သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်     ဇွန်    ၉


သဘာဝဘေးအန္တရာယ် ကျရောက်  ခဲ့ရသည့်ဒေသများတွင်   လိုအပ် သည့်    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး  လုပ်ငန်း များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက်   တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်   ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများ တွင်   အင်တိုက်အားတိုက်   ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင်  ပုဏ္ဏားကျွန်းမြို့သို့    ရောက်ရှိနေသော ကူညီကယ်ဆယ်  ရေး   အဖွဲ့များသည်   နယ်လှည့် ဆေးကုသရေး          အဖွဲ့များနှင့် ပူးပေါင်း၍        လက်ဝဲစာတိုက်  ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

 
အလားတူ    ကျောက်ဖြူမြို့ သို့     ရောက်ရှိနေသော   ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်လှည့်ဆေးကုသရေး အဖွဲ့များ နှင့်ပူးပေါင်း၍  အစိုးရရပ်ကွက်ရှိ မြို့နယ်ဦးစီးမှူးရုံး၌     ဒေသခံ ပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်မှု       လုပ်ငန်းများ နှင့်    စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။ 

 


ထို့အတူ    ဘူးသီးတောင်မြို့ သို့    ရောက်ရှိနေသည့်   ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် ကကျက်ဘက်ကျေးရွာရှိ   လမ်း ဘေး    ဝဲ/ယာ၌    လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


အလားတူ   မြောက်ဦးမြို့သို့    ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေး   အဖွဲ့များသည် နယ်လှည့် ဆေးကုသရေး      အဖွဲ့များနှင့်   ပူးပေါင်း၍ ဘောင်းဒွတ်ကျေးရွာ၌ ဒေသခံပြည်သူများအား  ကျန်းမာ ရေး  စောင့်ရှောက်မှုလုပ်ငန်းများ၊ ဆန်နှင့်  စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။

 


ထို့အတူ     စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ် ရေး အဖွဲ့များသည်  စစ်တွေမြို့၊ ရေချမ်းပြင်ကျေးရွာ  ကားလမ်း တစ်လျှောက်ရှိ   လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ် ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  


အလားတူ     စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေး    အဖွဲ့များသည်   နယ်လှည့် ဆေးကုသရေးအဖွဲ့များ၊    မြန်မာ နိုင်ငံ   ရဲတပ်ဖွဲ့ဝင်များ၊   ဒေသခံ ပြည်သူများနှင့်     ပူးပေါင်း၍ ပါဒလိတ်ကျေးရွာရှိ လမ်းဘေး  ဝဲ/ယာ၌   လဲကျနေသော   သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များခုတ်ထွင်  ရှင်းလင်းခြင်း   လုပ်ငန်းများနှင့် ဂုံးပြင်သောင်ကျေးရွာရှိ  ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရှောက်မှု       လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

 


ထို့အတူ    မောင်တောမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည်    နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း  ၍ ရွာသစ်ကေကျေးရွာရှိ ဒေသခံ ပြည်သူများအား    ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း  ရရှိသည်။                
 

သတင်းစဉ်