သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

 

 

နေပြည်တော်    ဇွန်     ၆
နယ်စပ်ရေးရာဝန်ကြီးဌာန      ပညာရေးနှင့်   လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ     စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း)တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ    အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက     အဆိုပါ ကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ    ဒီဂရီကောလိပ်ရှိ   ကျောင်းအုပ် ဆရာကြီး ဦးစိုးကြည်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့်     ပတ်သက်၍   အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသ ကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းဘေး၊ ရေဘေးနှင့် ပတ်သက်၍   သဘာဝဘေးအန္တရာယ်ဆိုင်ရာ   အသိပညာပေးပိုစတာများဖြင့်  ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်း များကို  ရှင်းလင်းပြောကြားပြီး     မုန်တိုင်းဘေး သဏ္ဌာန်တူ  သရုပ်ပြ၊   ဇာတ်တိုက်လေ့ကျင့် ခြင်းများ ဆောင်ရွက်သည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊    ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ၊   ဆရာ  ဆရာမများ၊ ဝန်ထမ်းများနှင့်   ကျောင်းသား ကျောင်းသူများ       တက်ရောက်ကြောင်း သိရသည်။    သတင်းစဉ်