သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    ဇွန်    ၂၇
သဘာဝဘေးအန္တရာယ်ကျရောက် ခဲ့ရသည့် ဒေသများတွင် လိုအပ် သည့်  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ  ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်      ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများ တွင်  အင်တိုက်အားတိုက်  ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေးစောင့်ရှောက်
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင်   မောင်တောမြို့ ၌   ရောက်ရှိနေသည့်    ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများနှင့်အတူ   မြို့သူကြီး ကျေးရွာ၌       မောင်တောခရိုင် သစ်တောဦးစီးဌာနက    ကျင်းပ ပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၌      စုပေါင်း သစ်ပင်စိုက်ပျိုးပေးပြီး နယ်လှည့် ဆေးကုသရေး       အဖွဲ့များနှင့် ပူးပေါင်း၍      မြိုယုကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု   လုပ်ငန်းများ ဆောင်ရွက်ရာတွင်  လိုအပ်သည် များ ကူညီဆောင်ရွက်ပေးသည်။
အလားတူ   ပုဏ္ဏားကျွန်းမြို့ ၌     ရောက်ရှိနေသည့်    ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့်  ပူးပေါင်း၍   စံပြရပ်ကွက်ရှိ ဒေသခံပြည်သူများအား     စံပြ စာတိုက်၌     ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင်  လိုအပ်သည်များ   ကူညီ ဆောင်ရွက်ပေးသည်။ 
ထို့အတူ      မောင်တောမြို့ ၌   ရောက်ရှိနေသည့်   နယ်လှည့် ဆေးကုသရေးအဖွဲ့သည်   မြိုယု ကျေးရွာရှိ    ဒေသခံပြည်သူများ အား  လိုအပ်သည့်   ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အလားတူ  ဘူးသီးတောင်မြို့ ၌    ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် ကားလမ်းမ ဘေးဝဲ/ယာရှိ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့ များနှင့်    ပူးပေါင်း၍   လက်ဝဲ ဒက်ပြင်ရှည်ကျေးရွာ၌   ဒေသခံ ပြည်သူများအား   ကျန်းမာရေး စောင့်ရှောက်မှု     လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည် များ ကူညီဆောင်ရွက်ပေးသည်။
ထို့အတူ        မြောက်ဦးမြို့ ၌    ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်မာရ်အောင်စေတီ တော်အတွင်း၌     အမှိုက်များ ရှင်းလင်းခြင်းနှင့်   လဲကျနေသာ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးသည်။
ကူညီဆောင်ရွက်ပေး
အလားတူ   ရသေ့တောင်မြို့ ၌    ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ သာသနာ့ဗိမာန် ကျောင်းတိုက်၌  ဒေသခံပြည်သူ များအား      ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                      သတင်းစဉ်