သီပေါ ပေါ်ကြိုရှေးဟောင်းသမိုင်းဝင်ဘုရားကြီးအား ဖူးမြော်ခွင့် ယာယီပိတ်ထား

သီပေါ    ဇူလိုင်   ၁၁ 
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပေါ်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီးကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၁၁ ရက် (ယနေ့) မှစ၍ ဖူးမြော် ကြည်ညိုခွင့် ယာယီပိတ်ထားကြောင်း ဂေါပကအဖွဲ့ဝင် ဦးစိုင်းဆာအောင်ထံမှ သိရသည်။ 
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ခရီးသွားဧည့်သည်များ၊  ဘုရားဖူးဧည့်သည်များ အများဆုံးလာရောက် ကြည်ညိုလည်ပတ်လျက်ရှိသည့် ဘုရားဖြစ်ခြင်းကြောင့် မြို့နယ်သံဃနာယအဖွဲ့ ဆရာတော်ကြီးများနှင့်  ဘုရားကြီးဂေါပကအဖွဲ့၏   ဆုံးဖြတ်ချက်အရ   ဖူးမြော်ခွင့်  ယာယီပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ 
စိုင်း(သီပေါ)