သိစေ၊ ကြားစေ ညွှန်းသက်သေ

Type
1

 

အောင်ရှင်း

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ပအထောက်အပံ့နဲ့  ရပ်တည်နေတဲ့ ပြည်တွင်းမီဒီယာတွေ၊ အဆိုးမြင် ပြည်ပမီဒီယာတွေက သတင်းတုသတင်းမှားတွေ ထုတ်ပြန်လျက်ရှိပါတယ်။ သံတမန်ကျင့်ဝတ်နဲ့မညီတဲ့ အချို့အနောက်နိုင်ငံသံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအချို့ကလည်း အဲဒီသတင်းတုသတင်းမှားတွေကို  အခြေခံပြီး တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာကို မြင်တွေ့နေရပါတယ်။

သူတို့ရဲ့ထုတ်ပြန်ချက်အများစုဟာ နိုင်ငံတော် အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို အခြေခံခြင်းမရှိဘဲ မီဒီယာ ကျင့်ဝတ်၊ သံတမန် ကျင့်ဝတ်တွေကိုဖောက်ဖျက်ပြီး နိုင်ငံရေးရည်မှန်းချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေတွေကို ပိုမိုရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကို အထင်အရှား မြင်တွေ့နေရ ပါတယ်။


သတင်းအမှားများနှင့် မူးယစ်ဆေးဝါးပြဿနာ


အထူးသဖြင့် လက်ရှိအချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ နိုင်ငံ့တာဝန်ကို ခေတ္တထိန်းသိမ်းထား ရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို ဘက်ပေါင်းစုံက   နိုင်ငံရေးအရ   ဖိအားပေးဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ မူးယစ်ဆေးဝါးကိစ္စကို လိုရာဆွဲယူပြီး တစ်ဖက်သတ်စွပ်စွဲပြစ်တင် ဝေဖန်မှု ပြုလုပ်ထားတဲ့    ထုတ်ပြန်ချက်တစ်ခုကို   U.S Embassy Rangoon ရဲ့ Facebook Page မှာ ရေးသားဖော်ပြထားတာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ Page က ရေးသားဖော်ပြချက်အရဆိုရင် မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေကြောင့်ပဲ ဒေသတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်မှုပိုမိုဆိုးရွားလာသယောင်    ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime -UNODC)ရဲ့   ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ 


အမှန်တော့ UNODC ရဲ့အစီရင်ခံစာမှာ COVID ဖြစ်ပွားနေပေမယ့်   ဒေသတွင်း  မူးယစ်ဆေးဝါး  ကုန်သွယ်မှုကျဆင်းမသွားကြောင်းနဲ့၊ ရာဇဝတ်ဂိုဏ်း တွေက မူးယစ်ဆေးဝါးကုန်သွယ်မှုကို တိုးချဲ့နေကြ ကြောင်း ရေးသားထားတာဖြစ်ပါတယ်။ UNODC ရဲ့ အစီရင်ခံစာမှာ ၂၀၂၀ ပြည့်နှစ်က အချက်အလက် အများစုပေါ်မှာသာ အခြေခံပြီး သုံးသပ်ရေးသား ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့  ဖော်ပြချက်မျိုး  လုံးဝမပါရှိပါဘူး။ မြန်မာနိုင်ငံအစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ၊ ဖမ်းဆီးရမိမှုတွေကိုလည်း အထောက်အထားတွေနဲ့တကွ ရေးသားဖော်ပြထား တာကို တွေ့ရှိရပါတယ်။ 
ဒါ့အပြင် အမေရိကန်သံရုံးက ဖော်ပြချက်မှာ သုံးစွဲကိုးကားထားတဲ့ ဓာတ်ပုံက UNODC နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့ United Nations Office for the Coordination of Humanitarian Affairs (OCHA)-Myanmar ရဲ့ Twitter မှာ ဖော်ပြထား ချက်တစ်ခုသာ  ဖြစ်ပါတယ်။   ဒီလို မဟုတ်မမှန် ရေးသားထားလို့ အမေရိကန်သံရုံး facebook Post အောက်က comment တွေမှာ မြန်မာပြည်သူတွေက ကန့်ကွက်ရေးသားခဲ့ကြလို့ သုံးစွဲထားတဲ့ဓာတ်ပုံကို ပြန်လည်ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်သံရုံး facebook Post ကနေ ဖော်ပြ ချက်ဟာ အချက်အလက်တွေ တိကျမှန်ကန်မှုမရှိတဲ့ အပြင် လွဲမှားတဲ့အချက်တွေ  ပါဝင်နေပြီး    လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့    မူးယစ် ဆေးဝါးတိုက်ဖျက်ရေး  ဆောင်ရွက်ချက်တွေကို မသိချင်  မမြင်ချင်ယောင်ဆောင်နေခြင်းသာမက မျက်မှန်စိမ်းတပ် နားထဲဂွမ်းဆို့ပြီး လိုရာဆွဲဖော်ပြ ချက်ပဲဖြစ်ပါတယ်။


