
နေပြည်တော် ဇွန် ၂၄
သဘာဝဘေးအန္တရာယ်ကျရောက် ခဲ့ရသည့် ဒေသများတွင် လိုအပ် သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများ တွင် အင်တိုက်အားတိုက် ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ကျောက်တော်မြို့ ၌ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ အရိပ်ရနှစ်ရှည်ပင် များ စိုက်ပျိုးပေးသည်။ ၎င်းအဖွဲ့ လုပ်ဆောင်ချက်များအား ဗိုလ်မှူး ချုပ် အောင်သူဦး သစ်ပင်စိုက်၊ ကြည့်ရှုသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည် ဌာနဆိုင်ရာ များနှင့်အတူ ပုဏ္ဏားကျွန်းမြို့ရှိ အောင်မင်္ဂလာကန်ဘေး၌ အမှိုက် များ ရှင်းလင်းခြင်းနှင့် လဲကျနေ သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးသည်။
ထို့အတူ စစ်တွေမြို့၌ ရောက်ရှိ နေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ များသည် ရေချမ်းပြင်ကျေးရွာရှိ လမ်းဘေး ဝဲ/ ယာ၌ အမှိုက်များ ရှင်းလင်းခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ် ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍ ပြင်ရှည်ကျေးရွာ၌ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသည်။
အလားတူ မြောက်ဦးမြို့၌ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၌ အမှိုက်များ ရှင်းလင်းခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး နယ်လှည့် ဆေးကုသရေး အဖွဲ့များနှင့် ပူးပေါင်း၍ ရေတခါးပေါ်တော်မူမဟာကျန်ဘုရားကြီး ကျောက်ရာဇ် ကေကျောင်းတိုက်၌ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက် ရာတွင် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသည်။
ထို့အတူ ဘူးသီးတောင်မြို့၌ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည် ဌာနဆိုင်ရာ ဝန်ထမ်းများဖြင့် ပူးပေါင်း၍ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အလားတူ ကျောက်ဖြူမြို့၌ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည် အစိုးရရပ်ကွက် ၌ အမှိုက်များ ရှင်းလင်းခြင်းနှင့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ် ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အစိုးရအဖွဲ့ ရိပ်သာကြီးဘေး၌ အုန်းပင်များ စိုက်ပျိုးပေးသည်။
ထို့အတူ ရသေ့တောင်မြို့၌ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည် နယ်လှည့်ဆေး ကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကိုးတန်ကောက်ကျေးရွာ၌ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်