သဘာဝစိမ့်စမ်းရေတံခွန်များဖြင့် အေးချမ်းသာယာလျက်ရှိသော ကျိုင်းလပ်မြို့ရှိ ရွှေတြိဂံကရုဏာဘေးမဲ့တောသို့ အများပြည်သူများ အခမဲ့လာရောက်လည်ပတ်အပန်းဖြေနိုင်

 

ကျိုင်းတုံ    နိုဝင်ဘာ    ၁၀


ရှမ်းပြည်နယ်    (အရှေ့ပိုင်း) တာချီလိတ်ခရိုင်    ကျိုင်းလပ်မြို့ ကျကကျေးရွာအနီး၌      ဖွင့်လှစ် ထားသော     ရွှေတြိဂံကရုဏာ ဘေးမဲ့တောတွင် သဘာဝစိမ့်စမ်း ရေတံခွန်ငါးခုနှင့်   စေတီတစ်ဆူ တည်ထားကာ စိမ့်စမ်းရေများဖြင့် စိမ်းလန်းစိုပြည်အေးချမ်းသာယာ လျက်ရှိပြီး     အများပြည်သူများ အခမဲ့         လာရောက်လည်ပတ် လေ့လာ    အပန်းဖြေနိုင်ကြောင်း သိရသည်။


ရွှေတြိဂံကရုဏာ ဘေးမဲ့တော ၌ နွားကောင်ရေ  ၁၄၉ ကောင်၊   ကျွဲ   ၉၄ ကောင်၊ ဆိတ် ၉၃ ကောင် နှင့် ခွေး၊ ဘဲငန်း၊  ယုံ၊ ကြောင်၊   ကြက်၊ မျောက်၊ ငှက်မျိုးစုံ စသည့် ဘေးမဲ့တိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက်ထားသည့်    အပြင် ဇီဝမျိုးစုံမျိုးကွဲများ     ရေရှည် တည်တံ့နိုင်စေရန်နှင့်  သဘာဝ တောတောင်    ထိန်းသိမ်းစောင့်‌ ရှောက်ရေးလုပ်ငန်းများ    ဆောင် ရွက်ပေးလျက်ရှိကြောင်း  ရွှေတြိဂံ ကရုဏာဘေးမဲ့တောမှ   တာဝန် ရှိသူတစ်ဦးဖြစ်သည့်      ဦးခင်မောင် ရွှေထံမှ သိရသည်။


ရွှေတြိဂံကရုဏာ       ဘေးမဲ့ တောကို ဒေသအတွင်း တိရစ္ဆာန်များနှင့်   သဘာဝတောတောင်   သစ်ပင်များ   ဘေးကင်းလုံခြုံစွာ      ရှင်သန်နိုင်စေရေးနှင့် ထိန်းသိမ်း    စောင့်ရှောက်နိုင်စေရေးအတွက် ဒေသခံ  ဦးအားဖာနှင့်  ဇနီး  ဒေါ်နန်းခမ်းလီ တို့က     စတင်တည်ထောင်ခဲ့ပြီး       ၂၀၁၅ ခုနှစ် ဇန်နဝါရီ  ၂၁ ရက်တွင် မိုင်းဖုန်းဆရာ တော်ဘုရားနှင့်     ထိုင်ဝမ်ဆရာတော်တို့က ဦးဆောင်    ဖွင့်လှစ်ခဲ့ကြောင်း၊   ဧက   ၃၈၀ ကျယ်ဝန်း၍    တိရစ္ဆာန်မျိုးစုံ   ဘေးမဲ့ထားရှိ ကြောင်း သိရသည်။  


အဆိုပါဘေးမဲ့‌တောသို့ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ဆရာ ဆရာမများ၊  ကျောင်းသား  ကျောင်းသူများ၊ ရပ်နီး၊ ရပ်ဝေး စေတနာ အလှူရှင်များ စုပေါင်း ၍ ဇီဝိတဒါန ဘေးမဲ့လှူဒါန်းခြင်းအဖြစ် ဒေသ နွား လေးကောင်၊ နွားခြံတည်ဆောက်ရန်အတွက် သွပ်ပြား အချပ် ၄၀၀ နှင့် လိုအပ်သည်များကို နိုဝင်ဘာ ၄ ရက်က သွားရောက်လှူဒါန်းပေး ကြကြောင်း သိရသည်။ 


အောင်ဇင်မြင့်(ပြန်/ဆက်)