သဲကုန်းမြို့၌ (နဝမအကြိမ်) မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိ

 

သဲကုန်း  ဖေဖော်ဝါရီ   ၁၁


ပဲခူးတိုင်းဒေသကြီး   သဲကုန်းမြို့ သီတဂူစက္ခုဒါန  ဆေးရုံတော်ကြီး တွင်  နဝမအကြိမ်  အခမဲ့မျက်စိ စမ်းသပ်ခွဲစိတ်    ကုသခြင်းကို ဖေဖော်ဝါရီ  ၉  ရက်မှ   ၁၂  ရက် အထိ    မျက်စိဝေဒနာရှင်များအား   စမ်းသပ်ခွဲစိတ်  ကုသပေးလျက်ရှိသည်။

 


အဆိုပါ     မျက်စိဝေဒနာရှင်များ အား   အခမဲ့စမ်းသပ်ခွဲစိတ်ကုသ ပေးခြင်းကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ    သီတဂူဆရာတော် ဒေါက်တာ    အရှင်ဉာဏိဿရ   ဦးဆောင်မှုနှင့်    သဲကုန်းမြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သဲကုန်း မြို့ သီတဂူရွှေဥရာစုသစ်စက္ခုဒါနဆေးရုံတော်  စီမံအုပ်ချုပ်ရေးအဖွဲ့ ၏     ကြီးကြပ်မှုဖြင့်     ရန်ကုန်၊  မန္တလေး    စသည့်မြို့ကြီးများမှ  မျက်စိအထူးကု  ဆရာဝန်ကြီး များက စမ်းသပ်ခွဲစိတ်ကုသပေး လျက်ရှိပြီး ဖေဖော်ဝါရီ ၉ ရက်တွင် မျက်စိဝေဒနာရှင် ၄၅၀ ကျော်အား လိုအပ်ပါက    ခွဲစိတ်ကုသပေး ခြင်းတို့ ဆောင်ရွက်သည်။

 


နဝမအကြိမ် မျက်စိစမ်းသပ် ခွဲစိတ်ပေးရာတွင်   သဲကုန်းမြို့၊ ပေါင်းတည်၊ နတ်တလင်း၊  အုတ်ဖို၊  ရွှေတောင်မြို့များအပြင် မင်းတုန်း၊ ကံမ၊   အောင်လံ၊   မြန်အောင်၊ ပုသိမ်     စသည့်မြို့နယ်များမှ မျက်စိဝေဒနာရှင်များ လာရောက် စမ်းသပ်  ကုသလျက်ရှိကြောင်း သိရသည်။ 


မြို့နယ်(ပြန်/ဆက်)