သိစေ၊ ကြားစေ ညွှန်းသက်သေ

Type
1

 

အောင်ရှင်း

ယမန်နေ့မှအဆက်


ဖမ်းဆီးရမိ ဖြစ်စဉ်အချို့


ဒီလိုဆောင်ရွက်ချက်တွေအနက် နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ တိုင်းရင်း သားလက်နက်ကိုင်တွေ ကြီးစိုးနေတဲ့ နေရာဒေသ တွေကနေ  သယ်ဆောင်လာတဲ့  မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့တဲ့  ဖြစ်စဉ်တချို့ကို  ကောက်နုတ် ဖော်ပြလိုပါတယ်။


၂၀၂၁ ခုနှစ် ဧပြီလက    ရှမ်းပြည်နယ်   မိုးနဲ မြို့ကနေ   မြဝတီမြို့ကို  သယ်ဆောင်လာတဲ့ WY ဆေးပြား ၇,၆၀၀,၀၀၀ ၊ ကာလတန်ဖိုးငွေကျပ်     ၁၁ ဒသမ ၄ ဘီလီယံခန့်ကို   တောင်ငူမြို့   (၇) မိုင်စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ 


၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့မှာလည်း ရှမ်းပြည် နယ် ကျောက်တလုံးမြို့နယ်ကနေ ကြက်သွန်ဖြူ/ နီ၊ လက်ဖက်ခြောက်အိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင် လာတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြား  ၆၉  သိန်း (ကာလတန်ဖိုးငွေကျပ် ၁၀ ဒသမ ၃၅ ဘီလီယံခန့်) ကို     သံတောင်ကြီးမြို့နယ်    လိပ်သိုမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ 


နောက်တစ်ခုက  ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ တာချီလိတ်မြို့    ပါဆတ်ရပ်ကွက်မှာ   ဘိန်းဖြူ ဘလောက်တုံး ၁၅၅၄ တုံး (၈၉၃ ဒသမ ၉ ကီလို ဂရမ်)၊ ဘိန်းဖြူ ၆၅၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ဒသမ ၃၂ သိန်း၊ အိုက်စ် ၁ ဒသမ ၆ ကီလို ဂရမ်၊ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၄ ဒသမ ၃၆ ဘီလီယံခန့်ကို      လက်နက်ငယ်တချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။


ဇွန်လ ၁၈ ရက်နေ့မှာလည်း အိုက်စ် ၁၇၁၀ ကီလိုခန့်၊ ကာလတန်ဖိုးငွေကျပ် ၃၄ ဒသမ ၂ ဘီလီ ယံခန့်နဲ့   လက်နက်ငယ်တချို့ကို  တာချီလိတ်- ကျိုင်းတုံသွားကားလမ်း တာကျောက်ကျေးရွာ အနီးမှာ   ဖမ်းဆီးရမိခဲ့ပါသေးတယ်။   ဒီမူးယစ် ဆေးဝါးတွေ သယ်ဆောင်ဖို့ Dump  Truck (4x2) ယာဉ်ဝယ်ယူရန်အတွက် “ဝ” တပ်ဖွဲ့ဝင် အိုက်ဆန်း ဆိုသူက   ငွေကြေးထုတ်ပေးခဲ့တာ  ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ကျိုင်းတုံမြို့နဲ့ ၁၃ မိုင်ကျော် အကွာကနေ  သယ်ယူခဲ့ကြတာပါ။
ဇွန်လ ၂၀ ရက်နေ့မှာပဲ Qing  Shan စာတန်းပါ အိုက်စ် ၁၅၈၀    ကီလိုဂရမ်၊  ကာလတန်ဖိုး   ငွေကျပ်  ၃၉ ဒသမ ၅ ဘီလီယံခန့်ကို ကျိုက်ထိုမြို့ မရမ်း ချောင်ကျေးရွာနဲ့ အင်္ဂပူကျေးရွာကြားမှာ ဖမ်းဆီး ရမိခဲ့တာ   ရှိပါသေးတယ်။ 


၂၀၂၁ ခုနှစ် ဇွန်လ ၂၇ ရက်က စစ်ရေယာဉ် (ဘုရင့်နောင်)ဟာ   မြန်မာ-အိန္ဒိယ   ရေပိုင်နက် နယ်နိမိတ်မျဉ်းအနီးမှာ သုခစံအမည်ရှိ မူးယစ် ဆေးဝါးသယ်လှေပေါ်မှ Guan  Yin   Wang နှင့် Refined Chinese Tea စာတန်းပါအိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ မူးယစ်ဆေးဝါး (ICE) ၁ ကီလို ဂရမ်ခန့်ပါ ၁၅၀၀ ထုပ်(၁၅၀၀ ကီလိုဂရမ်)၊ ကာလ တန်ဖိုး ၃၇ ဒသမ ၅  ဘီလီယံခန့်နဲ့အတူ  တရားခံ  ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 


