သဘာဝစွမ်းအင်ဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် လျှပ်စစ်ဓာတ်အား

Type

 

သိပ္ပံနည်းပညာအင်ဂျင်နီယာ(ထွန်း) - စက်မှုစီးပွားထူးချွန် (၁၉၉၂ခုနှစ်) 

 

ကမ္ဘာကြီးဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ (Carbon Dioxide Gas) တွေ တစ်စတစ်စဖြစ်ပေါ်တိုးပွားများပြားလာတာကြောင့်  ရာသီဥတုဖောက်ပြန်၊ အပူဓာတ်လွန်ကဲမှုတွေ ဖြစ်လာနေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း တိုးပွားစေကာ လူနဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများလာနေပြီ ဖြစ်ပါတယ်။ လူသားတွေရဲ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ   များပြားလာတာကို ထိန်းသိမ်းကာကွယ်နိုင်ဖို့၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှုဖြစ်ပေါ်စေတဲ့ အင်ဂျင်အတွင်း လောင်ကျွမ်းပေါက်ကွဲစွမ်းအားသုံး (ICE) ယာဉ်တွေ အတွက် နိုင်ငံခြားကနေ  ဝယ်ယူဖြည့်တင်းပေးနေရတဲ့  နိုင်ငံခြားငွေဆုံးရှုံးမှုကိုလည်း     ထိန်းသိမ်းကာကွယ်နိုင်ဖို့၊  အဲဒီ ICE ယာဉ်တွေကို အစားထိုးအသုံးပြုနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံး လျှပ်စစ်ယာဉ်တွေ အစားထိုးအသုံးပြုနိုင်ကြဖို့ သုတေသနပညာရှင်တွေက တီထွင် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 

 

