သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဇွန်   ၃၀
သဘာဝ         ဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေး နှင့်       ပြန်လည်ထူထောင်ရေး လုပ်ငန်းများ     ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက်  တပ်မတော်မှ ကြိုတင်    စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး    အဖွဲ့များ သည်   နယ်မြေခံ    လုံခြုံရေး တပ်ဖွဲ့ဝင်များ၊  လူမှုကယ်ဆယ် ရေးအဖွဲ့များနှင့်     ပူးပေါင်း၍ သက်ဆိုင်ရာ         ဒေသများတွင် အင်တိုက်အားတိုက်      ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့   ဆောင်ရွက်ပေးလျက် ရှိရာ   ယနေ့တွင်   စစ်တွေမြို့၌ရောက်ရှိနေသည့်          ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့်   ပူးပေါင်း၍  ကျက်တောပြင် ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိနေသည့်          ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် နယ်လှည့်ဆေးကုသရေး အဖွဲ့များ နှင့် ပူးပေါင်း၍ မြို့မဘုန်းတော် ကြီးကျောင်း၌  ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသည်။ 
ထို့အတူ  ဘူးသီးတောင်မြို့၌ ရောက်ရှိနေသည့်        ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် မြို့တွင်း        လမ်းဘေး  ဝဲ/ ယာ ၌      သန့်ရှင်းရေး        လုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။     
အလားတူ ကျောက်ဖြူမြို့၌ ရောက်ရှိနေသည့်        ကူညီ ကယ်ဆယ်ရေး     အဖွဲ့များသည် နယ်လှည့်ဆေးကုသရေး အဖွဲ့များ နှင့် ပူးပေါင်း၍ အရာရှိရပ်ကွက်၌ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည် များ ကူညီဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။       သတင်းစဉ်