
နေပြည်တော် ဖေဖော်ဝါရီ ၁၄
မဲခေါင်ဒေသ မြန်မာနိုင်ငံ၏ သစ်တော ဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်း သရုပ်ပြ စီမံကိန်း၏ ရန်ပုံငွေအထောက် အပံ့ဖြင့် ဆောင်ရွက်သည့် သစ်မျိုးစုံဥယျာဉ် အဝင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သစ်တော သုတေသနဌာန သစ်မျိုးစုံဥယျာဉ် ရေဆင်း၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများက သစ်မျိုး စုံဥယျာဉ် အဝင်မုခ်ဦးအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။ (ယာပုံ)
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြား ရာတွင် ယခုသစ်မျိုးစုံဥယျာဉ် သည် သစ်တောသစ်ပင်ဂေဟစနစ် နှင့် မျိုးရိုးဗီဇထိန်းသိမ်းရန်၊ သုတေသန စမ်းသပ်ခြင်းများ ပြုလုပ်ရန်၊ ပြည်သူလူထု အပန်းဖြေအနားယူရန်နှင့် ပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း။
ယနေ့ခေတ် နိုင်ငံတကာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင် ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများ မြှင့်တင်ရန်အတွက် ပြည်သူလူထု အသိပညာပေးခြင်း လုပ်ငန်းများ ကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လာကြကြောင်း၊ ရုက္ခ ဗေဒဥယျာဉ်များ တည်ထောင် ခြင်း၊ သစ်တောကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ သစ်ပင်စိုက်ပွဲတော်များ ကျင်းပခြင်းနှင့် သစ်မျိုးစုံဥယျာဉ် တည်ထောင်ခြင်း လုပ်ငန်းများ သည် ပြည်သူတို့ကို သဘာဝနှင့် နီးစပ်စေပြီး သစ်တောသစ်ပင်ကို ချစ်မြတ်နိုးစိတ်၊ ဂရုစိုက်လိုစိတ် များကို ဖြစ်ပေါ်စေကြောင်း၊ မိမိတို့ အနေဖြင့် နောင်အနာဂတ်မျိုး ဆက်သစ်များအတွက် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်၍ သန့်ရှင်း ကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်း အမွေကောင်း ပေးနိုင်အောင် ကြိုးစား ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် သစ်မျိုးစုံဥယျာဉ် အတွင်း အအေးပိုင်းဒေသ သစ်တောသစ်ပင်၊ အလှပင်နှင့် ပင်ပျော့ပင် ၇၂ မျိုးအား ရေငွေ့ ထိန်းခန်းတွင်ထားရှိမှု အခြေအနေ နှင့် ပညာပေးပြခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပညာပေး ပြခန်းအတွင်းပိုင်း ပြင်ဆင်ခြင်းနှင့် ဇုန်အလိုက်မြေယာ ရှုခင်းအလှ များ မွမ်းမံခြင်းတို့နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီ အမံများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ သစ်မျိုးစုံဥယျာဉ် သည် ၆၄ ဧက ကျယ်ဝန်းသည့် အင်တိုင်းတော အမျိုးအစားကို အခြေခံ ထိန်းသိမ်းထားသည့် ဥယျာဉ် တစ်ခုဖြစ်ပြီး အပင်မျိုး ရင်း ၄၀၊ မျိုးစိတ် ၁၃၁ မျိုး ပေါက် ရောက်နေပြီး ဇုန် ရှစ်ဇုန်ဖြင့် ဇုန် အလိုက် မျိုးဆက်ပင်များပြုစုခြင်း၊ ဝါးပင်၊ သစ်တောသစ်ပင်၊ အလှပင် နှင့် အသီးပင်များ စိုက်ပျိုးခြင်းတို့ အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်