သစ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မန်ဂျန်ရှားကို စိုက်ကြစို့

Type
1

 

ဟိန်းဇော်လင်း

 

ယနေ့ကမ္ဘာကြီးသည် သဘာဝပတ်ဝန်း ကျင် ပျက်စီးမှုများနှင့် အကြီးအကျယ် ရင်ဆိုင်နေကြရသည်။  သဘာဝပတ်ဝန်း ကျင်ကို ကာကွယ်သည့်အနေဖြင့် လည်း ကောင်း၊   မိမိခြံအတွင်း    အရိပ်ရစေ လို၍လည်းကောင်း၊  စီးပွားဖြစ်   ရင်းနှီး မြှုပ်နှံလို၍ လည်းကောင်း၊     သစ်တော စိုက်ခင်းတည်ထောင်လိုပြီး သစ်အစား ထိုးစိုက်ပျိုးကာ       အချိန်တိုအတွင်း အကျိုးအမြတ်ဖြစ်ထွန်းလိုလျှင်   လည်း ကောင်း စိုက်ပျိုးသင့်သည့်  သစ်အမျိုး အစားမှာ   ဒေသအခေါ်      မန်ဂျန်ရှား (Acacia mangium)  ဖြစ်ပါသည်။

 


မန်ဂျန်ရှားသစ်


ကြီးထွားနှုန်း အလွန်လျင်မြန်သည့် ဒေသအခေါ် မန်ဂျန်ရှားသစ်အမျိုးအစား သည် မူလနာမည် အော်ကေးရှားမန်ဂျန် (Acacia mangium)ဖြစ်သည်။ ယင်း အပင်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်  ပေါက်ရောက်လေ့ရှိသော    ထနောင်း နွယ်ဝင်အပင်မျိုးဖြစ်ပြီး သစ်မာ (Hard Wood) အမျိုးအစားဖြစ်ကာ  မျိုးစိတ် ခွဲပေါင်း ၄၆ မျိုးရှိကြောင်း သိရသည်။

 


မန်ဂျန်ရှားသစ်သည်   ပူအိုက်စွတ်စို သည့် ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန်အနည်းဆုံး   ၁၆   ဒီဂရီစင်တီ ဂရိတ်မှ ၄၃ ဒီဂရီစင်တီဂရိတ်အကြား တွင် ရှင်သန်ဖြစ်ထွန်းသည့်   သစ်အမျိုး အစားဖြစ်သည်။   အာရှ-ပစိဖိတ်ဒေသ များတွင်   စိုက်ပျိုးဖြစ်ထွန်းပြီး   အအေး လွန်ကဲသည့်   ဥရောပဒေသများတွင် အပင်ပေါက်ရောက်နိုင်ခြင်းမရှိပေ။

 


စီးပွားဖြစ်စိုက်ပျိုးနေ


ထိုအပင်၏ ဇာတိမြေသည် နယူးဂီနီ နိုင်ငံဖြစ်ပြီး  သြစတြေးလျနိုင်ငံ၊  မလေး ရှားနိုင်ငံနှင့်  အင်ဒိုနီးရှားနိုင်ငံများတွင် လက်ရှိအချိန်အထိ အကြီးအကျယ် စီးပွား ဖြစ် စိုက်ပျိုးနေကြသည်။ ယင်းနိုင်ငံများ ကဲ့သို့ မြန်မာနိုင်ငံ၏ ရာသီဥတုအနေဖြင့်  စီးပွားဖြစ်စိုက်ပျိုး၍လည်း    ရနိုင်ပြီး လက်ရှိစိုက်ပျိုးနေကြသည့် မန်ဂျန်ရှား စိုက်ပျိုးရေး    ချစ်မြတ်နိုးသူများလည်း ရှိကြသည်။

 


မန်ဂျန်ရှားသစ်ကို စိုက်ပျိုးရာတွင် မျိုးရွေးမှန်ရန် အလွန်အရေးကြီးသည်။  မန်ဂျန်ရှားပင်သည် အပင်မျိုးကို ခွဲသည့် အခါ အပွင့်၊ ပင်စည်စသည့်အချက်များ ဖြင့် ခွဲခြားလျှင်     လွယ်ကူသော်လည်း မျိုးစေ့ကို ခွဲခြားသည့်အခါ အလွန်ခဲယဉ်း ပေသည်။   မန်ဂျန်ရှားမျိုးစိတ်ခွဲပေါင်း ၄၆ မျိုး  ရှိသည့်အတွက်     မျိုးစေ့ကို ကြည့်ပြီးခွဲလျှင် ဆင်တူ၍ မှားနိုင်သည်။ 

