သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

 

နေပြည်တော်   မေ    ၁၀


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ် ပေါ်လျက်ရှိသော  လေဖိအားနည်း ရပ်ဝန်းကြောင့်   ရခိုင်ပြည်နယ် အတွင်းမြို့နယ်များသို့   သဘာဝ ဘေး မုန်တိုင်းအန္တရာယ်ကျရောက် လာပါက ကူညီကယ်ရေးလုပ်ငန်း များကို  အရေးပေါ်တုံ့ပြန်ဆောင် ရွက်နိုင်ရေးအတွက်  ဆေးဝါး ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများကို ယနေ့နံနက်ပိုင်း တွင်  ရန်ကုန်မြို့မှ   စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် အမ်းမြို့များသို့   တပ်မတော်လေယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

 


ထိုသို့ပို့ဆောင်ရာတွင် စစ်တွေ မြို့သို့ ဆေးဝါးပစ္စည်းများ၊ ကူညီ ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်သည့် ရေသန့်ဆေးပြားပုံး ၁၇ ပုံး၊ ဆေး ပစ္စည်းပုံး သုံးပုံး၊ တစ်ကိုယ်ရေသုံး ဆေးပစ္စည်းစုံပုံး ၆၀၊ ရေသန့်စက် ၁၀ ပုံး၊ ရေပုံး(၂၀ လီတာဝင်) ပုံး ၁၀၀၊ ဓာတ်ဆားအိတ် ၄၀၊  Body Bag နှစ်ပုံး၊ ကြိုးခွေ  လေးထုပ်၊ မိုးကာစ အထုပ် ၂၀ နှင့် ခြောက်ဆွဲ ခြောက် ၁၃၆ ဖာတို့ကို  လည်း ကောင်း၊    ကျောက်ဖြူမြို့သို့ ရေသန့်ဆေးပြားပုံး သုံးပုံး၊ ဆေး ပစ္စည်းစုံပုံး ငါးပုံး၊ မိုးကာစ အထုပ် ၂၀၊ ကြိုးခွေအထုပ် ၂၀ နှင့် Body Bag နှစ်ပုံးတို့ကို   လည်းကောင်း၊ အမ်းမြို့သို့     ရေသန့် ဆေးပြားပုံး သုံးပုံး၊ ဆေးပစ္စည်းစုံပုံး   ငါးပုံး၊ မိုးကာစ  အထုပ်  ၂၀၊   ကြိုးခွေ အထုပ်၂၀ နှင့် Body Bag နှစ်ပုံးတို့ ကို လည်းကောင်း ပို့ဆောင်ပေး ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ က လေဆိပ်၌  လက်ခံရယူခဲ့ကြပြီး အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာဝန်ထမ်းများက     ကူညီသယ်ဆောင်ကြပြီး သတ်မှတ် သိုလှောင်ရုံများသို့ ပို့ဆောင်ပေး ကြသည်။ အဆိုပါဆေးဝါးပစ္စည်း များ၊   ကူညီကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များကို သက်ဆိုင်ရာမြို့နယ်များ သို့ အမြန်ဆုံး ဆက်လက်ဖြန့်ဝေ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်