SEANF ၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁


အရှေ့တောင်အာရှ      အမျိုးသား လူ့အခွင့်အရေး     အဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human    Rights   Institutions Forum) ၏   (၁၉) ကြိမ်မြောက် နှစ်ပတ်လည်     အစည်းအဝေးကို  SEANF     ၏    အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး        ကော်မရှင်က နိုဝင်ဘာ  ၂၈ ရက်နှင့်  ၂၉ ရက်က ဖိလစ်ပိုင်နိုင်ငံ   ဇမ်ဘိုအမ်ဂါမြို့၌ hybrid format  ဖြင့်  ကျင်းပခဲ့ရာ ဖိုရမ်အဖွဲ့ဝင်     နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊   မလေးရှား၊     ထိုင်း၊ တီမောလက်စ်တေနိုင်ငံ   လူ့အခွင့် အရေးကော်မရှင်မှ  ကိုယ်စားလှယ် များက   In-person    အနေဖြင့် တက်ရောက်ကြပြီး     မြန်မာနိုင်ငံ အမျိုးသား        လူ့အခွင့်အရေး ကော်မရှင်မှ         ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊      အဖွဲ့ဝင်များဖြစ်သည့် ဦးပေါ်လွင်စိန်၊              ဒေါက်တာ သန်းမြင့်၊    ဒေါက်တာ   တင်မောင် မောင်သန်း၊  ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ ခိုင်ခိုင်ဝင်း၊        ညွှန်ကြားရေးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်းသုံးဦး တို့က        online   platform အသုံးပြု၍            တက်ရောက်ခဲ့ကြ သည်။

 


အစည်းအဝေးတွင်     အင်ဒို နီးရှား၊   မလေးရှားနှင့်    ဖိလစ်ပိုင် နိုင်ငံ   လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များက    နိုင်ငံမဲ့ ဖြစ်မှုကို   တားဆီးကာကွယ်ရေးနှင့် နိုင်ငံမဲ့ဖြစ်နေသူများ၏   လူ့အခွင့် အရေးများကို         ကာကွယ် စောင့်ရှောက်ရာတွင်   အမျိုးသား လူ့အခွင့်အရေး      အဖွဲ့အစည်းများ ၏          အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခြင်း၊          ဖိုရမ်၏ ပထမအကြိမ်         လုပ်ငန်းအဖွဲ့ အစည်းအဝေးကာလ  နောက်ပိုင်း ဖိုရမ်အဖွဲ့ဝင်    အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်း   တစ်ရပ်ချင်း အလိုက်၏    ဆောင်ရွက်ချက်များ နှင့်      အဓိကဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ်များ   တင်ပြဆွေးနွေးခြင်း၊ ဖိုရမ်၏  မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆)  အကောင်အထည် ဖော်နိုင်ရေးနှင့်           စပ်လျဉ်း၍  ဦးစားပေး အကြောင်းအရာ (၅) ရပ် အလိုက်         တာဝန်ယူထားသည့် ဖိုရမ်အဖွဲ့ဝင်     ကော်မရှင်များက ဆောင်ရွက်ထားရှိမှုကို ဆွေးနွေး တင်ပြခြင်း၊   SEANF နှင့်   AICHR ပူးပေါင်းဆောင်ရွက်ရေး   ကိစ္စရပ် များ  ဆွေးနွေးခြင်း၊   SEANF နှင့် Plan International ၊  ANNI    တို့ နှင့်             ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခြင်း စသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော ကိစ္စရပ်များကို ဆွေးနွေးသည်။ 

 


အစည်းအဝေး၌   မြန်မာနိုင်ငံ အမျိုးသား            လူ့အခွင့်အရေး ကော်မရှင်မှ       ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က   ဖိုရမ်၏  ပထမ အကြိမ်  လုပ်ငန်းအဖွဲ့အစည်းအဝေး ကာလနောက်ပိုင်း     မြန်မာနိုင်ငံ အမျိုးသား          လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ နှင့်  အဓိကဖြစ်ပေါ်တိုးတက်မှုများ ခေါင်းစဉ်ဖြင့်         လည်းကောင်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေး မှူးချုပ်     ဒေါက်တာခိုင်ခိုင်ဝင်းက ကော်မရှင်က ဦးဆောင်အဖွဲ့အစည်း အဖြစ်        တာဝန်ယူထားသည့် ဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆)၏    ဦးစားပေး အကြောင်းအရာ    (၂)    ဖြစ်သော   “စီးပွားရေးလုပ်ငန်းများ    ဆောင် ရွက်ရာ၌        လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရေး”            နှင့် စပ်လျဉ်း၍           ကော်မရှင်၏ အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း ဆွေးနွေး တင်ပြခဲ့ကြသည်။       ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က  ဖိုရမ်၏  မဟာ ဗျူဟာစီမံကိန်း    (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်မှု     ဆိုင်ရာ ကိစ္စများနှင့်   အထွေထွေဆွေးနွေး မှုများတွင် သုံးသပ်အကြံပြုဆွေးနွေး ခဲ့သည်။ 

 


နှစ်ပတ်လည်   အစည်းအဝေး အပြီးတွင်   ဖိလစ်ပိုင်နိုင်ငံလူ့အခွင့် အရေးကော်မရှင်က   ၂၀၂၃   ခုနှစ် တွင်   ဖိုရမ်၏   အလှည့်ကျဥက္ကဋ္ဌ အဖြစ်   တာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့     ဖိုရမ်ဥက္ကဋ္ဌတာဝန် ကို  လွှဲပြောင်းပေးအပ်ခဲ့သည်။  


သတင်းစဉ်