 


မျိုးစေ့စတင်ပျိုးထောင်ခြင်း


မန်ဂျန်ရှားမျိုးစေ့ကို စတင်ပျိုးထောင် မည်ဆိုလျှင်  မျိုးစေ့ကို    ခုနစ်ရက်ခန့် နေလှန်းပါ။  ခုနစ်ရက်ခန့်   နေလှန်းပြီး သည့်အခါ မျိုးစေ့အရင့်များသည် ဖောင်းတင်းနေပြီး    နုသည့်မျိုးစေ့များ သည် ပိန်လှီသွားသည်။ ထိုအခါ အစေ့ ထိပ်တွင်ရှိသည့် အဝါရောင်ဝတ်ဆံဖတ် များကုန်စင်သွားအောင်     ပြုလုပ်ပေးရန် လိုအပ်သည်။ ထို့နောက်   မျိုးစေ့အရင့် အနု ထပ်မံခွဲခြားရန်      မျိုးစေ့များကို ရေဖြင့်စိမ်သည့်အခါ    ရင့်သည့်မျိုးစေ့ များသည် ရေအောက်တွင် ရောက်ရှိသွား ပြီး နုသည့် မျိုးစေ့များသည် ရေပေါ်တွင် ပေါလောပေါ်လာသည်။ ထိုအခါ ရင့်သည့် မျိုးစေ့များကို     ရရှိလာပေလိမ့်မည်။ နောက်ထပ်နည်းလမ်းများ  အနေဖြင့် မျိုးစေ့များကို သဲဖြင့် အပူပေးပြီးလှော် ခြင်း၊ ရေနွေးပွက်ပွက်ဆူသည့်အထဲတွင် နှစ်မိနစ်မှ ငါးမိနစ်ခန့်အထိ စိမ်ထားခြင်း များ ပြုလုပ်ကြသည်။

 


မန်ဂျန်ရှားပင်များကို  ပျိုးထောင် သည့်အခါ သဲဆန်သည့်မြေမှလွဲပြီး ရိုးရိုး မြေကို နွားချေးဖြင့်ဆတူရော၍ ပျိုးအိတ် အတွင်းထည့်ကာ     ရေစိမ့်ဝင်အောင် လောင်းထားပြီး မျိုးစေ့များကို   စတင် စိုက်ပျိုးနိုင်ပါသည်။    ရင့်သည့်မျိုးစေ့ များသည်  သုံးရက်မှ  တစ်ပတ်အတွင်း ပေါက်လာနိုင်သည်။    ပျိုးပင်များကို နေရောင်တိုက်ရိုက်မကျစေရန်  ပျိုးစင် ဆောက်ပြီး  ပျိုးရန်လိုအပ်သည်။ ပျိုးပင် များကို      တစ်နေ့နှစ်ကြိမ် ရေလောင်း ပေးပြီး လေးလခန့်သက်တမ်းရှိသည့်ခါ  ပျိုးပင်များကို    ရွှေ့ပြောင်းစိုက်နိုင်သည့် အနေအထားသို့ရောက်ရှိသည်။ 

 


ရွှေ့ပြောင်းစိုက်ပျိုးခြင်း


ရွှေ့ပြောင်းမစိုက်မီ   စိုက်ပျိုးမည့် မြေနေရာကို  pH   Level  တိုင်းတာရန် လိုသည်။   pH  Level   ဆိုသည်မှာ စိုက်ပျိုးမည့်မြေကြီး၏ မြေချဉ်ကိန်းကို တိုင်းတာခြင်း ဖြစ်သည်။ ပုံမှန်အနေဖြင့် pH level 7 ရှိရမည်ဖြစ်သည်။  pH Level 7 အောက်ရှိသည့် မြေကြီးသည် မြေချဉ် ဖြစ်ပြီး   pH Level 7 အထက်ရှိသည့် မြေကြီးသည်  မြေငန်ဟူ၍ စိုက်ပျိုးရေး ပညာရှင်များက   သတ်မှတ်ကြသည်။ ထို့ကြောင့် စိုက်ပျိုးမည့်မြေကို pH test ပြုလုပ်ပြီး စိုက်ပျိုးသည့်အခါ အပင်ကို ကျွေးမည့် မြေသြဇာကို   သိရှိနိုင်ကာ ထိရောက်သည့် ပြုစုပျိုးထောင်ပေးမှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။  pH level ကို မသိရှိဘဲ   စိုက်ပျိုးသည့်အခါ     အပင် ကြီးထွားရန် အဓိကထား စိုက်ပျိုးသည့် အတွက်     နိုက်ထရိုဂျင်ဓာတ်ပါသည့် မြေသြဇာကိုကျွေးနိုင်ကြောင်း    သိရ သည်။

