
ရန်ကုန် ဇန်နဝါရီ ၁၃
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူး စီးပွားရေးဇုန်ရှိ စီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီးမြှုပ်နှံသူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် သီလဝါ အထူးစီးပွားရေးဇုန်ကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဆက်လက် ဆောင်ရွက်သွားရမည့်အခြေအနေများ၊ လက်ရှိရင်းနှီး မြှုပ်နှံမှုများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက် လာနိုင်ရေးတို့ကို မှာကြားသည်။
ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး
ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်နှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ နိုင်ငံတော်မှဖော်ဆောင် ပေးနေသည့်အခြေအနေများ၊ ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆက်လက်ဆောင်ရွက်ပေး မည့်အစီအစဉ်များနှင့် လုပ်ငန်းမြှင့်တင်ရေးဇုန် အတွင်းရှိ လုပ်ငန်းများ၌ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး ရင်းနှီးမြှုပ်နှံသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီး တည်ထောင်သူ (Developer) ဖြစ်သော Myanmar Japan Thilawa Development Limited(MJTD)မှ တာဝန်ရှိသူများ၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သီးခြား တွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်ပေးရန် လုပ်ငန်း များကို ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်