သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇွန်    ၂
သဘာဝဘေးအန္တရာယ်ကျရောက် ခဲ့ရသည့် ဒေသများတွင် လိုအပ် သည့်   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်   ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍  သက်ဆိုင်ရာဒေသ များတွင်    အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိ ရာ ယနေ့တွင်  ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိ  အခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေး  အဖွဲ့များ သည် အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း၌  လဲကျနေ သော  သစ်ပင်၊   သစ်ကိုင်းများ ခုတ်ထွင်  ရှင်းလင်းခြင်းလုပ်ငန်း များ    ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကိုးတန် ကောက်ကျေးရွာ၌ ဒေသခံပြည်သူ များအား  ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ    ဆောင်ရွက်ပေး လျက်ရှိသည်။
အလားတူ    စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ် ရေးအဖွဲ့များသည်   ရွာသစ်ကေ ကျေးရွာ၌     လမ်းဘေးဝဲ/ယာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်း များ     ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အတူ       ကျောက်တော် မြို့နယ်သို့     ရောက်ရှိနေသည့် ကူညီ  ကယ်ဆယ်ရေးအဖွဲ့များ သည်     ခေါင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်မှု    လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် တာဝန်ရှိ သူများက စားသောက်ဖွယ်ရာများ  ထောက်ပံ့ပေးအပ်လျက်ရှိသည်။ 
အလားတူ ဘူးသီးတောင်မြို့ သို့   ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် လမ်းဘေးဝဲ/ယာမှ      လဲကျနေ သော   သစ်ပင်၊  သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။ 
ထို့ပြင်   တပ်မတော်အကြီး အကဲ၏    လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင် များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည် စစ်တွေ မြို့   နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံ ပြည်သူမျာအား    လိုအပ်သည့် ကျန်းမာရေး   စောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်