သဘာဝတောထိန်းသိမ်းမှုကောင်းမွန်၍ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝစေရန် လေ့ကျင့်ရေးသစ်တောအား ထိန်းသိမ်းစောင့်ရှောက်

နေပြည်တော်   စက်တင်ဘာ   ၁၅


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံကော်ဖီအသင်းမှ ကော်ဖီ ကျွမ်းကျင်ပညာရှင်များနှင့်အတူ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ်(၂၃) ၁/၁၉၈၅  စီးပွားရေးထင်းရှူး စိုက်ခင်းအတွင်းရှိ  သစ်တောဦးစီးဌာနက စမ်းသပ် စိုက်ပျိုးထားသော ကော်ဖီ ငါးဧက၏ အောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေနှင့် အလားအလာကောင်း များ  ရှိနိုင်မှုအခြေအနေတို့ကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

စစ်ဆေး


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့  ရေပေးဝေလျက်ရှိသည့်  အထက် သစ်တစ်ပင်ရေကန်၊ အောက်သစ်တစ်ပင်ရေကန်နှင့် နောင်ခမ်းကြီးကျေးရွာသို့    ရေပေးဝေလျက်ရှိသည့် နောင်ခမ်းကြီးရေကန်တို့၏  ရေဝေရေလဲဒေသဖြစ် သော တောင်ပြိုတိုးချဲ့ကြိုးဝိုင်းအကွက်  အမှတ်(၇)အတွင်း   တည်ထောင်စိုက်ပျိုးထားသည့် ၁/၂၀၁၇ ရေဝေရေလဲစိုက်ခင်း ဧက  ၁၀၀  အား  သွားရောက် စစ်ဆေးသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင် မြို့တွင်      သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီး ဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ        နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် ရည်မှန်းချက်တာဝန်များကိုကျေပွန်စွာ ထမ်းဆောင် သွားကြရန်၊  တာဝန်ထမ်းဆောင်ကြရာတွင်  ဌာန အချင်းချင်း  အပြန်အလှန်  ပူးပေါင်းဆောင်ရွက်မှု (Team Work)အားကောင်းကောင်းဖြင့် ဆောင်ရွက် သွားကြရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအတိုင်း လိုက်နာနေထိုင်ကြရန်မှာကြားသည်။


မှာကြား


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မေမြို့ ထင်းကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာနနှင့် စာချုပ် ချုပ်ဆိုစိုက်ပျိုးနေသော ကော်ဖီခြံများကို ကြည့်ရှု စစ်ဆေးပြီး   မြန်မာနိုင်ငံ     သစ်တောကျောင်းက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ထားသည့် လေ့ကျင့် ရေးသစ်တော ဧက ၅၀၀ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ သဘာဝတောထိန်းသိမ်းမှု ကောင်းမွန်၍ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့်အတွက် လေ့ကျင့်ရေး သစ်တောအား  ဆက်လက်၍   ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် မှာကြားခဲ့သည်။ 


သတင်းစဉ်