သာသနာတော်နှစ် ၂၅၆၇ –၂၅၆၈ ခုနှစ် သက္ကရာဇ် ၁၃၈၅ - ၁၃၈၆ ခုနှစ် မဟာသင်္ကြန် အကျ - အကြတ် - အတက် - နှစ်ဆန်း(၁)ရက်နှင့် ဝါဆို - ဝါကပ် - လ - ရက်နှင့်နေ့များ

 

၁။    မဟာသင်္ကြန် အကျရက်
    -    ဇေယတု - မြန်မာသက္ကရာဇ် - ၁၃၈၅ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၆)ရက် 
    -     ရခိုင်သက္ကရာဇ် – ၁၃၈၅ ခုနှစ် တာကူးလဆန်း (၆)ရက်
    -     ခရစ်နှစ် ၂ဝ၂၄ ခုနှစ် ၊  ဧပြီလ (၁၄) ရက်  တနင်္ဂနွေနေ့  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် စံတော်ချိန် ညဉ့်စက် ၁၂ - နာရီ၊ ၂၄ - မိနစ်၊ ၄၅ - စက္ကန့် အချိန်တွင် မဟာသင်္ကြန် ကျပါသည်။
၂။     မဟာသင်္ကြန် အကြတ်ရက်
    -    မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၇)ရက်
    -     ရခိုင်သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တာကူးလဆန်း (၇)ရက်
    -     ခရစ်နှစ် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၅)ရက် တနင်္လာနေ့သည်  မဟာသင်္ကြန်  အကြတ်ရက် ဖြစ်ပါသည်။
၃။     မဟာသင်္ကြန် အတက်ရက်
    -     မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၈)ရက်
    -     ရခိုင်သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တာကူးလဆန်း (၈)ရက်
    -    ခရစ်နှစ် ၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁၆) ရက်၊  အင်္ဂါနေ့  မြန်မာစံတော်ချိန်  နံနက်စက် ၄ - နာရီ၊ ၂၉ - မိနစ်၊ ၂၆ - စက္ကန့် အချိန်တွင် မဟာသင်္ကြန်တက်ပါသည်။
၄။     မြန်မာ - ရခိုင် - နှစ်ဆန်း ၁ ရက်
    -     မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဦးတန်ခူးလဆန်း (၉)ရက်
    -     ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တာကူးလဆန်း (၉)ရက်
    -     ခရစ်နှစ် ၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁၇)ရက် ဗုဒ္ဓဟူးနေ့သည်  မြန်မာ - ရခိုင် နှစ်ဆန်း (၁)ရက် နေ့ဖြစ်ပါသည်။
၅။     ရဟန်းတော်များအတွက် ဝါဆို - ဝါကပ် - လ - ရက်များ
    ဤ ၁၃၈၆ ခုနှစ်တွင် ဝါဆိုဝါကပ်  လထပ်ရက်ငင်မရှိပါ၍ ဗုဒ္ဓဘာသာ သာသနာတော် ဝန်ထမ်းရဟန်း အရှင်သူမြတ်တို့မှာ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်၊ ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်ကျော် (၁)ရက်၊  ခရစ်နှစ် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်၊ တနင်္ဂနွေနေ့တွင် ပထမပုရိမဝါကပ်ဆိုတော်မူကြရမည်ဖြစ်ပါသည်။
    ဒုတိယပစ္ဆိမဝါကို မြန်မာရခိုင်ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့ ဩဂုတ်လ (၂ဝ)ရက်နေ့၊ အင်္ဂါနေ့တွင် ကပ်ဆိုတော်မူကြရမည်ဖြစ်ပါသည်။
ဦးပညိန္ဒ    ဦးအောင်ချစ်    ဦးပြေငြိမ်း
ဥက္ကဋ္ဌ    ဒုတိယဥက္ကဋ္ဌ (၁)    ဒုတိယဥက္ကဋ္ဌ (၂)