇ ဦးအနက် ၉၄၂၇၆ ဦးထိုးနှံပြီး၍ ထိုးနှံရန်ကျန်သူ ၁၄၄၇၁ ဦးကို ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသကဲ့သို့ သာသနာ့ ဝန်ထမ်း သံဃာတော်အရှင်သူမြတ်များ၊သာသနာ့နွယ်ဝင် သီလရှင်များကိုလည်း သက်ဆိုင်ရာ ကျောင်းတိုက်များ အရောက် ကွင်းဆင်းဆေးထိုးနှံပေးသွားမည် ဖြစ်သည်။ တစ်မြို့နယ်လုံးဆေးထိုးနှံပြီးစီးမှုမှာ ၈၆ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
စိုင်း(သီပေါ)