သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   ဇွန်    ၁၅
သဘာဝ ဘေးအန္တရာယ်ကျရောက် ခဲ့ရသည့် ဒေသများတွင် လိုအပ် သည့်   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်     ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည်  နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍    သက်ဆိုင်ရာဒေသ များတွင်     အင်တိုက်အားတိုက်  ကူညီ     ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် မောင်တောမြို့သို့ ရောက်ရှိနေသော    ကူညီကယ် ဆယ်ရေး  အဖွဲ့များသည်   နယ် လှည့် ဆေးကုသရေးအဖွဲ့များနှင့်  ပူးပေါင်း၍ ပဲရုံကျေးရွာရှိ ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရှောက်မှု          လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 
အလားတူ    စစ်တွေမြို့သို့ ရောက်ရှိနေသည့်    ကူညီကယ် ဆယ်ရေးအဖွဲ့များသည် မြန်မာ နိုင်ငံ  ရဲတပ်ဖွဲ့ဝင်များ၊   မီးသတ် တပ်ဖွဲ့ဝင်များနှင့်     ပူးပေါင်း၍ ရေချမ်းပြင်ကျေးရွာ၌ လမ်းဘေး ဝဲ/ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့်    ချုံနွယ်များ ကို     ခုတ်ထွင်     ရှင်းလင်းခြင်း လုပ်ငန်းများ    ဆောင်ရွက်ပေး လျက်ရှိသည်။ 
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့်      ကူညီကယ် ဆယ်ရေးအဖွဲ့များသည်      နယ် လှည့် ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍      မြို့မရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
သတင်းစဉ်