
နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ နှင့်အတူ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရှိ ဆင်လမ်းရေလှောင်တမံနှင့် အမျိုးသား ကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦး လွင်ခရိုင် ဆင်လမ်းရွာ၏ မြောက်ဘက် (၂ ဒသမ ၅) မိုင်ခန့်အကွာရှိ ဆင်လမ်းရေလှောင်တမံသို့ ရောက် ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် ရှင်းလင်းဆောင်တွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်း ဒေသကြီး ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရေကြီးမှု ဘေးအန္တရာယ် မှ ကာကွယ်နိုင်ရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို ရှေးရှု၍ ရေလှောင်တမံစီမံကိန်းဆောင်ရွက်ခဲ့ မှု၊ ရေလှောင်တမံကြံ့ခိုင်မှုရှိစေရေး စစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နေ့စဉ် သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည့် အခြေအနေ နှင့် မိုးရွာသွန်းမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထိရောက်စွာ ကြပ်မတ်တားမြစ်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဆင်လမ်းရေလှောင်တမံသည် ပြင်ဦးလွင်မြို့အနီး ဝန်းကျင်၌ လိုအပ်သည့် သောက်သုံးရေများဖြန့်ဝေပေးနိုင်ရေး လုပ်ဆောင်ထားခြင်းဖြစ်သဖြင့် ရေလှောင်တမံရေရှည်တည်တံ့ရေးအတွက် လိုအပ် သည့် ကြံ့ခိုင်မှု စစ်ဆေးခြင်းများကို အမြဲမပြတ် ကြည့်ရှုစစ်ဆေးနေရမည်ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးလာခြင်းသည် ရေအရင်းအမြစ် ရရှိခြင်းကို ထိခိုက်စေနိုင်သည်ဖြစ်သဖြင့် ရေလှောင်တမံဧရိယာ အတွင်း စိုက်ခင်းများပြုလုပ်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးထုတ်လုပ်ခြင်းများ လုပ်ကိုင်မှုမရှိစေရန် အသိ ပညာပေးခြင်းများ လုပ်ဆောင်၍ ထိရောက်စွာ ကြပ်မတ်တားမြစ်ရမည်ဖြစ်ကြောင်း၊ ရာသီသီးနှံ စိုက်ခင်းများသည်လည်း ရေဝေ၊ ရေလဲ ဧရိယာရှိ မြေဆီလွှာကို ပျက်စီးစေနိုင်သောကြောင့် ရေလှောင် တမံ ဧရိယာအတွင်းရှိ သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်းလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရေလှောင်တမံကြံ့ခိုင် မှုကို စစ်ဆေးခြင်းများအပြင် ဒေသခံများ၏ ရေ လိုအပ်ချက် ပမာဏမြင့်မားလာပါက ရေလှောင်တမံ အား ထပ်မံအဆင့်မြှင့်တင် သိုလှောင်နိုင်ရေးနှင့် စနစ်ကျနစွာ ရေပေးဝေနိုင်ရေးအတွက် နည်းပညာ ရပ်ပိုင်းဆိုင်ရာ ကြိုတင်မျှော်မှန်း တွက်ချက်ခြင်း များကို ဆောင်ရွက်ထားရှိရန်လိုကြောင်း မှာကြား သည်။
တာဝန်ရှိသူများအား မှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ရေလှောင်တမံအတွင်း ရေသိုလှောင်ထား ရှိမှုနှင့် ရေပေးဝေရေး ပိုက်လိုင်းလမ်းကြောင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား ဆွေးနွေးဆောင်ရွက်သည်။
မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု
ထို့နောက် ဆင်လမ်းရေလှောင်တမံနှင့် ပြင်ဦး လွင်မြို့ ဆက်သွယ်ထားသည့် လမ်းကြောင်း တစ်လျှောက်အား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည့်အခြေအနေနှင့် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဥယျာဉ် ရှင်းလင်းဆောင်ခန်းမ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးနှင့် တာဝန်ရှိသူများက အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက် အလက်များ၊ သစ်ပင်သစ်တောများ ပြုန်းတီးခြင်း ကြောင့် ရေအရင်းအမြစ်များ အားနည်းလာခြင်း၊ သဘာဝ ရေထွက်များမှ ရေထွက်ရှိမှု မရှိခြင်း၊ ရေဝင် ပေါက်များမှ ရေဝင်ရောက်မှုအားနည်းခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခန်းခြောက်မှုများ ကြုံတွေ့ခဲ့ရ သည့် အခြေအနေများ၊ ထိုသို့ကြုံတွေ့ခဲ့ရမှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် နှင့်အညီ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန် များသို့ ရေဝင်ရောက်သည့် ရေဝင်ပေါက်များ၊ မြေအောက်ရေနုတ်မြောင်းများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများနှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင် ပေါက်များမှ ရေများပြန်လည်စီးဝင်လျက်ရှိသည့် အခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ် ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
အလေးထားဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပြင်ဦးလွင် သည် ခွဲခြား၍ရနိုင်မည်မဟုတ်ဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာ အထောက်အကူပြုနေသည့် ဥယျာဉ်ကြီးဖြစ်သည့်အတွက် ဥယျာဉ်သာယာ လှပ ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများကို အထူး အလေးထားဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ ကန်များရေခန်းခြောက်မှုများကို ကာကွယ်နိုင်ရေး အတွက် ရေရရှိနိုင်မည့် ရေဝင်လမ်းကြောင်းများကို အမြဲမပြတ်စစ်ဆေး ထိန်းသိမ်းနေမှသာလျှင် ရေစီးဆင်းမှုကောင်းမွန်မည်ဖြစ်ကြောင်း၊ သစ်တော ဦးစီးဌာနကလည်း ပြုန်းတီးသစ်ပင်များနေရာတွင် အစားထိုး ပြန်လည်စိုက်ပျိုး လုပ်ဆောင်သွားရန်လို ကြောင်း၊ ပြင်ဦးလွင်မြို့၌ ယခင်က အရိပ်မဲ့ကော်ဖီ စိုက်ပျိုးခြင်းများ လုပ်ဆောင်ခဲ့ရာမှ သစ်ပင်သစ်တော များ ပြုန်းတီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ပြု ပေးထားသည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေး လုပ်ဆောင်ခြင်းမရှိဘဲ လူနေထိုင်ခြင်း၊ ကွန်ကရစ် လမ်းများခင်းခြင်း၊ ရေထွက်ပေါက်များမထားရှိဘဲ အပိတ်ပုံစံဖြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း များကြောင့်လည်း ရေအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် သတ်မှတ် စည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရေး စနစ်တကျ ကြပ်မတ် ထိန်းသိမ်း လုပ်ဆောင်ကြရန်လိုကြောင်း၊ ဥယျာဉ်အတွင်းရှိ ကန်များမှ ရေစိမ့်ထွက်မှုမရှိစေ ရေးနှင့် ပြုန်းတီးမှုမဖြစ်ပေါ်စေရေးအတွက်လည်း နည်းပညာပိုင်းဆိုင်ရာများအရ တွက်ချက်၍ လိုအပ် သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
လိုက်လံကြည့်ရှုစစ်ဆေး
ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကန်တော်ကြီးဥယျာဉ်သို့ ရေဝင် လမ်းကြောင်းတစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာရှိ သဘာဝစိမ့်စမ်းရေထွက်ပေါက် နေရာနှင့် ကန်တော်ကြီးပတ်လမ်းရှိ ရေဝင်ရောက်ရာ လမ်းကြောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေလမ်းကြောင်း ထိခိုက်မှုမရှိစေရန် ကာကွယ် ထိန်းသိမ်းရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်