သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ဆင်အုံကန်ပြန်လည်ပြုပြင် ရေကူရေတင် ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေပေးဝေရေးစက်ရုံများသို့ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၁၆


နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌ မြို့တော်ဝန်   ဒေါက်တာမောင် မောင်နိုင်သည် ဒုတိယမြို့တော်ဝန်  ဦးမောင်မောင်နှင့်     တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(ရေ နှင့် သန့်ရှင်းမှု)မှ အကောင်အထည် ဖော် ဆောင်ရွက်နေသော ဒက္ခိဏ သီရိမြို့နယ်ရှိ          ဆင်အုံကန်မှ ရန်အောင်မြင်    သဲရေစစ်ကန်သို့  ရေကူရေတင် ၁၂ လက်မ HDPE (OD 355mm)  အရှည် ပေ ၂၉၀၀၀ ရှိ ပိုက်လိုင်းနှစ်လိုင်း သွယ်တန်း ခြင်းလုပ်ငန်း   ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊  သောက်သုံးရေနှင့်   စိုက်ပျိုးရေ  ပြတ်လပ်မှု     မရှိစေရေးအတွက်  ဆင်အုံကန်       ပြန်လည်ပြုပြင် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှု၊   ဆည်အတွင်း   ရေဝင် ရောက်မှုနှင့် ရေပေးဝေနိုင်မည့်  အခြေအနေ များကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အတွင်း ရေပေးဝေဖြန့်ဖြူးလျက် ရှိသည့် နန်းဦးရေပေးဝေရေးစက်ရုံ သို့ သွားရောက်ကာ သောက်သုံး ရေ  ပေးဝေရာတွင်   ပိုးမွှားများ ပေါက်ပွားမှုမရှိစေရေး သတ်မှတ် စံနှုန်းများအတိုင်း  CHLORINE DOSING PUMP ဖြင့် ကလိုရင်း ဆေးခတ်   ဆောင်ရွက်နေမှုနှင့် ရေပေးဝေမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။


သတင်းစဉ်