သီပေါ သီတဂူစက္ခုဒါနဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များ အခမဲ့ကုသပေးမည်

 

သီပေါ    ဒီဇင်ဘာ  ၁၇


ရွှေကျင်သာသနာပိုင်း     သီတဂူ ဗုဒ္ဓတက္ကသိုလ်၊    သီတဂူအာယု ဆေးရုံများ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ သီတဂူဆရာတော် ဒေါက်တာ      အရှင်ဉာဏိဿရ ဩဝါဒကို   ခံယူ၍     ရှမ်းပြည်နယ်   (မြောက်ပိုင်း)   သီပေါမြို့    မဟာ မြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာနနာယက        ဆရာတော်    ဘဒ္ဒန္တ   ပညာသီရိ     ဦးဆောင် ကြီးကြပ်မှုဖြင့်    မျက်စိဝေဒနာ ရှင်မျာအား      ခွဲစိတ်ကုသမှုကို ဇန်နဝါရီ    ၄  ရက်မှ  ၈ ရက်အထိ     အကြိမ် (၅၀) မြောက်     ရွှေရတု အဖြစ်   အခမဲ့  ခွဲစိတ်ကုသပေး မည်ဖြစ်သဖြင့် ဝေဒနာရှင်များ အနေဖြင့်    ဒီဇင်ဘာ ၂၅ ရက်မှ  စတင်ကာ    စာရင်းပေးသွင်းနိုင် ကြောင်း သီတဂူမျက်စိကုသရေး ဆေးရုံ တာဝန်ခံ ဆရာတော်က မိန့်ကြားသည်။

 


ထို့ပြင်  ရပ်ဝေးရပ်နီးဒေသ များမှ   လာရောက်ကုသကြသော ဝေဒနာရှင်များကို     ဆရာတော် အရှင်ပညာသီရိက     ခရီးစရိတ် နှင့်   ထမင်းဟင်းလျာ   လှူဒါန်း ထောက်ပံ့လျက်ရှိသဖြင့်    ပါဝင် ကုသိုလ်ယူ    လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်   သီတဂူ စက္ခုဒါနဆေးရုံ      ဖုန်း    ၀၉-၅၂၇၈၁၇၃   သို့    ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


စိုင်း(သီပေါ)