အလားတူ အချို့နာမည်ကြီး မီဒီယာတွေက လည်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုပြီး     လိုရာ ဆွဲပြီး ပုံကြီးချဲ့ထားတဲ့သတင်းအမှားတွေ ဖော်ပြ နေကြတာကို တွေ့ရှိရပါတယ်။  သူတို့ရဲ့   ဖော်ပြ ချက်အရ အများစုဟာ သတင်းမီဒီယာကျင့်ဝတ် တွေကို ဖောက်ဖျက်ပြီး နိုင်ငံရေးရည်မှန်းချက်နဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကို    ပိုမို ရှုပ်ထွေးအောင်၊ ကမ္ဘာ့အသိုင်းအဝိုင်းက အဆိုးမြင် လာစေအောင်  ရည်ရွယ်ချက်ရှိရှိ  လုပ်ဆောင်နေ တယ်လို့ ယူဆရပါတယ်။ တည့်တည့်ပြောရရင်တော့ မြန်မာ နိုင်ငံကို သတင်းမီဒီယာစစ်ပွဲ(Information and media Warfare)   ဆင်နွှဲနေကြတာပဲဖြစ် ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်   
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး          ဆောင်ရွက်ချက်များ


ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရတွေ အနေနဲ့ နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့် သုံးခဲ့ပေမယ့် မူးယစ်ဆေးဝါးပြဿနာကို ဘုံရန်သူ အဖြစ် သတ်မှတ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် တိုက်ဖျက်ချေမှုန်းခဲ့ကြပါတယ်။ ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး   လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။   ဒီလို   လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ဇွန်လ ၃၀ ရက်နေ့အထိ ဘိန်းဖြူ ၁,၀၄၃ ဒသမ ၀၅၂ ကီလို၊ ဘိန်းစိမ်း ၇၆၅ ဒသမ ၄၁၆ ကီလို၊ ဘိန်းမဲ ၁၀၃ ဒသမ ၂၃ ကီလို၊ ဆေးခြောက် ၂၈ ဒသမ ၇၆၁ ကီလို၊ စိတ်ကြွဆေးပြား ၉၉,၄၇၄,၈၃၀ ၊  အိုက်စ် ၆,၃၉၆ ဒသမ ၃၇၄ ကီလိုနှင့်     အခြားဆက်စပ်ပစ္စည်း ၄၀,၇၂၁ ဒသမ ၅၆၆  ကီလို၊ စုစုပေါင်း  တန်ဖိုး မြန်မာကျပ်ငွေ ၃၁၇ ဒသမ ၀၉   ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၃ ဒသမ ၁ သန်း)ခန့် ဖမ်း ဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရရှိမှု အသေးစိတ်ကိုတော့ အားလုံးသိရှိအောင် ဇယားနဲ့ ဖော်ပြထားပါတယ်။


ဒီလိုဖမ်းဆီးရမိမှုတွေကို ကြည့်မယ်ဆိုရင်ပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံရေး နဲ့နွယ်လို့မရတဲ့   လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ အန္တရာယ်  မူးယစ်ဆေးဝါးကို  အမြစ်ပြတ်အောင် ချေမှုန်းဖို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ဆောင်ရွက်နေတာ ကို  အထင်အရှားမြင်တွေ့နိုင်ပါတယ်။  အနောက် နိုင်ငံကြီးအချို့ကတော့ ပကတိဖြစ်ရပ်မှန်အတိုင်း ရှုမြင်နိုင်ခြင်းမရှိဘဲ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် အချိန်တိုကာလအတွင်းမှာတင် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်ချက်တွေကို မသိကျိုးကျွန် မျက်ကွယ်ပြုပြီး တစ်ဖက်သတ် အပြစ်တင်ဝေဖန်မှုတွေ          ပြုလုပ်လာတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ကြားသိနေရပါတယ်။