လျှပ်စစ်စွမ်းအင်သုံးယာဉ်များ
အထွေထွေသယ်ယူပို့ဆောင်နိုင်ရေးအတွက် ICE ယာဉ်သုံးဖို့ တွင်းထွက်လောင်စာဆီတွေ ဝယ်ယူ ပေးနေရတဲ့ ဈေးနှုန်းကလည်း တစ်စတစ်စ  ကြီးမြင့် လာတဲ့အတွက် ဝန်ထုပ်ဝန်ပိုး လျော့နည်းပပျောက်ဖို့၊ သိပ္ပံနည်းပညာသုတေသနပညာရှင်တွေရဲ့တီထွင် ဖော်ဆောင်ပေးလာနိုင်တဲ့  ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ဖြစ်ပေါ်စေသော တွင်းထွက်လောင်စာဆီသုံး အတွင်းပေါက်ကွဲစွမ်းအားဖော်ဆောင်ပေးတဲ့  ICE ယာဉ်တွေနေရာမှာ လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) တွေနဲ့အစားထိုး  အသုံးပြုခွင့်ရလာနိုင်ဖို့ ၁၉၆၀/ ၇၀  ပြည့်နှစ်     ကတည်းက        သုတေသနပြု   ကြိုးပမ်းခဲ့ကြပြီး ၁၉၇၁ ပတ်ဝန်းကျင်လောက်မှာ လူသိများ ကျော်ကြားပြီး သုံးစွဲသူ  များပြားလာခဲ့ ပါတယ်။
နည်းပညာအသစ်တွေ
တွင်းထွက်လောင်စာဆီစွမ်းအားသုံး  (ICE)ယာဉ်တွေအစား လျှပ်စစ်စွမ်းအင်သုံး (EV) ယာဉ် တွေကို      အစားထိုးအသုံးပြုကျော်လွှားနိုင်နေပြီ ဖြစ်သလို သုတေသနပညာရှင်တွေရဲ့  အဆင့်ဆင့်  တီထွင်  အသုံးချလာနိုင်အောင်  ဖော်ဆောင်ပေးမှု ကြောင့် လျှပ်စစ်စွမ်းအင်ကို နေရောင်ခြည်စွမ်းအား၊ လေအား၊ ရေစွမ်းအား (ယခင်က သဘာဝပုံမှန်ရေစီး အားသန် ရေကြောရှိတဲ့နေရာတွေမှာသာ ရေအား ဖြင့် လျှပ်စစ်စွမ်းအင်ထုတ်ယူ အသုံးပြုနိုင်ခဲ့ကြ ပေမယ့်  သုတေသနပညာရှင်တွေရဲ့   တီထွင်ဖန်တီး ပေးနိုင်စွမ်းမှုကြောင့်       သဘာဝမြေအနေအထား အခြေအနေအပေါ်မူတည်ပြီး မိမိတို့ပညာရှင်များ ဖန်တီးတည်ဆောက်ရယူနိုင်တဲ့) လူဖန်တီးနိုင်သော စဉ်ဆက်မပြတ် ရေစီးအားစွမ်းအင် (Continuous  Artificial Hydro Power) တို့ဟာ   လူသားတွေ အတွက် ရေရှည်စဉ်ဆက်မပြတ် အထူးအကျိုးပြု နိုင်တာကိုလည်း   အလေးထားအသုံးချနိုင်အောင် နည်းပညာအသစ်တွေကို ကြိုးပမ်းအကောင်အထည် ဖော်နိုင်ကြရပါမယ်။ 
နေရောင်ခြည်စွမ်းအားသုံး  အားဖြည့်သွင်းစနစ်
EV ယာဉ်တွေ   နေရာဒေသအနှံ့မှာ   ဘက်ထရီ အားနည်းသွားတဲ့အခါ   အခက်အခဲမရှိ   အားပြန် ဖြည့်နိုင်မယ့် လျှပ်စစ်စွမ်းအင်ဖြည့်တဲ့စနစ် (Rechar-ging Stations) တွေကို  လက်ရှိအင်အား  အပြည့် အဝ မဖြန့်ဖြူးပေးနိုင်သေးတဲ့ မဟာဓာတ်အားလိုင်း စွမ်းအားမလျော့စေအောင် အဆက်မပြတ်  စွမ်းအား ဖြည့်ပေးနိုင်မယ့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့    နေရောင်ခြည်စွမ်းအားသုံး      လျှပ်စစ်ကားများ  အားဖြည့်သွင်းစနစ် (EV Rechargering Stations) တွေနဲ့ ဖြည့်တင်းပေးနိုင်အောင် သုတေသနပညာ ရှင်တွေ  တီထွင်ပေးနိုင်တာဟာလည်း  လျှပ်စစ် မီးပြတ်တဲ့အခါနဲ့ လျှပ်စစ်မီးမရောက်သေးတဲ့ နေရာ ဒေသတွေအတွက် အထူးအကျိုးရှိစေမှာပါ။ 