 


မန်ဂျန်ရှားပျိုးပင်များကို ရွှေ့ပြောင်း စိုက်သည့်အခါ  ကျင်းထဲတွင်  နွားချေး ပြည်ဝက်ခန့်ခံထားပြီး       မိုးမကျမီ ထည့်ထားရန်လိုအပ်ပါသည်။ မိုးကျသည့် အခါ နွားချေးသည် အပူငွေ့ကုန်သွားပြီး အပင်စိုက်ရန်အသင့်တော်ဆုံး   အနေ အထားဖြစ်သည်။      မန်ဂျန်ရှားပျိုးပင် များကို စိုက်ခင်းသို့   မြေချသည့်အခါ ခြောက်ပေခြား စိုက်ပျိုးရန် အသင့်တော် ဆုံးဖြစ်သည်။

 

မန်ဂျန်ရှားပင်၏ ထူးခြား ချက်မှာ     ကျွန်းပင်ကဲ့သို့မဟုတ်ဘဲ  ကိုင်းတက်ကြီးလာလျှင် ပင်စည်ဖြစ်သွား တတ်သည်။ ထိုသို့  အကိုင်းအခက်များ   ကြီးထွားမလာစေရဘဲ   နေရောင်ခြည်ကို အလုအယက်ရရှိစေပြီး   ပင်စည်ဖြောင့် တက်သွားစေရန်  အပင်စိပ်စိပ်စိုက်ခြင်း သည် ပို၍သင့်တော်ပါသည်။   အပင်များ ကြီးလာသည့်အခါ ဈေးကွက်ဝင်     အပင် ဖြောင့်များကို ချန်လှပ်ပြီး    ကြားညှပ် အပင်များကို     ခုတ်ထွင်ရှင်းလင်းနိုင်ပါ သည်။

 


စိုက်ပျိုးထားသည့်   မန်ဂျန်ရှားပင် များအကြား       ပေါက်ရောက်နေသည့် ပေါင်းမြက်များကို  ဆောင်းကုန်ခါနီးမှ လွဲ၍ တစ်နှစ်နှစ်ကြိမ်    ပေါင်းရှင်းပေးရ သည်။ အပင်စိုက်ပျိုးပြီး ဒုတိယနှစ် မိုးဦး မကျမီ   အကိုင်းအခက်များကို ခုတ်ရှင်း ပေးရသည်။ သို့မှသာ   မိုးကျသည့်အခါ အရွက်သစ်များထွက်လာပြီး    အပင်ပိုမို သန်လာမည်ဖြစ်သည်။ 

 


 နှစ်အလိုက် ကြီးထွားမှုနှုန်း


မန်ဂျန်ရှားပင်၏     နှစ်အလိုက် ကြီးထွားမှုနှုန်းများမှာ အပင် ခြောက်လ သားတွင် အမြင့် နှစ်မီတာ (ခြောက်ပေခွဲ)၊ တစ်နှစ်သားတွင် အမြင့်    ၄ ဒသမ ၆ မီတာ (၁၅ ပေ)၊   တစ်နှစ်ခွဲသားတွင် အမြင့် ၈ ဒသမ ၆ မီတာ (၂၈ ဒသမ ၂  ပေ)၊ နှစ်နှစ်သားတွင် အမြင့် ၁၀  ဒသမ ၅ မီတာ  (၃၄ ဒသမ ၄ ပေ)၊ သုံးနှစ်သားတွင် အမြင့်  ၁၄ ဒသမ ၈  မီတာ  (၄၈ ဒသမ ၅ ပေ)၊ လေးနှစ်သားတွင်  အမြင့် ၁၅ ဒသမ ၆ မီတာ (၅၁ ဒသမ ၁ ပေ)၊  ငါးနှစ် သားတွင် အမြင့်  ၂၂ ဒသမ  ၄  မီတာ (၇၃ ဒသမ ၄ ပေ)အထိ  ကြီးထွားမြန်သည့် အပင် တစ်မျိုးဖြစ်သည်။ 

 


သို့သော် မန်ဂျန်ရှားပင်သည် ငါးနှစ် သားအထိသာ အရှိန်အဟုန်ဖြင့်  အမြင့် ကြီးထွားနှုန်းမြန်ပြီး ငါးနှစ်သားကျော် သည့်အခါ   အပင်အမြင့်ကြီးထွားနှုန်း နှေးသွားသည်။  ထို့ကြောင့်   ပင်စည် ကြီးထွားဖွံ့ဖြိုးလာရန်      ပင်ကျပ်ပင်ညှပ် များကို ခုတ်ထွင်ရန် လိုအပ်သည်။ 

