သီလဝါအထူးစီးပွားရေးဇုန်၌ ယနေ့အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၄ ခု လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိ

 

လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများမှ ကုမ္ပဏီများ၏ ယုံကြည်မှုရရှိနေအောင် ဆောင်ရွက်ပေးရန်လို

 

နေပြည်တော်   အောက်တိုဘာ   ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်    (ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်       ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်း၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်  တာဝန်ရှိသူများ လိုက်ပါ၍  ယနေ့မွန်းလွဲပိုင်းတွင်   သီလဝါ အထူးစီးပွားရေးဇုန်  စီမံခန့်ခွဲမှုကော်မတီမှ   တာဝန်ရှိသူများအား     သီလဝါအထူးစီးပွားရေးဇုန်     စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရုံး    အစည်းအဝေးခန်းမ၌         တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 


ဦးစွာ   သီလဝါအထူးစီးပွားရေးဇုန်     ဖြစ်ပေါ် တိုးတက်မှုနှင့်    လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များအား   သီလဝါအထူးစီးပွားရေးဇုန်   စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးရဲနိုင်ထွန်းက ရှင်းလင်းတင်ပြပြီး သီလဝါအထူးစီးပွားရေးဇုန်ဆိုင်ရာ      ဗီဒီယိုဖိုင်ကို ပြသည်။  ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊    စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သီလဝါအထူးစီးပွားရေးဇုန် လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊   တွေ့ကြုံရသော အခက်အခဲများအပေါ် နိုင်ငံတော်က  ဖြေရှင်းဆောင် ရွက်ပေးမှုအခြေအနေများ၊     လုပ်ငန်းဆက်လက် ဆောင်ရွက်သွားမည့်  အခြေအနေများအား  ရှင်းလင်း တင်ပြသည်။

 


ဆက်လက်၍    တက်ရောက်လာကြသူများက အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများ   ဆောင်ရွက်နေမှုများအား    ရှင်းလင်းတင်ပြကြသည်။  

 


ပြန်လည်ရှင်းလင်း


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက    တင်ပြချက်များအပေါ် လိုအပ်သည့်အချက်များအလိုက်  ပြန်လည်ရှင်းလင်း ညှိနှိုင်းပြီးနောက်     အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သော    ကိုဗစ်- ၁၉   ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သည့်  စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့်   အမြန်ဆုံးကုစားသွား မည်ဟူသည့်အချက်ကို   သီလဝါအထူးစီးပွားရေးဇုန်မှ လည်း တစ်စိတ်တစ်ပိုင်း  အကောင်အထည်ဖော်နေမှု ပင်ဖြစ်ကြောင်း၊   ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ် သည့်     နိုင်ငံ့စီးပွားရေးအတွက်   ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရန်နှင့်   ပို့ကုန်တိုးမြှင့်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ကျောက်ဖြူ၊  ထားဝယ် SEZ များလည်း အလားတူ အမြန်ဆုံးအောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်ရန်  လိုကြောင်း၊ လာရောက်ရင်းနှီး မြှုပ်နှံသည့်    နိုင်ငံများမှ   ကုမ္ပဏီများ၏   ယုံကြည်မှု ရရှိနေအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ငွေကြေး ဆိုင်ရာ   အရေးယူဆောင်ရွက်ရေးအဖွဲ့   (Financial Action Task Force-FATF) ၏   ထုတ်ပြန်ချက်နှင့် ပတ်သက်၍   ဗဟိုဘဏ်မှလည်း  တရားဝင် ရှင်းလင်း ထားပြီးဖြစ်၍  ပုံမှန်ငွေကြေးစီးဆင်းမှုနှင့်  နိုင်ငံစီးပွား ရေးပုံမှန်လည်ပတ်နေမှုကို   သံသယရှင်းလင်းအောင် လိုအပ်ပါက ဗဟိုဘဏ်မှနားလည်သူများကို လာရောက် ရှင်းလင်းပြောကြားစေမည် ဖြစ်ကြောင်း၊   FDI များ ပိုမိုဝင်ရောက်လာစေရေး   Brochure များကို  ရုရှား၊ တရုတ်နှင့် အခြားသော စိတ်ဝင်စားသည့် ဒေသတွင်း နိုင်ငံတို့၏   ဘာသာစကားတို့ဖြင့်  ဖြန့်ဝေကြေညာပေး ရန်လိုကြောင်း၊ ကျန်ရှိနေသော   မြေသိမ်းဆည်းရေး ကိစ္စများအား    ဥပဒေနှင့်အညီ   အမြန်ပြီးစီးစေရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ      ကူညီဆောင် ရွက်ပေးသွားရန်လိုကြောင်း၊  ရေလုံလောက်စွာရရှိရေး မြို့တော်စည်ပင်အနေဖြင့် စီမံပေးထားပြီးဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်မှ  လုပ်ငန်းများနှင့်   MSME များ ချိတ်ဆက်ပေးရာတွင်    မူလ SEZ ၏  ရည်မှန်းချက်နှင့် ကိုက်ညီပြီး  နိုင်ငံစီးပွားဖွံ့ဖြိုးမှုကို    အထောက်အကူ ပြုမည့်  ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး  ရည်ရွယ် ဆောင်ရွက်ရန်နှင့် SEZ ၏ ဥပဒေအရ ကန့်သတ်ချက် များအပေါ်တွင်လည်း   ညှိနှိုင်းဆွေးနွေး ဆောင်ရွက် ရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ဇုန်တစ်ခုလုံး ကို လွှမ်းခြုံနိုင်သည့် လုံခြုံရေးစနစ်  ဆောင်ရွက်နိုင် ရေး လုံခြုံရေးကုမ္ပဏီများကို  တင်ဒါစနစ်ဖြင့် ခေါ်ယူ ဆောင်ရွက်သွားရန်လိုကြောင်း။