လျှပ်စစ်စွမ်းအင်သုံး EV ယာဉ်တွေဟာ   လူနဲ့ ကုန်ပစ္စည်းအထွေထွေအစုံစုံ သယ်ယူပို့ဆောင်ရေး မှာ ယခင် အလေးထားအသုံးပြုရင်း   ကာဗွန်ဒိုင် အောက်ဆိုက်များစွာ ဖြစ်ပေါ်စေနိုင်တဲ့ ICE ပေါက်ကွဲ အင်ဂျင်စနစ် (လေးလံရှုပ်ထွေး အစိတ်ပိုင်းများစွာ ကြောင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ် မကြာခဏ ဖြစ်စေပြီး  လေးလံ၊   အသံကျယ်ဖြစ်ပေါ်တတ်စေ ပါတယ်)ကို  EV  တွေနဲ့  အစားထိုးကြရပါမယ်။ 
ICE   ယာဉ်တွေ      လည်ပတ်စွမ်းအားဖြစ်စေဖို့ လိုအပ်တဲ့ အစိတ်အပိုင်းများစွာနဲ့ ရွေ့လျားစွမ်းအင် ကို ဖန်တီးပေးရမှုကြောင့် အထွေထွေပြုပြင်ထိန်းသိမ်း မှုကုန်ကျစရိတ် လျော့နည်းစေပြီး   ငြိမ့်ညောင်း ပေါ့ပါး၊ အသံမထွက်၊ လွယ်ကူစွာလှုပ်ရှားသွားလာ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ EV ယာဉ်တွေကို အများ အပြား   သုံးစွဲနေကြပြီ ဖြစ်ပါတယ်။
လတ်တလော မိမိတို့နိုင်ငံအနေနဲ့ EV ယာဉ် တွေ အစပြုသုံးကြရာမှာ အရေအတွက် နည်းနေပါ သေးတယ်။   အများပြည်သူသွားလာမှုလွယ်ကူပြီး  စရိတ်သက်သာစေဖို့၊  အဓိက နိုင်ငံခြားငွေကို သုံးပြီး လက်ရှိ ICE ယာဉ်တွေအတွက် လိုအပ်တဲ့လောင်စာဆီ   ဝယ်ယူဖြည့်တင်းပေးသွင်းနေရမှုတို့ အလျင်အမြန် လျော့ကျပျောက်ကွယ်သွားဖို့၊ လူသားတွေ  ကျန်းမာ ရေး ထိခိုက်မှုလျှော့ချပေးနိုင်ဖို့နဲ့  သဘာဝပတ်ဝန်း ကျင်ပျက်စီးမှု    ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်ဖို့အတွက် အကြံပြုချင်ပါတယ်။
အဓိကရည်မှန်းချက်တွေ အထမမြောက်သေး
အခု EV အကျိုးဖော်ဆောင်နိုင်မှုမှာ တိုင်းပြည် အထွေထွေလိုအပ်ချက်          ဖြည့်ဆည်းပေးနေရတဲ့ အင်အားမတောင့်တင်းသေးတဲ့   မဟာဓာတ်အားလိုင်း မှ ၄၄၀၀ ဗို့အားကို ခွဲဝေရယူပြီး အမြန်အားသွင်း တိုင်လေးတိုင် တည်ဆောက်ပေးနိုင်သူတွေကိုသာ EV ကားတင်သွင်းရောင်းချခွင့်ထုတ်ပေးတဲ့ စနစ် ကြောင့်  EV တင်သွင်း Permit များရသူ လူနည်းစု က ယာဉ်တစ်စီးသွင်း၊ တစ်စီးရောင်းချ    အမြတ် များများရအောင် ဈေးတင်ရောင်းချဖြန့်ဖြူးနေတာမို့ လူအနည်းစုအတွက်သာ ရောင်းသူဝယ်သူ အကျိုး ဖြစ်စေပါတယ်။  အများပြည်သူအတွက် မထိရောက် သလို နိုင်ငံခြားငွေနဲ့ လောင်စာဆီဝယ်သွင်း ဖြန့်ဖြူး ပေးနေရမှုကို  လျှော့ချနိုင်ခြင်း၊  သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ခြင်းစတဲ့     နိုင်ငံတော်ရဲ့ အဓိကရည်မှန်းချက်တွေလည်း       အထမမြောက် သေးပါ။ 
EV ယာဉ်တွေ အသုံးများစေဖို့
