
သီပေါ ဇန်နဝါရီ ၂၅
ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ ပြန့်ပွားစေရေးနှင့် သာသနာတော်၏ မျိုးဆက်သစ် များ ပေါ်ထွန်းလာစေရေးအတွက် နာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ဆရာတော်များနှင့် ပုစ္ဆက ဆရာတော်များ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့နယ်လုံးဆိုင်ရာ အကြိမ် (၄၀) မြောက် ပရိယတ္တိစာပြန်ပွဲတော် ကို ယနေ့နံနက်ပိုင်းက မဟာ မြတ်မုနိဘုရားကြီး အာရုံခံ တန်ဆောင်းတော်၌ ကျင်းပ သည်။
ပရိယတ္တိစာပြန်၊ စာမေးပွဲသို့ ပထမငယ် အပါး ၂၀၊ အခြေပြု ၄၉ ပါး၊ ပထမအဆင့် ၉၅ ပါးနှင့် မူလ အဆင့် ၂၇၃ ပါး စုစုပေါင်း ၄၃၇ ပါး ဝင်ရောက်ဖြေဆိုတော်မူကြ သည်။ အဆိုပါ သံဃာတော်များ အား လှူဒါန်းလိုကြသော အလှူ ရှင်များအနေဖြင့် နာယကဆရာ တော်ကြီးသုံးပါး ငွေကျပ် ၁၂၀၀၀၊ ကြီးကြပ်ဆရာတော် ၁၅ ပါး ငွေကျပ် ၁၃၀၀၀၊ ပုစ္ဆက ဆရာတော် ၁၆ ပါး ငွေကျပ် ၁၅၀၀၀ နှင့် ပထမငယ် အပါး ၂၀ ငွေကျပ် ၁၈၀၀၀ ၊ အခြေပြု ၄၉ ပါး ငွေကျပ် ၁၄၀၀၀ ၊ ပထမအဆင့် ၉၅ ပါး ငွေကျပ် ၁၂၀၀၀နှင့် မူလအဆင့် ၂၇၃ ပါး ငွေကျပ် ၁၀၀၀၀ ဖြင့် မြို့နယ်ပရိယတ္တိစာပြန်ပွဲ ကျင်းပ ရေးကော်မတီသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်း(သီပေါ)