သဘာ၀ကပေးသည့်လက်ဆောင်ဟု တင်စားခေါ်ဝေါ်ရသည့် စျေးကွက်၀င် စက်မှုကုန်ကြမ်းသီးနှံ ၀ဥ

Type
1

 

 သတင်းဆောင်းပါး- နဒီမင်း၊ ဓာတ်ပုံ- ကိုအောင်(စိုက်ပျိုးရေး)
 

 

“ဝဥက ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးတဲ့ လက်ဆောင်ပါ’’ ဟု ဆိုလာသူက ချင်းတိုင်းရင်းသား  ကိုဆလိုင်းကျော်ပင်ဖြစ်သည်။ သူ၏ဇာတိမြေ  ချင်းတို့ဌာနေသည် သဘာ၀တောတောင်အလှအပများကို ပိုင်ဆိုင်ထားရုံသာမက အရည်အသွေး ကောင်းမွန်သည့် ဝဥပင်တို့ ပေါက်ရောက်ရှင်သန်ရာ၊  အဓိကဖြစ်ထွန်းအောင်မြင်ရာ ဒေသ တစ်ခုဟုဆိုလျှင် မှားမည်မထင်ပေ။

 


“ဝဥရဲ့သဘောတရားက ပေါင်းရှင်း ပေးဖို့ပဲလိုတာ၊ ဝဥက ဓာတ်မြေသြဇာ လည်း ကျွေးစရာ မလိုဘူး၊  တချို့တွေဆို ဝဥပဲစိုက်တယ်။ တစ်နှစ်တစ်နှစ် ဖော်လိုက် တာနဲ့ သိန်းရာနဲ့ချီရတာလေ’’ဟု ချင်း တိုင်းရင်းသား  ကိုဆလိုင်းကျော်က ပြော သည်။

 


မျိုးစိတ်ပေါင်း ၈၀ ခန့်ရှိ


ကမ္ဘာပေါ်တွင် ဝဥ မျိုးစိတ်ပေါင်း ၈၀ ခန့်ရှိပြီး  ဝဥကို လွန်ခဲ့သည့် နှစ်ပေါင်း များစွာကပင် ဂျပန်နိုင်ငံ၌ ဆေးဝါးအဖြစ် သုံးစွဲကြသည်။ ဝဥသည် သဘာဝမြေ အောက်ရှိ သတ္တုဓာတ်များ ပါဝင်သော ရေ ၉၀ ရာခိုင်နှုန်း     စုပ်ယူထားသော ကြောင့်  ကိုယ်လက်ကျန်းမာ ကြံ့ခိုင်စေ သည်။ ပိန်းရိုင်းပင်များကဲ့သို့ပင် လျှာ ယားစေသည့် Oxalic acid  ပါဝင်သည့် အတွက် အစိမ်းစား၍ မသင့်ပေ။ ကုန်ချော ပစ္စည်းအဖြစ် အသွင်ပြောင်း၍ မုန့်မျိုးစုံ၊ အချိုရည်၊ စားသောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်းရင်းဆေးဝါးနှင့် ခေတ်မီ ဆေးဝါးများစွာ ထုတ်လုပ်လျက် ရှိသည်။

 


ဝဥ၏ မူရင်းဒေသမှာ အရှေ့တောင် အာရှဒေသဖြစ်ပြီး    အပူပိုင်း    အာရှ၊ အာဖရိကနှင့်  အင်ဒိုချိုင်းနား  ကျွန်းဆွယ် တို့တွင်  သဘာဝအလျောက်   ပေါက် ရောက် ရှင်သန်ကြပြီး မြန်မာနိုင်ငံတွင် တွေ့ရသည့် ဝဥမျိုးများတွင်  Gluco-man nan  ၆၀ ရာခိုင်နှုန်းကျော်  ပါဝင် သဖြင့်  အခြားအာရှဒေသများက ထွက်ရှိ သည့် ဝဥများထက်ပင် အရည်အသွေး သာလွန်ထူးကဲကောင်းမွန်သည်ဟု ဆိုရ မည်။

 


ထို့ကြောင့်ပင် မြန်မာနိုင်ငံက ထွက် ရှိသည့် ဝဥများကို တရုတ်၊ ဂျပန်၊ ကိုရီး ယားနှင့် အိန္ဒိယနိုင်ငံများက အထူးကြိုက် နှစ်သက် ဝယ်ယူကြသည်။

 


