သီပေါဒေသမှ တိုက်ပွဲရှောင်တိုင်းရင်းသားများအား ပြည်နယ်ကြက်ခြေနီမှ လူသုံးကုန်ပစ္စည်းများလှူဒါန်း

 

သီပေါ ဇန်နဝါရီ ၁၂


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အနောက်ခြမ်းဒေသကျေးရွာများမှ တိုက်ပွဲရှောင်ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဇန်နဝါရီ ၁၀ ရက်ကစပြီး ပေါ်ကြိုဘုရားကြီးဝင်းအတွင်းရှိ ခိုလှုံရေး စခန်းတွင် ရောက်ရှိခိုလှုံလျက်ရှိသည်။

 


အဆိုပါတိုက်ပွဲရှောင်ပြည်သူများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှပေးပို့သောခြုံစောင်နှင့် ပစ္စည်း ၁၀ မျိုးပါ မိသားစုသုံး  သန့်ရှင်း‌ ရေးပစ္စည်းများကို  ရှမ်းပြည်နယ်မြောက်ပိုင်း  ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီ‌ပေါမြို့နယ် ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူနှင့် တပ်ဖွဲ့ဝင်များ က အိမ်ထောင်စုပေါင်း  ၁၃၆ စုမှ လူဦးရေ ၃၀၅ ဦးတို့အား စားစရာမုန့်၊ အချိုရည်၊ သောက်ရေသန့်များအပြင် တိုက်ပွဲရှောင်အသက် ၁၀၀ ကျော် ရှိ အဘွားနန်းကို ပြည်နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌက အလှူငွေကျပ် ၃၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။  

                     

 စိုင်း(သီပေါ)