ဒီလိုဖမ်းဆီးရမိမှုတွေကို   ကြည့်မယ်ဆိုရင်ပဲ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှု တွေက တိုင်းရင်း သားဒေသတွေကနေ  လာတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ       ကြီးစိုးတဲ့နေရာမှာ ထုတ်လုပ်နေကြတယ်ဆိုတာ     သိရှိနိုင်ပါတယ်။ အမှန်တကယ်တော့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ မြန်မာနိုင်ငံတစ်ခုတည်းနဲ့      သက်ဆိုင်တဲ့ကိစ္စရပ် မဟုတ်ဘဲ  လူသားမျိုးနွယ်တစ်ရပ်လုံးကို  ခြိမ်း ခြောက်နေတဲ့ အန္တရာယ်ဖြစ်တာကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့  တာဝန် သိသိ   သစ္စာရှိရှိ   ရှေ့တန်းကျကျ    ထိုးစစ်ဆင် တိုက်ပွဲဝင်နေခြင်း  ဖြစ်ပါတယ်။


မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် 
ပူးပေါင်းဆောင်ရွက်မှုများ 


မူးယစ်ဆေးဝါးအန္တရာယ်ဟာ  ကမ္ဘာ့လူသား အားလုံးရဲ့  ဘုံရန်သူဖြစ်တဲ့အတွက်  ကမ္ဘာ့နိုင်ငံ အားလုံးက ပူးပေါင်းပြီးတိုက်ဖျက်ဖို့  လိုအပ်တာ ပကတိအမှန်တရား ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေ နဲ့လည်း  မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ     နိုင်ငံတကာနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၇၆ ခုနှစ် ကနေစပြီး  ကုလသမဂ္ဂမူးယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာ ရန်ပုံငွေရုံး( United Nations Fund for Drug Abuse Control- UNFDAC)ကို ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ စီမံကိန်းများ၊  မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ (Central Committee for Drugs Abuse Control-CCDAC)တို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။ UNODC နဲ့လည်း ၁၉၉၄ ခုနှစ်မှစတင်ပြီး “ဝ”ဒေသတွင်း  ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။


CCDAC နဲ့ UNODC တို့ ပူးပေါင်းကာ  ၂၀၀၁ ခုနှစ်ကနေစတင်ပြီး       နှစ်စဉ်ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မူးယစ်ဆေးဝါးသုံးစွဲမှု     စစ်တမ်းကောက်ယူခြင်း ( Drug User Survey) ကို တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း  ရှမ်းပြည်နယ်တောင်ပိုင်းနှင့်  အရှေ့ပိုင်း တို့မှာ လူမှုစီးပွားစစ်တမ်းကောက်ယူခြင်း( Socio- economic Survey) ကို CCDAC နှင့် UNODC တို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ UNODC အနေ ဖြင့် နည်းပညာအပါအဝင် ငွေကြေးအကူအညီတွေ လည်း ပံ့ပိုးပေးခဲ့ပါတယ်။ 


အမေရိကန်၊    ရုရှား၊   ကိုရီးယားနိုင်ငံတို့နဲ့ နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှု ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်တွေ ချုပ်ဆိုထား ပြီးဖြစ်တဲ့အပြင်  ဒေသတွင်း  အာဆီယံနိုင်ငံများနဲ့ လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ 


အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း မူးယစ်ဆေး ဝါးထိန်းချုပ်ရေးနှင့် ပတ်သက်တဲ့ အာဆီယံမူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်း အဝေး၊ အာဆီယံ  မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ  အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံလေကြောင်း   ကြားဖြတ်စစ်ဆေးရေး တပ်ဖွဲ့အစည်းအဝေး၊ အာဆီယံပင်လယ်ဆိပ်ကမ်း တားဆီးနှိမ်နင်းရေးတပ်ဖွဲ့          အစည်းအဝေးနဲ့ အာဆီယံ  မူးယစ်ဆေးဝါးစောင့်ကြည့်စစ်ဆေးရေးကွန်ရက်အစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံ အနေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါတယ်။ အာဆီယံလုပ်ငန်းစီမံချက်( ၂၀၁၆-၂၀၂၅)ကို  အကောင်အထည်ဖော်ရာမှာ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးအခြေအနေတွေက    အရေးကြီးတဲ့ အချက်တစ်ခုဖြစ်လို့ အာဆီယံအဖွဲ့ဝင် မဲခေါင်ဒေသ တွင်း ငါးနိုင်ငံအနေနဲ့ “ ရွှေတြိဂံဒေသ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်     သယ်ဆောင် ရောင်းဝယ်မှု  တိုက်ဖျက်ရေး  အာဆီယံပူးပေါင်းဆောင်ရွက်ရေးစီမံချက်( ၂၀၁၇-၂၀၁၉ )” ကိုလည်း ချမှတ်ဆောင်ရွက်ခဲ့ကြပါတယ်။ 


မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ တွေနှင့် ပူးပေါင်းဆောင်ရွက်မှုတွေ၊ မဲခေါင် MoU လက်မှတ်ရေးထိုးထားတဲ့  နိုင်ငံတွေနဲ့  ပူးပေါင်း ဆောင်ရွက်မှုတွေ၊    အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး သဘောတူစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေ   လက်မှတ်ရေးထိုး ထားပြီး နယ်စပ်ဆက်ဆံရေးရုံးတွေလည်း ဖွင့်လှစ် ကာ      တက်ကြွစွာ    ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။  


မူးယစ်ဆေးဝါးတားဆီး        တိုက်ဖျက်ရေး လုပ်ငန်းတွေကို   မည်သည့်နိုင်ငံရေးအခြေအနေ၊ မည်သို့သောအစိုးရလက်ထက်မှာ ဆောင်ရွက်သည် ဖြစ်စေ  ကမ္ဘာ့နိုင်ငံအသီးသီးနဲ့   နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးပေးသင့်ပါတယ်။ အဲဒီလို ပံ့ပိုးမှုမပြုလုပ်ပေးတဲ့အပြင် နိုင်ငံရေးရည်မှန်းချက်အပေါ်မူတည်ပြီး  မူးယစ်ဆေးဝါး ပြဿနာကို    မဟုတ်မမှန်   ဝါဒဖြန့်ချိတာ၊   လူမှု ကွန်ရက်ကို အသုံးပြုပြီး တည်ငြိမ်မှုပျက်ပြားအောင် စွပ်စွဲလှုံ့ဆော်မှုတွေဟာ မပြုလုပ်သင့်တဲ့ လုပ်ရပ် များသာ ဖြစ်ပါတယ်။  နိုင်ငံကြီးတစ်ခုက  မိမိရဲ့ တရားဝင်သံရုံး Facebook စာမျက်နှာကို အသုံးပြု ပြီး  အခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံရေးအခြေအနေကို ဖိအားပေးဖို့ မူးယစ်ဆေးဝါးပြဿနာကို ဝါဒဖြန့်ချိ ရေးအတွက် အသုံးချနေတာဟာ မသင့်တော်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ 

 


မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေးပြဿနာ ဟာ မြန်မာအစိုးရအဆက်ဆက်အတွက် စိန်ခေါ်မှု ကြီးဖြစ်ပါတယ်။  မူးယစ်ဆေးဝါးတွေ  ထုတ်လုပ် ရောင်းချခြင်းပြုလုပ်နေတယ်ဆိုရင်   မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့    တရားဥပဒေ အရသော်လည်းကောင်း၊   နိုင်ငံတော်ရဲ့သိက္ခာ အရသော်လည်းကောင်း    မည်သည့်နည်းနဲ့မျှ ခွင့်လွှတ်သည်းခံမှာ မဟုတ်ဘဲ ထိရောက် ပြတ်သား စွာ အရေးယူသွားမှာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတဲ့     ကိစ္စရပ်တွေသာမကဘဲ အဆိုပါလုပ်ငန်းတွေကတစ်ဆင့်  ဆက်စပ်ရရှိတဲ့ငွေ တွေကို   ခဝါချတဲ့လုပ်ငန်းတွေကိုလည်း   နိုင်ငံ ဖြတ်ကျော် မှုခင်းတွေအဖြစ်  သတ်မှတ်ပြီး  နိုင်ငံ တကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ ထိထိရောက်ရောက်   တိုက်ဖျက်နှိမ်နင်းလျက်ရှိ ပါတယ်။    ဒီအချက်ဟာ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးနဲ့  ပတ်သက်လာရင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲဆောင်ရွက်နေတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။


ဒါ့ကြောင့်   မြန်မာနိုင်ငံမှာ   မူးယစ်ဆေးဝါး ပြဿနာတွေ ထိရောက်စွာနှိမ်နင်းနိုင်ဖို့ဆိုရင် ကမ္ဘာ့ အင်အားကြီးနိုင်ငံတချို့အနေနဲ့    မူးယစ်ဆေးဝါး ပြဿနာကို   ဝါဒဖြန့်ချိရေးလောက်သာ   အသုံးချ မနေဘဲ မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ လုံခြုံရေးအခြေ အနေတွေကို မှန်ကန်စွာသုံးသပ်ပြီး အပြုသဘော ဆောင်တဲ့  ပူးပေါင်းဆောင်ရွက်မှုတွေ   လိုအပ် ကြောင်း သိစေ၊ ကြားစေချင်လို့ ညွှန်းသက်သေများနဲ့ အတူ တင်ပြလိုက်ရပါတယ်။    ။