သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၄၈) အဖြစ် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနိုင်ငံများအတွက် တောင်သူပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အသိပညာမျှဝေ ဆွေးနွေး

 

နေပြည်တော်   မတ်   ၁  


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေး       ဝန်ကြီးဌာန ဝန်ထမ်းများ၏      လူ့စွမ်းအား အရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့်   ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်           ရည်ရွယ်သည့် Knowledge       Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း  (Friday Talk)  ၏ အမှတ်စဉ်  (၄၈)  ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင်   အဆိုပါ ဝန်ကြီးဌာန၌   ကျင်းပပြုလုပ် သည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး   ချုပ်များနှင့် အရာထမ်း၊     အမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံ မှုနှင့်   ကုမ္ပဏီများ    ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက  Online  ဖြင့် တက်ရောက်ကြသည်။
လူမှုစီးပွားတိုးတက်ရေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့     တင်ပြဆွေးနွေးမည့် ခေါင်းစဉ်တွင်ပါဝင်သော ရပ်ဝန်း နှင့်   ပိုးလမ်းမစီမံကိန်းနိုင်ငံများ အတွက်     တောင်သူပညာပေး ဆိုင်ရာ   အကြောင်းအရာသည် တရုတ်ပြည်သူ့   သမ္မတနိုင်ငံ၏ လယ်ယာထွက်ကုန်တိုးတက်ရေး အတွက်  ဆောင်ရွက်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်     ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာလုပ်ငန်းစဉ်များ ဖြစ်သဖြင့်  မိမိတို့အနေဖြင့်  သိသင့်သိထိုက် သော   အကြောင်းအရာများဖြစ် ကြောင်း၊   ၁၉၈၀   ပြည့်နှစ် နောက်ပိုင်းတွင်   လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး           ပြုပြင် ပြောင်းလဲမှုသည်  ကျေးလက်နေ တောင်သူများ၏  လူမှုစီးပွားဘဝ ဖွံ့ဖြိုး    တိုးတက်ရေးအတွက် အဓိကဖြစ်လာကြောင်း၊   မိမိတို့ နိုင်ငံတွင်လည်း     တောင်သူ လယ်သမားများနှင့်စပ်လျဉ်းသော ပြုပြင်         ပြောင်းလဲမှုဆိုင်ရာ     အစီအစဉ်များကို   ပြုလုပ်နေသဖြင့် ယခု      ဆွေးနွေးမျှဝေသည့် အကြောင်းအရာများကို   ဝန်ထမ်း များ  သိရှိရန်လိုအပ်ကြောင်းနှင့် တက်ရောက်လာကြသူများ အနေ ဖြင့်     စိတ်ပါဝင်စားစွာ   ပါဝင် ဆွေးနွေးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆွေးနွေးပြောကြား 
ဆက်လက်၍  ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးရုံး   ပြည်တွင်း၊   ပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ           လက်ထောက် ညွှန်ကြားရေးမှူး    ဒေါက်တာ အိအိဌေးက “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း       နိုင်ငံများအတွက် တောင်သူပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်  စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးခြင်း” အကြောင်းအရာနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့်  ဒုတိယဝန်ကြီးတို့က လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်    စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ဖြည့်စွက်ဆွေးနွေး ကြပြီး တက်ရောက်လာကြသူများ က   သိရှိလိုသည်များကို  မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။                      

သတင်းစဉ်