 


 စံပြဇုန်တစ်ခုဖြစ်


သီးနှံကိုအခြေခံသည့်   ကုန်ထုတ်လုပ်ငန်းများ Value Added    ထုတ်လုပ်ရာတွင်    နိုင်ငံ၏ဒေသ အလိုက် သီးနှံများထွက်ရှိသည့် အချိန်ကာလ မတူညီ မှုပေါ်မူတည်၍  ဒေသအလိုက်အစုအဖွဲ့များ၊ အသင်း အဖွဲ့သမဝါယမပုံစံစုဖွဲ့ ချိတ်ဆက်၍  ဆောင်ရွက်ရန် နှင့် သီးနှံများအပေါ်  ပိုးသတ်ဆေး ဓာတ်မြေဩဇာများ သုံးစွဲမှုကို    စံနှုန်းကိုက်သုံးစွဲရန်   အသိပညာပေးရန် လိုကြောင်း၊ SEZ သည်   နိုင်ငံတော်၏စီးပွားရေးကို  တစ်ဖက်တစ်လမ်းမှ    အဓိက   အထောက်အကူပြု၍ နိုင်ငံတော်၏  GDP ၌လည်း  သက်ရောက်လျက်ရှိ ကြောင်း၊   အောင်မြင်နေသော   စံပြဇုန်တစ်ခုဖြစ်၍ အောင်မြင်သထက်အောင်မြင်အောင်     ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊  ရှိပြီးသား  ကုမ္ပဏီ များ လုပ်ငန်းပိတ်သိမ်းမှုမရှိစေရေး  အတတ်နိုင်ဆုံးလိုအပ်ချက်ကိုပြည့်စုံအောင်  ဖြည့်ဆည်းပေးရန်နှင့် ကုမ္ပဏီအသစ်များ   ဝင်ရောက်လာရေး  ဆောင်ရွက် ရန်လိုကြောင်း၊     နိုင်ငံမှာ     ဖွံ့ဖြိုးတိုးတက်ရေး အဘက်ဘက်မှ ကြိုးပမ်းနေရချိန်ဖြစ်၍ အလုပ်အကိုင်  အခွင့်အလမ်းများ  ပိုမိုရရှိခြင်းဖြင့်   နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အကူပြုနိုင်မည်ဖြစ် ၍   ကျန်ရှိသည့်  ဟက်တာများ  ပိုမိုရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း  ပြောကြားသည်။

 


ကုန်ပစ္စည်းများအားကြည့်ရှု


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ      ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ခင်းကျင်း ပြသထားသည့်       သီလဝါအထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သော  ကုန်ပစ္စည်းများအား  ကြည့်ရှုကြပြီး သီလဝါအထူးစီးပွားရေးဇုန် ဧည့်ခန်းမဆောင်၌ တာဝန် ရှိသူများအား  လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက်  သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရှိ KUBOTA  Myanmar Co., Ltd  စက်ရုံ၏ လုပ်ငန်း ဆောင်ရွက်မှုများအား     လှည့်လည်ကြည့်ရှုကြရာတာဝန်ရှိသူများက   လိုက်လံရှင်းလင်းတင်ပြကြပြီး သိရှိလိုသည်များမေးမြန်းကာ     လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


သီလဝါအထူးစီးပွားရေးဇုန်၌         ယနေ့အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ  ကုမ္ပဏီပေါင်း ၁၁၄ ခု လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်