လတ်တလောကာလ   EV  ယာဉ်   စတင်သုံးစွဲ နေနိုင်မှုကို တစ်စတစ်စ   တိုးပြီးသုံးစွဲလာနိုင်ဖို့နဲ့ တိုင်းပြည်ရဲ့ရည်မှန်းချက်ဖြစ်တဲ့        ပြည်ပကနေ နိုင်ငံခြားငွေနဲ့ ICE အင်ဂျင်အတွက် တွင်းထွက်ဆီ ဝယ်ယူတင်သွင်းနေရမှုလျော့ကျစေအောင် EV ယာဉ် တွေ နိုင်ငံအတွင်း အသုံးများစေနိုင်ဖို့ ဆောင်ရွက် ပေးသင့်ပါတယ်။       ငွေကြေးသင့်တင့်စွာသုံးနိုင်တဲ့ အများစု လူတန်းစားပြည်သူတွေအတွက်  အကျိုး ဖြစ်စေအောင် အများပြည်သူဝယ်ယူအသုံးပြုနိုင်တဲ့ ငွေကျပ်သိန်းသုံးရာခန့် တန်ဖိုးရှိ    EV Mini Van (ထိုင်ခုံလေးခုံပါ၊   တံခါးသုံးပေါက်ပါ၊     ဗင်ကား နောက်ဘက် ပစ္စည်းတင်အပေါက်အပါအဝင်)ကား တွေ ဦးစားပေး တင်သွင်းဖြန့်ဖြူးရောင်းချပေးပြီး အရေအတွက် အလျင်အမြန်တိုးပွားလာရင်   ပြည်သူ တွေ ဝမ်းပန်းတသာသုံးနိုင်ကြပါမယ်။   အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှ ဝန်ထမ်းတွေနဲ့ပင်စင်စား တွေကိုလည်း အဆိုင်းနဲ့ ငွေပေးချေဝယ်ယူခွင့် စနစ် ကို ဘဏ်အဖွဲ့အစည်း၊ အုပ်စုဖွဲ့ရင်းနှီးမြှုပ်နှံနိုင်တဲ့ အစုအဖွဲ့တွေနဲ့ ချိတ်ဆက် စီမံပေးနိုင်အောင်လည်း ဖော်ဆောင်ပေးကြစေလိုပါတယ်။ 
ဒါမှ ICE ယာဉ်တွေအစား EV များစွာကို အစား ထိုး အသုံးချနိုင်မယ်ဆိုရင်   နိုင်ငံခြားက  တွင်းထွက် လောင်စာဆီတင်သွင်းနေရမှုတွေ    လျော့နည်းနိုင် မယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထွက်ပေါ်မှုကို ထိန်းသိမ်းကာကွယ်နိုင်ပါမယ်။ 
နေရောင်ခြည်စွမ်းအားသုံး EV Rechargering Stations များကြောင့်  နေရာဒေသလုပ်ငန်းတိုင်း  နေရောင်ခြည်စွမ်းအားနဲ့    လျှပ်စစ်စွမ်းအင်ထုတ်ယူ နိုင်ပြီး  EV ယာဉ်တွေ အားသွင်းစနစ်အတွက်သာမက    ပြည်သူတွေ  အထွေထွေလိုအပ်မှုအတွက်ကိုလည်း ဖော်ဆောင်ရယူနိုင်ကြမှာ ဖြစ်ပါတယ်။
ဒါဆိုရင် လူဦးရေတစ်စတစ်စ တိုးပွားလာပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်     မြင့်မားလာမှု၊  အထွေထွေစီးပွားရေးလုပ်ငန်းတွေ၊  MSME လုပ်ငန်း တွေ၊  စက်မှုဇုန်တွေ၊    အစိုးရစက်ရုံတွေအတွက် လျှပ်စစ်ဓာတ်အား  အပြည့်အဝမဖြည့်ဆည်းပေး နိုင်မှု အခက်အခဲကိုလည်း ကျော်လွှားနိုင်ပါမယ်။ ဒါ့ပြင်    အစိုးရ၊ သက်ဆိုင်ရာလုပ်ငန်းရှင်တွေ၊   ဆက်စပ် ပြည်သူတွေအားလုံး စုပေါင်းညီညာဖော်ဆောင်ယူ နိုင်ကြတဲ့ သဘာဝကပေးအပ်နေတဲ့ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်တွေကို အစိုးရနဲ့ပြည်သူ  လက်တွဲညီစွာ အသုံးချနိုင်အောင်  စီမံဖော်ဆောင်ကျော်လွှားကြ နိုင်မယ်ဆိုတာကို  အသိပေးရေးသား တင်ပြလိုက် ရပါတယ်။        ။