“အဓိကက ချင်းပြည်နယ်မှာထွက်တဲ့ တောင်ပေါ်ဒေသမျိုး ပန်းရောင်မျိုးနဲ့ ပဲခူး ရိုးမတစ်လျှောက်မှာ ထွက်တဲ့ အဝါရောင် မျိုးတွေက Glucoman- nan  ပါဝင်မှုက သူ့စံထားသတ်မှတ်ချက်ထက် ကျော်လွန် ကောင်းမွန်နေတယ်။ အညာဒေသဘက် က အဖြူရောင်ကတော့ Glucoman-nan  ပါဝင်မှု   နည်းတယ်။    ကျွန်တော်တို့ နိုင်ငံက တကယ်တော့ ကုန်ချောက အလို လို ကောင်းပြီးသား  ဖြစ်နေတယ်။  အဲဒါ ကြောင့် ဘုရားပေးတဲ့ လက်ဆောင်လို့ ပြောကြတာ’’ ဟု စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ- ရာသီ သီးနှံဌာနခွဲ၊ ညောင်နှစ်ပင် စိုက်ကွင်းမှ ခြံတာဝန်ခံ ဦးအောင်သွင်ကို က ပြောသည်။ 

 


ဝဥကို ချင်းပြည်နယ်၊ ကချင်ပြည် နယ်၊   ကယားပြည်နယ်၊  ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊  ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊    တနင်္သာရီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊  မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့ တွင် အများဆုံးစိုက်ပျိုးကြပြီး  ရန်ကုန် တိုင်းဒေသကြီးတွင်လည်း  ဝဥ စိုက်ပျိုး လာသဖြင့် ယခုဆိုလျှင်  တစ်နိုင်ငံလုံးတွင် ဝဥ စိုက်ဧက သိန်းနှင့်ချီ  ရှိလာပြီဖြစ် သည်။ 

 


ရေငတ်ဒဏ်ခံနိုင်


ဝဥသည် အစိုဓာတ်ထိန်းထားနိုင်ပြီး မြေဆွေးဓာတ်များသော နုန်းမြေ၊ သစ် တောမြေနှင့် ရေစီးရေလာကောင်းသော ရေမဝပ်သော        မြေအမျိုးအစားတွင် ရှင်သန်ပေါက်ရောက်  ကြီးထွားနိုင်သည်။ ရေငတ်ဒဏ်ခံနိုင်သော်လည်း ရေဝပ်လျှင် ဥပုပ်တတ်ပြန်သည်။  မြေငန်ကို   ကြိုက် နှစ်သက်မှု မရှိပေ။

 


ပူနွေးစွတ်စိုသော    ရာသီဥတုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန် ၆၀ လက်မ မှ ၁၂၀ လက်မကြား ၊ အပူချိန် ၂၅ ဒီဂရီမှ ၃၅   ဒီဂရီစင်တီဂရိတ်၊   ပင်လယ်ရေ မျက်နှာပြင်အထက်   ပေ   ၁၀၀၀   နှင့် ၅၀၀၀ ကြား စိုက်ပျိုးနိုင်သည်။  ပင်လယ် ရေမျက်နှာပြင် ပေ ၂၅၀၀ နှင့် အထက် စိုက်ပျိုးပါက  အရိပ်မလိုပေ။  ပေ ၁၀၀၀ အောက် စိုက်ပျိုးပါက ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကြား အရိပ်ရရန်လိုအပ် ပေသည်။

 


ဝဥကို နှစ်ရှည်စိုက်ခင်းများဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ ဆီအုန်း စသည့် စိုက်ခင်း များတွင် ဝင်ငွေရ ကြားသီးနှံအဖြစ် စိုက် ပျိုးနိုင်သကဲ့သို့   သီးသန့်စိုက်ခင်းများ အဖြစ်လည်း စိုက်ပျိုးနိုင်သည်။ 

 


မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့ သော ဒေသမှလွဲ၍ နိုင်ငံအနှံ့ အလေ့ကျ ပေါက်ရောက်နိုင်သော်လည်း    အချိန် မတိုင်မီ ရိတ်သိမ်းမှုများကြောင့် သဘာဝ ပေါက်သော ဝဥများမှာ မျိုးတုံးလုနီးပါး ဖြစ်လာခဲ့သည့်အတွက်   ၂၀၀၇   ခုနှစ်မှ စတင်ကာ စနစ်တကျ  စိုက်ခင်းများအဖြစ် စမ်းသပ် စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။

 


“ဝဥက  သဘာဝအတိုင်းပေါက်တဲ့ အခါမှာ ဒီအပင်ဒီနေရာမှာ ရှိတယ်ဆိုတာ အပင်ကျသွားတာနဲ့ ဥက ရှာမတွေ့တော့ ဘူး၊   တူးတဲ့အခါ   အဆင်မပြေတာတို့ အရည်အသွေးမကောင်းတာတို့ ဖြစ်တဲ့ အခါကျတော့ ကိုယ့်ခြံထဲမှာကိုယ်စိုက်တဲ့ အခါကျတော့ မှတ်ထားပြီးတော့ တူးဖော် လို့ ရတာပေါ့’’ဟု  ဦးအောင်သွင်ကိုက ပြောသည်။ 

