
နေပြည်တော် ဩဂုတ် ၁၉
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre) က ကြီးမှူးကျင်းပသည့် SEACEN Virtual High-Level Seminar and Meeting of Deputy Governors of Financial Stability and Supervision ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ယမန်နေ့ နံနက် ၇ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
တက်ရောက်
အစည်းအဝေးတွင် ဘဏ္ဍာရေးတည်ငြိမ်ရေးနှင့် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်း၊ ဆုံးရှုံးနိုင်ခြေ များ၊ တီထွင်ဆန်းသစ်မှုများ၊ Climate Risk တို့နှင့် ပတ်သက်၍ SEACEN အဖွဲ့ဝင် ဗဟိုဘဏ်များ/ ငွေကြေးအာဏာပိုင်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးသူများ၊ SEACEN Centre အမှုဆောင်ဒါရိုက်တာနှင့် ဒါရိုက်တာများ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။
တင်ပြဆွေးနွေး
အစည်းအဝေး၌ ၂၀၂၁ ခုနှစ်အတွက် SEACEN Virtual High-Level Seminar တွင် FinTechs and Big Techs တို့နှင့်ပတ်သက်၍ United States Department of the Treasury မှ ဒါရိုက်တာ Mr. James Freis က လည်းကောင်း၊ Data များ စီမံ ခန့်ခွဲမှု၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဘဏ်လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေ များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် ဆုံးရှုံးနိုင်ခြေများ၊ ဗဟိုဘဏ်များ၏ ဒစ်ဂျစ်တယ် ငွေကြေးဆောင်ရွက်မှုများ၊ Recent Cyber Attacks ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ပညာရှင်များကလည်းကောင်း တင်ပြဆွေးနွေးရာ တက်ရောက်လာကြသည့် ဗဟိုဘဏ်အသီးသီးမှ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ က အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပ ခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်း SEACEN က ကြီးမှူးကျင်းပ သည့် Financial Stability and Supervision နှင့် ပတ်သက်သည့် သင်တန်းများ၊ သုတေသနစီမံကိန်း များ၊ လတ်တလော ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ၊ လာမည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် Financial Stability and Supervision နှင့်ပတ်သက်သည့် သင်တန်းများ၊ သုတေသနစီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြကြောင်း သိရသည်။
သတင်းစဉ်