
သဲကုန်း စက်တင်ဘာ ၂၆
သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာများ အောက်ဆီဂျင် အခက်အခဲမရှိစေရေးအတွက် စေတနာရှင်အလှူရှင်များ၏လှူဒါန်းမှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်းတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အိုးကြီး ၈၀ မှ ၁၀၀ ခန့် ထွက်ရှိမည့် အောက်ဆီဂျင်စက်အား ရန်ကုန်မြို့ရှိ OMINI Trade ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှာ ယူထားရှိပြီး စက်ရုံအဆောက်အအုံ တည်ဆောက်မှုမှာ ၇၀ ရခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည်။
ယခုလက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ အတွက် အောက်ဆီဂျင်ရရှိရေးအတွက် နေ့စဉ်ပြည်မြို့သို့သွားရောက်၍ အောက်ဆီဂျင်ရရှိရေးကော်မတီမှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပြီး သဲကုန်းမြို့နယ်တွင် သုံးလတာကာလအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၂၃ ဦး ရှိခဲ့သည်။
မြို့နယ်(ပြန်/ဆက်)