သာယာလှပ ရန်ကုန်တန်ဆောင်တိုင်လပြည့်ည ရောင်စုံဓာတ်ပုံပြိုင်ပွဲဖိတ်ခေါ်

 

ရန်ကုန်   နိုဝင်ဘာ    ၄


ရန်ကုန်မြို့ တန်ဆောင်တိုင်မီးထွန်း ပွဲတော်နှင့်     တန်ဆောင်တိုင်  ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ နိုဝင်ဘာ ၅ ရက် မှ ၇ ရက်အထိ   နံနက် ၇  နာရီမှ ည ၁၀ နာရီအထိ ခမ်းနားစွာကျင်းပ သွားမည်ဖြစ်ကာ မီးထွန်းပွဲတော် နှင့်အတူ  ရောင်စုံဓာတ်ပုံပြိုင်ပွဲကို လည်း  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


မီးထွန်းပွဲတော်တွင်  ပြည်သူ့ ရင်ပြင်အတွင်း အလှဆင်မီးများစွာ တန်ဆာဆင်     ထွန်းညှိထားမည့် အပြင် တန်ဆောင်မုန်းလပြည့်ည တွင်လည်း မီးရှူးမီးပန်းပေါင်းများစွာ ပစ်ဖောက်သွားမည်    ဖြစ်သည်။ ထို့အပြင်     တန်ဆောင်တိုင်ဈေးပွဲ တော်ကိုလည်း ထည့်သွင်းကျင်းပ မည်ဖြစ်ကာ ဖျော်ဖြေရေးအစီအစဉ် အဖြစ်     နိုင်ငံကျော်တေးသံရှင် များကလည်း သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။

 


ထိုပွဲတော်တွင်   မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မည့်    ရောင်စုံ ဓာတ်ပုံပြိုင်ပွဲကိုလည်း “သာယာ လှပ       ရန်ကုန်တန်ဆောင်တိုင် လပြည့်ည”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲတွင် ပြည်သူ့ရင်ပြင်အပါအဝင် ရန်ကုန်မြို့၏ တန်ဆောင်တိုင်အလှ ပေါ်လွင်သော        နေရာများ၏ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ နေမှုအလှအပကို      ဖော်ညွှန်း ရိုက်ကူးထားသောဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 


ပြိုင်ပွဲစည်းကမ်းချက်များအနေ ဖြင့် မည်သည့်ကင်မရာအမျိုးအစား မဆို   အသုံးပြုနိုင်ပြီး    ပြိုင်ပွဲဝင် ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မx ၁၅ လက်မ အရွယ်အစားတစ်မျိုး တည်းသာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း၊ ပုံအရေအတွက် အကန့် အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့်  Soft  Copy (CD)ကို တစ်ပါတည်း   ပူးတွဲပေးပို့ရမည် ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံ များနှင့်        ဝက်ဘ်ဆိုက်များတွင် အသုံးပြုပြီးသော   ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်      မပြုကြောင်း၊  ပြိုင်ပွဲဝင်ဓာတ်ပုံများကို    အများ ပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ် စာစောင်များ၊  ဝက်ဘ်ဆိုက်များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာ ပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြု ခြင်းကို သဘောတူခွင့်ပြုရမည်ဖြစ် ကြောင်း၊  ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊    ရိုက်ကူးသည့် နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့် ရေးကပ်၍   ပူးတွဲပေးပို့ရမည်ဖြစ် ကြောင်း၊  ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀-၁၁-၂၀၂၂ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍  SBS Express ၀၉-၇၆၅၄၂၇၀၉၀၊ ၀၉-၇၆၅၄၂၇ ၂၂၈ သို့  ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။


အာကာလင်း