
သီပေါ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အရှေ့မြောက်ဒေသ ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက် နေထိုင်ကြသော စားနပ်ရိက္ခာ အခက်အခဲရှိသည့် တိုင်းရင်းသားသွေးချင်းများ စားနပ် ရိက္ခာဖူလုံရေးအတွက် မြို့နယ်အမျိုးသမီး ကွန်ရက်မှ ဦးဆောင်ကာ အလှူရှင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာပုလဲကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာများ၊ ဆွန်လုံ၊ တာပုလဲ၊ ဟာလင့် စသည့် ကျေးရွာ များမှ ဒေသခံပြည်သူများ၊ လိမ္မော်၊ ကမ္ဗလာခြံတောင်သူများ ကို မြို့နယ်အမျိုးသမီးရေးရာကွန်ရက်အဖွဲ့ တာဝန်ခံ ဒေါ်ခင်နှင်းဆီနှင့် အဖွဲ့က ဆန် ၁၄၅ အိတ်၊ ဆီ ၄၃၅ ပိဿာ၊ ကုလားပဲ ၄၃၅ ပိဿာ၊ဆား ၂၁၇ ပိဿာနှင့် ငါးခြောက် ၂၁၇ ပိဿာတို့ကို အိမ်ထောင်စုလူဦးရေအချိုးအစားအလိုက် ကူညီပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)