 


နည်းမျိုးစုံဖြင့် မျိုးပွားနိုင်


ဝဥကို    ပန်းခိုင်မှလည်းကောင်း၊ ရွက်သီးမှလည်းကောင်း၊   ဥမှ  လည်း ကောင်း နည်းမျိုးစုံဖြင့် မျိုးပွားနိုင်သည်။ ပန်းခိုင်သီးများကို စိုက်ပျိုးရာတွင် သဲစို ပေါင်များ သဲအိတ်များဖြင့် ပျိုးထောင် စိုက်ပျိုးရမည်ဖြစ်ပြီး  စျေးကွက်ဝင် ဝဥ ရရှိရန် အချိန်ကာလအားဖြင့် လေးနှစ်ခန့် လိုအပ်သည်။

 


ရွက်သီးများကို စိုက်ပျိုးရာတွင် စျေး ကွက်ဝင် ဝဥ ဖြစ်လာရန် အချိန်ကာလ အားဖြင့် နှစ်နှစ်မှ သုံးနှစ်ခန့်လိုအပ်သည်။ 
ဥများကို စိုက်ပျိုးရာတွင် ၂၅ ကျပ် သားအရွယ်   ဥများကို   စိုက်ပျိုးခြင်း၊ တစ်ပိဿာခန့်ရှိ ဥများကို လေးစိတ်စိတ်ပြီး ပြာလူး၍သော်လည်းကောင်း၊ ထုံးသုတ် ၍ သော်လည်းကောင်း စိုက်ပျိုးခြင်း၊ မျိုး ဥကွဲများကို တစ်လုံးစီဖဲ့၍ စိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုးရှိပြီး နှစ်ချင်း စျေး ကွက်ဝင် ဝဥမျိုးကို ရရှိနိုင်သည်။

 


“ဝဥက  ပန်းခိုင်ကလည်း   ပြန်ပေါက် တယ်၊ ရွက်သီးကြွေကျရင်လည်း ပြန် ပေါက်တယ်။ ဥကနေလဲ ပြန်ပေါက်တယ်။ သခင်မစွန့်တဲ့     သီးနှံလို့   ဒါကြောင့်  ခေါ်ကြတာ” ဟု   ဦးအောင်သွင်ကိုက ပြောသည်။ 

 


ရိတ်သိမ်းပြီး  ဝဥများကို   ကုန်ချော ထုတ်လုပ်မည့် စက်ရုံသို့မပို့မီ(သို့မဟုတ်) မျိုးအဖြစ် ပြန်လည်အသုံးမပြုမီ  လေဝင် လေထွက်ကောင်းပြီး အေး၍ခြောက်သွေ့ သော   နေရာ၌   သိုလှောင်ထားသင့် သည်။

 


“ဝဥ ကုန်ကြမ်းတွေကို အမှုန့်ကြိတ် မယ်ဆိုရင် ကစီဓာတ်ပါတဲ့  ပေါ့ပါးတဲ့ အမှုန့်နဲ့ အလေးချိန်ရှိတဲ့ Glucoman- nan ဆိုပြီး  နှစ်မျိုးထွက်လာမယ်။ Glu-coman- nan  ပါဝင်တဲ့ အမှုန့်တွေက တော့ ပြည်ပကို ကုန်ချောထုတ်လုပ်ဖို့ အတွက် တင်ပို့ပါတယ်။ ကျန်တဲ့ ပေါ့ပါး တဲ့   အမှုန့်တွေကတော့   ပြည်တွင်းမှာ တိရစ္ဆာန်အစာအဖြစ်       အသုံးပြုပါ တယ်’’ဟု   ဦးအောင်သွင်ကိုက   ပြော သည်။ 

 


ဝဥစိုက် တောင်သူများအား  စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့် ရွေးချယ်နိုင်ရေး ကူညီဆောင် ရွက်လျက်ရှိသည့်အပြင် နည်းပညာပံ့ပိုး မှုများ၊ တောင်သူပညာပေး သင်တန်းများ ကို နေရာဒေသအနှံ့  ပို့ချပေးလျက်ရှိသည်။

 


