သွေးတိုးရောဂါနှင့် ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါများကို ဆောလျင်စွာ ရှာဖွေဖော်ထုတ်၍ ထိရောက်သည့် ဆေးကုသမှုရရှိရေး ဆွေးနွေး

 

နေပြည်တော်  ဇူလိုင်   ၁၃


ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏    ဖိတ်ကြားချက်အရ ဒါကာမြို့၌ ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့်   မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဒါကာမြို့ Pan Pacific Hotel ၌ ကျင်းပ သည့်   “ပြည်သူ့ကျန်းမာရေးနှင့်   သံခင်းတမန်ခင်း” နိုင်ငံတကာဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ကြ သည်။ 


ဆွေးနွေးပွဲတွင်    ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှု ပြဿနာကို ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့ အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ Human health ၊ Animal health ၊ Environmental health တို့၏ အပြန်အလှန်ဆက်နွှယ်မှုကို သက်ဆိုင် ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် One Health Approach ဖြင့် ကိုဗစ်-၁၉ ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါများ၊ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှုပြဿနာကို လျှော့ချနိုင် ရေး နည်းလမ်းရှာဖွေဆောင်ရွက်ရန်၊ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါကဲ့သို့   နာတာရှည်ရောဂါများကို ဆောလျင်စွာ ရောဂါရှာဖွေကုသရန်၊ နိုင်ငံအားလုံး၏ သေဆုံးမှုအကြောင်းရင်းများတွင် သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါကြောင့် သေဆုံးမှုများလာမှုများ၊ဒေသ တွင်းနိုင်ငံများ၊  အစိုးရဌာနအချင်းချင်း၊  မိတ်ဖက် အဖွဲ့အစည်းများနှင့်   အားလုံးအတူတကွ   ပူးပေါင်း ဆောင်ရွက်ရန်၊     ပဏာမ  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်  သွေးတိုးရောဂါနှင့်  ဆီးချိုရောဂါ ကဲ့သို့ နာတာရှည်ရောဂါများကို ဆောလျင်စွာ ရှာဖွေ ဖော်ထုတ်၍ ထိရောက်သည့် ဆေးကုသမှုရရှိရေးနှင့် လူနာများလွှဲပြောင်းပေးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


ထို့နောက်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ   နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်၍ သံတမန်များ၊ ပညာရှင် များက   ပြည်သူ့ကျန်းမာရေးဆိုင်ရာပြဿနာများ၊ စိန်ခေါ်မှုများနှင့်   Diplomacy  တို့   အပြန်အလှန် ဆက်နွှယ်နေသည့်ကိစ္စများ၊ Health Diplomacy ကို အသုံးပြု၍ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံ များ၏   သံတမန်ဆက်ဆံရေး၊  ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်သည့်     ကိစ္စရပ်များကို ဆွေးနွေးကြသည်။


 မွန်းလွဲပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ    ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့် ကျေးလက်နေပြည်သူများအတွက် အခမဲ့ဆေးကုသ မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် Zinda ပြည်သူ လူထုအခြေပြု ကျန်းမာရေးဆေးပေးခန်း  ဆွေးနွေးပွဲ သို့ တက်ရောက်၍ သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ လေ့လာကြည့်ရှု ပြီး  ဆေးခန်းပရဝဏ်အတွင်း   စုပေါင်းအမှတ်တရ သစ်ပင်စိုက်ပျိုးပေးသည်။
ယင်းဆေးခန်းတွင်      အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ရွာနှင့် ပူးပေါင်း၍ ပြည်သူလူထုအခြေပြု ဆောင်ရွက်နေသည့်လုပ်ငန်း များအကြောင်း   တာဝန်ရှိသူများက    ရှင်းလင်း ပြောကြားရာ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စား လှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး သည်။


ပြည်ထောင်စုဝန်ကြီး  ဦးဆောင်သည့်  မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်