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့   ပတ်သက် ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် ပြတ်ပြတ်သားသားဆောင်ရွက်ချက် တစ်ခုကိုလည်း ဇွန်လ ၂၆ ရက်နေ့က  ကမ္ဘာကို ချပြနိုင်ခဲ့ပါတယ်။    အပြည်ပြည်ဆိုင်ရာ   မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အဖြစ် ဖမ်းဆီးရမိတဲ့  မူးယစ် ဆေးဝါးများ၊ ဓာတုပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းတွေကို    ရန်ကုန်၊   မန္တလေး၊ တောင်ကြီး သုံးနေရာမှာ     တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမီးရှို့ဖျက်ဆီးခဲ့တဲ့ ပစ္စည်း တွေအားလုံး စုစုပေါင်းမှာ ဘိန်း ၃၈၇၀ ကီလိုကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ၁၄၀၈၀ ကီလိုကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ကတ်တမင်း ၂၈၉ ကီလိုကျော်၊ ကဖင်း ၁၂ တန်ခွဲ ကျော်   အပါအဝင် မူးယစ်ဆေးဝါးနှင့်  ဓာတုပစ္စည်း ၆၂ မျိုး၊ စုစုပေါင်း တန်ဖိုး   မြန်မာကျပ်ငွေ   ၁၀၆၈    ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်) ဖျက်ဆီး ခဲ့ခြင်း ဖြစ်ပါတယ်။


အဲဒီ  မီးရှို့ဖျက်ဆီးပွဲတွေကို အစိုးရတာဝန်ရှိသူ တွေအပြင်  နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း တက်ရောက်စေပြီး သတင်းအမှန်တွေထုတ်ပြန်ပေး ခဲ့ပါတယ်။   သိစေချင်   ကြားစေချင်လို့  သက်သေ အထောက်အထားတွေနဲ့  သတင်းအမှန်တွေကို  အစဉ်တစိုက် ထုတ်ပြန်ပေးနေပေမယ့်လည်း မြန်မာ နိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆောင်ရွက် ချက်တွေနဲ့ပတ်သက်ပြီး  ယခုလို  အပုပ်ချဝေဖန် တိုက်ခိုက်နေတာ ရိုးသားမှုမရှိဘူးလို့  ယူဆရမှာ ဖြစ်ပါတယ်။


ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် 
မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှု


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေအရ   “ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံက အရေးယူပိတ်ဆို့ဖို့” ဆိုတဲ့ သတင်း တွေအကြောင်းအရာတွေကို ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံ ပေါ်မှာ အသစ်တစ်ဖန်မြင်တွေ့နေရပါတယ်။ သမိုင်း ကြောင်းကိုပြန်ကြည့်ရင် ဒီလိုမျိုးအရေးယူပိတ်ဆို့မှု တွေ ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွား ရေးက တိုးတက်သင့်သလောက်  မတိုးတက်ခဲ့ဘဲ သာမန်ပြည်သူလူထုကြီးသာ   အတိဒုက္ခရောက် ခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်း ကြီးက မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလုပ်မဖြစ်ဘူး ဆိုတာကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး  အပါအဝင်၊ နိုင်ငံအားလုံးက သိရှိပြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ 


ဒီလိုစီးပွားရေးပိတ်ဆို့မှုတွေက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းအများအပြား   တည်ရှိနေတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံနယ်စပ်ဒေသ တွေရဲ့  လူမှုစီးပွားဘဝတွေကို  ကြီးမားစွာရိုက် ခတ်လာခဲ့ပါတော့တယ်။ ဒီအကျိုးသက်ရောက်မှုက မြန်မာနိုင်ငံမှာရှိတဲ့  တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့  စားဝတ်နေရေးနဲ့  လက်နက် တပ်ဆင်နိုင်ရေးအတွက်    အချိန်တိုတိုအတွင်း ငွေများများရနိုင်တဲ့ စီးပွားရေးလုပ်ငန်းက  မူးယစ် ဆေးဝါးထုတ် လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း တွေ ဖြစ်လာပါတော့တယ်။ ဒီလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့    စီးပွားရေးလုပ်ငန်းတွေကြောင့်ပဲ လက်နက်တွေ အလွယ်တကူ မစွန့်လွှတ်နိုင်ရတဲ့ အကြောင်းတစ်ချက် ဖြစ်နေပါတော့တယ်။


ဒါ့ကြောင့်   မြန်မာနိုင်ငံမှာ  ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြဿနာရဲ့ အရင်းခံဇာစ်မြစ်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ ရဲ့ရှင်သန်ရပ်တည်မှုအတွက် အဓိကဝင်ငွေရရှိရေး မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှုတွေမှာ တိုက်ရိုက် ဖြစ်စေ၊     သွယ်ဝိုက်ဖြစ်စေ    ပါဝင်ပတ်သက်နေ ကြခြင်းပဲ ဖြစ်ပါတယ်။


အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး    လုပ်ငန်းတွေကို ဟန်ပြဆောင်ရွက်နေပေမယ့်လည်း နောက်ကွယ်မှာ တော့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုတွေကို အကြီးအကျယ် လုပ်ကိုင်ဆောင်ရွက်နေကြတယ်ဆိုတာကို  ဖမ်းဆီးရမိခဲ့တဲ့  သက်သေအထောက် အထားတွေအရ မြင်တွေ့ကြရမှာဖြစ်ပါတယ်။


တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့တွေဟာ အရင်က ဘိန်းစိုက်ပျိုးခြင်းနဲ့ ဘိန်းဖြူ ချက်လုပ်ခြင်း ကို အဓိကထားပြီး ငွေရှာခဲ့ကြပေမယ့် ဘိန်းကဲ့သို့ အချိန်ကာလစောင့်ဆိုင်းရန် မလိုအပ်ဘဲ     ချက်လုပ် ရန် ပိုမိုလွယ်ကူပြီး အမြတ်ငွေပိုမိုရရှိနိုင်တဲ့ လူလုပ် မူးယစ်ဆေး (Synthetic Drugs)တွေကို ပြောင်းလဲထုတ်လုပ်ရောင်းချနေကြပါတယ်။  အထူးသဖြင့် စိတ်ကြွမူးယစ်ဆေးဝါး   (Amphetamine)      နဲ့ အိုက်စ် (Ice) ကဲ့သို့    လူသိများတဲ့     မီသိုင်းအဖက် တမင်း ပုံဆောင်ခဲ (Crystal Meth)တွေကို အကြီး အကျယ် ချက်လုပ်ရောင်းချလျက်ရှိပါတယ်။


အဲဒီ  မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေကို သာမန်ဒေသခံပြည်သူတွေ ဝင်ရောက်ခွင့်မရှိတဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်နယ်မြေတွေမှာ တည်ဆောက်ထားကြပါတယ်။ တစ်နည်းအားဖြင့်   သူတို့ရဲ့   လွတ်မြောက်နယ် မြေတွေဖြစ်ပြီး  အစိုးရရဲ့အုပ်ချုပ်မှုယန္တရားသက်ရောက်မှုနည်းတဲ့နေရာတွေမှာ လျှို့ဝှက်စွာ လုပ်ကိုင် ဆောင်ရွက်ပြီး လမ်းကြောင်းအမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ မူးယစ်ဆေးဝါးတွေကို  သယ်ဆောင် ရောင်းချနေကြခြင်း ဖြစ်ပါတယ်။


အဲဒီနေရာတွေကို တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သတင်းများ ဖော်ထုတ်ပြီး စစ်ဆင် ရေးအသွင်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးနှိမ်နင်းခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့  မူးယစ်ဆေးဝါးတွေကို သူတို့ရဲ့ နယ်မြေထဲမှာ အဓိကချက်လုပ်ပြီး သယ်ယူပို့ဆောင် ရာမှာတော့ ဒေသခံတိုင်းရင်းသားတွေနဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို အသုံးပြုလေ့ရှိတာကိုလည်း တွေ့ရ ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမူးယစ်ဂိုဏ်းတွေနဲ့ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်လဲလှယ် ခြင်း၊ ငွေကြေးခဝါချခြင်းနဲ့ မူးယစ်ဆေးဝါးမှရရှိတဲ့  ငွေတွေကို    တရားဝင်  စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်            ရင်းနှီးမြှုပ်နှံခြင်းတွေကိုလည်း  လုပ်ဆောင်လျက်ရှိပါတယ်။     ဒါ့ကြောင့်လည်း မူးယစ်ဆေးဝါးကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ သက်ဆိုးရှည်နေသလို ပြည်တွင်း ပဋိပက္ခတွေမချုပ်ငြိမ်းဘဲ      ပြည်တွင်းငြိမ်းချမ်း ရေးအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် မြင်တွေ့ ရမှာဖြစ်ပါတယ်။ 


ဒါ့ကြောင့်     လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့   မူးယစ်ဆေးဝါး   အန္တရာယ်ကို  ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရေးနဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေရေးအတွက်  တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။


                          (ဆက်လက်ဖော်ပြပါမည်)