
ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက် ရွှေတိဂုံဘုရား လမ်း အမှတ် (၁၅၉)ရှိ သီပေါမင်း၏ အနွယ်တော်များနေထိုင်သည့် နေအိမ်သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့ဦးဆောင်၍ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဌာနမှူးများ ပါဝင်သောအဖွဲ့များ ယနေ့နံနက် ၇ နာရီက လာရောက်သည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ နှင့် ဝန်ကြီးများသည် သီပေါမင်း ၏မြစ်တော်များဖြစ်သည့် ဦးပီကျော်ခင်၊ ဒေါ်ဒေဝီသန့်စင်၊ ဒေါ်ခင်စန်းတင့် (ဦးတော်ဘုရား မြတ်အေး၏ဇနီး) တို့နှင့်တွေ့ဆုံ၍(ယာပုံ) ၎င်းတို့နေထိုင်သည့် နေအိမ်ကို ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်မည့် ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးပြောကြားကြကြောင်း သိရသည်။
ကြည်ဇေသော်