
ရန်ကုန် ဒီဇင်ဘာ ၁
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း သန့်ရှင်း သာယာရေးအတွက် လုပ်ငန်းများ ဆောင်ရွက် နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် သီလဝါအထူး စီးပွား ရေးဇုန် ကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများပါ လိုက်ပါခဲ့ကြပြီး သန်လျင်-ကျောက်တန်း လမ်း တစ်လျှောက် လမ်းဘေးဝဲယာ မြက်ပင်ချုံနွယ်များ ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်နေမှု၊ သန်လျင်မြို့ နယ်နှင့် ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန်လမ်းနှင့် သင်္ဘောဖျက်စက်ရုံ လမ်းတစ်လျှောက် လမ်းများကောင်းမွန်ရေးနှင့် လမ်းဝဲယာ တိုးချဲ့ခင်းကျင်းနိုင်ရေး စက်ယန္တရားများ ဖြင့် မြေပြုပြင်ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်