“ချင်းပြည်နယ်က မျိုးကောင်းတယ် ဆိုပြီး   ရန်ကုန်ကိုယူစိုက်ရင်   အရည် အသွေးက  မမီတော့ဘူး။  တောင်ပေါ် ဒေသတွေမှာ   ကောင်းတယ်ဆိုပေမယ့် မြေပြန့်မှာ  စိုက်တဲ့အခါ  စျေးကွက်မီဖို့ အလွန်ကြာတယ်။     သူ့ဒေသအလိုက် သင့်တော်တဲ့ မျိုးကိုပဲ  စိုက်ရမှာ၊စိုက်ချင် လို့ သိလိုတာရှိရင်  စိုက်ပျိုးရေးဌာနကို ဆက်သွယ်လို့ ရပါတယ် ’’ ဟု ဦးအောင် သွင်ကိုက  ပြောသည်။ 

 


စက်မှုကုန်ကြမ်းသီးနှံ


ဝဥသည်  အခြားသီးနှံ   မဖြစ်ထွန်း သည့် နေရာဒေသများတွင် အစားထိုး သီးနှံအဖြစ် စိုက်ပျိုးရသည့် သီးနှံမျိုးကား မဟုတ်ချေ။ နှစ်ရှည် စိုက်ခင်းများအကြား ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ် နိုင်သောကြောင့်    စိုက်ပျိုးသင့်သော စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ 

 


“မြန်မာတစ်နိုင်ငံလုံးမှာ ဝဥ စိုက်လို့ မရတဲ့ နေရာရယ်လို့တော့ မရှိဘူး၊ ဝဥတို့ ပီလောပီနံတို့ဆိုတာက     သူ့ရဲ့   မူလ ဇာစ်မြစ်  စိုက်ပျိုးဒေသမှာ  မြန်မာနိုင်ငံပါ တယ်။ ဘယ်မှာစိုက်စိုက် စိုက်လို့ရတယ် ဆိုပေမယ့် စျေးကွက်ဝင်ဖို့တော့ လိုလိမ့် မယ်။

 

 အရည်သွေးပြည့်တဲ့  ပို့ကုန်ဖြစ်ဖို့ နိုင်ငံတကာ စျေးကွက်ဝင်ဖို့ဆိုရင် ပြုစု ပျိုးထောင်မှု နည်းစနစ်မှန်ဖို့ လိုပါတယ်။ အရင်းများတဲ့အတွက်   စီးပွားဖြစ်စိုက် မယ်ဆို သေချာလေ့လာပြီး စိုက်ဖို့လို တယ်” ဟု    စိုက်ပျိုးရေးဦးစီးဌာနမှ ဦးအောင်သွင်ကိုက  အကြံပြုပြောကြား သည်။        

 


တောင်သူများအနေဖြင့်    တစ်နှစ် အတွင်း စျေးကွက်ဝင်သည့်  ဝဥမျိုးများ  စိုက်ပျိုးရာတွင်  တစ်ဧကလျှင်  စိုက်ပျိုး ကုန်ကျငွေကျပ်သိန်း ၅၀ ခန့် ရင်းနှီးရပြီး   ပြန်ရငွေမှာ မြေအခြေအနေနှင့် ပြုစုမှု ပေါ်မူတည်၍ ငွေကျပ် သိန်း ၈၀ မှ ၁၀၀ ကြား  အမြတ်ရနိုင်သည့်  သီးနှံမျိုးဖြစ် သည့်အတွက် အရင်းကြီးသလို အမြတ် လည်း ကြီးသည့် သီးနှံမျိုး ဖြစ်သည်။ 

 


တရုတ်၊  ကိုရီးယား၊  ဂျပန်၊  အိန္ဒိယ စသည်ဖြင့် ပြည်ပပို့ကုန် စျေးကွက် အခိုင် အမာရရှိပြီးဖြစ်သည့် ဝဥသည် ကိုဗစ်-၁၉ ရောဂါနှင့်  ဝဥစိုက်ပျိုးရာ နေရာဒေသ အချို့တွင်   ဝဥ စိုက်ပျိုးရန်နှင့်  စိုက်ပျိုးပြီး ဝဥများကို  မျိုးအတွက်  ဥများတူးဖော်ရန် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့်  လက်ရှိအချိန်တွင် စျေးကွက်အခြေအနေ မှာ  အေးလျက်ရှိသည်။ 

 


သို့ရာတွင်   မြန်မာနိုင်ငံအတွင်းရှိ ဝဥစိုက်ပျိုးဖြစ်ထွန်းသည့်  ဒေသများမှ တောင်သူများအနေဖြင့်  စျေးကွက် ပြန် လည်   ဦးမော့လာချိန်တွင်    ပို့ကုန် စျေးကွက်၌  မျက်နှာပန်းလှစွာ  တင်ပို့နိုင်  ရေးအတွက် ဝဥစိုက်ရာသီချိန်တွင် မိမိတို့ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုး သန့်များကို ရွေးချယ်စိုက်ပျိုးထားသင့် ပေသည်။        ။