 


မန်ဂျန်ရှားပင်၏     နှစ်အလိုက် ပင်စည်လုံးပတ်ဖွံ့ဖြိုးမှုမှာ တစ်နှစ်သား အပင်သည် အချင်း  ၅ ဒသမ ၉ စင်တီ မီတာ  (၂ ဒသမ ၃ လက်မ)ရှိပြီး လုံးပတ် ခုနစ်လက်မခန့်၊ နှစ်နှစ်သား အပင်သည် အချင်း ၁၀ စင်တီမီတာ (လေးလက်မ)၊ လုံးပတ် ၁၂ လက်မခန့်၊   သုံးနှစ်သား အပင်သည်  အချင်း   ၁၄ စင်တီမီတာ (ငါးလက်မခွဲ) လုံးပတ်   ၁၅ ဒသမ ၇ လက်မခန့်၊   လေးနှစ်သား အပင်သည်  အချင်း   ၁၆   ဒသမ  ၈   စင်တီမီတာ (၆ ဒသမ ၆ လက်မခန့်)၊ လုံးပတ် လက်မ  ၂၀ ခန့်၊   ငါးနှစ်သားအပင်သည် အချင်း ၁၈ စင်တီမီတာ  (ခုနစ်လက်မ)၊ လုံးပတ် ၂၂ လက်မခန့်အထိ   ကြီးထွားနိုင်သည်။

 


မန်ဂျန်ရှားပင်သည် အပင်ကြီးထွား မှုမြန်ခြင်း၊     သစ်လုံးဖြောင့်ဖြူးခြင်း၊ သစ်ကြောမရှုပ်ခြင်း၊      သစ်အရောင် အသွေးလှပခြင်း၊ အချိန်တို ၁၀  နှစ်မှ ၁၂ နှစ်အတွင်း ခုတ်လှဲရောင်းချနိုင်ခြင်း တို့ကြောင့်   သစ်စိုက်ပျိုးထုတ်လုပ်သူ များ အနေဖြင့်လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရန်  အစားထိုး စိုက်ပျိုးသည့်အနေဖြင့်   လည်းကောင်း စိုက်ပျိုးရန်သင့်တော်သည့်   အပင်မျိုး ဖြစ်သည်။

 


ဧက ရာနှင့်ချီပြီး  စိုက်ပျိုးထား


မန်ဂျန်ရှားသစ်ကို မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသခံ အစုအဖွဲ့ပိုင် သစ်တောများ    အနေဖြင့် ဧက ရာနှင့်ချီပြီး  စိုက်ပျိုးထားကြောင်း သိရသည်။

 


မန်ဂျန်ရှားသစ်၏အရောင်မှာ ညိုဝါ ရောင်ရှိပါသည်။ အဆိုပါ မန်ဂျန်ရှားသစ် ကို အထပ်သား၊   တံခါးကျည်းပေါင်၊ ပါကေး၊ ပရိဘောဂ၊ စက်လှေနှင့် မော်တော် ယာဉ်များတွင်လည်း        အသုံးပြုလျက် ရှိပါသည်။  သက်တမ်းနုသည့် မန်ဂျန်ရှား ပင်များကို    စက္ကူပျော့ဖတ် ပြုလုပ်ရာ တွင် အသုံးပြုရာ၌    အရည်အသွေး ကောင်းမွန်သည့်    စက္ကူဖြူများကို ရရှိ ကြောင်း သိရသည်။  ထို့ကြောင့် ကျွန်းပင် သည် နှစ်   ၃၀   ခန့်ရှိမှသာ သစ်အနေဖြင့် အသုံးပြုရန် ကောင်းမွန်ပြီး     မန်ဂျန်ရှား ပင်သည် ၁၀ နှစ်ဝန်းကျင်တွင်   အသုံးပြု နိုင်သည့်   သစ်အမျိုးအစားဖြစ်ကာ  ကျွန်းတုခေါ် ကြီးမြန်သစ်ပင်    မန်ဂျန် ရှားပင်သည်    သဘာဝပတ်ဝန်းကျင် သာယာလှပရေး၊  လူမှုစီးပွားဘဝတွင် အဆင်ပြေနိုင်ရေး စိုက်ပျိုးရန်  လွန်စွာ သင့်တော်သည့်အပင် ဖြစ်ပါကြောင်း။