သီပေါမြို့နယ် ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီး ဂေါပကအဖွဲ့ရွေးချယ်

 

သီပေါ   ဇူလိုင်   ၁၄


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ်       ပေါ်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်    ပေါ်ကြို ဘုရားကြီး   ဂေါပကအဖွဲ့ပြန်လည် ရွေးချယ် တာဝန်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက     ဘုရားကြီး မုခ်၌ကျင်းပရာ      ဩဝါဒါစရိယ ဆရာတော်ကြီးများကြွရောက်ပြီး အခမ်းအနားကို    နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်သည်။

 


ရှေးဦးစွာ      ဩဝါဒါစရိယ ဆရာတော်  မြို့နယ်သံဃနာယက ဥက္ကဋ္ဌ  မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ   မိလိန္ဒအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူပြီး    သာသနာရေး ဆိုင်ရာ  ကိစ္စရပ်များကို  လျှောက် ထားလျက်     ပေါ်ကြိုဘုရားကြီး         ဂေါပကဥက္ကဋ္ဌ     ဦးစိုင်းသာညွန့်၊     ဒုတိယဥက္ကဋ္ဌ    ဦးစိုင်းအုန်းကြွယ်၊ အတွင်းရေးမှူး     ဦးအောင်ကျော်မိုး နှင့်              အမှုဆောင်များကို လည်းကောင်း၊    ဘဏ္ဍာရေးအဖွဲ့‌ ခေါင်းဆောင်  ဦးစိုင်းဆာအောင်  (ရွှေဩဇာ)      နှင့်    အဖွဲ့ကို လည်းကောင်း၊ ပြန်ကြားရေးနှင့်        သမိုင်းပြုစုရေးအဖွဲ့ ခေါင်းဆောင်  ဦးစိုင်းသာလှိုင်နှင့်         အဖွဲ့ကို လည်းကောင်း၊ စာရင်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်        ဦးတင်မောင် မောင်နှင့်               အဖွဲ့ဝင်များကို လည်းကောင်း        ဖွဲ့စည်းတာဝန် ပေးအပ်သည်။

 


ဆက်လက်၍       ပေါ်ကြို ဘုရားကြီး           ဂေါပကဥက္ကဋ္ဌ ဦးစိုင်းသာညွန့်က    ဆက်လက် ဆောင်ရွက်ရမည့်     ဘုရားကြီး ဘက်စုံပြုပြင်ရေး လုပ်ငန်းများ သုံးထပ်ဆောင်  (RC)  သာသနာ့ ဗိမာန်တော်ကြီး   ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့်    ဗိမာန် တော်ကြီး၌ ကိန်းဝပ်စံပယ်တော် မူမည့်   ရုပ်ပွားတော်    သုံးဆူပင့် ဆောင်ရေး၊  ဘုရားကြီးပရိဝုဏ် အတွင်းရှိ         ဆုတောင်းပြည့် စေတီတော်နှင့်   ရန်ပြေမာန်ပြေ စေတီတော်မြတ်              ရှေးမူမပျက် ပြု ပြင်မွမ်းမံမှု အခြေအနေများကို ရှင်းလင်းလျှောက်ထားရာ ဂေါပက များက     သာသနာတော်အဓွန့် ရှည်ကြာစွာ     တည်တံ့ရေးအတွက် ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရာတွင်စိတ်အားထက်သန်စွာ     အုပ် တစ်ချပ်၊    သဲတစ်ပွင့်ပမာ  ပါဝင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။

 


ထို့နောက် သမိုင်းဝင်ပေါ်ကြို ဘုရားကြီး        ဂေါပကအဖြစ် ဆရာတော်ကြီးများနှင့် တာဝန်ရှိ သူများက      တာဝန်ပေးခန့်အပ် လွှာများ     ပေးအပ်ကြောင်း   သိရ သည်။


စိုင်း (သီပေါ)