
နေပြည်တော် နိုဝင်ဘာ ၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နယ်စပ် ဒေသရှိ တိုင်းရင်းသားများ၏ ဘာသာ၊ သာသနာဖွံ့ဖြိုးရေးနှင့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်း လုပ်ငန်း များကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရန် အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း ဆပ်ကော်မတီကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီ အနေဖြင့် နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာဖွံ့ဖြိုးရေးနှင့် သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင် ရေးဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်မှုနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ရေးဆွဲ သည့် လုပ်ငန်းစီမံကိန်းများ မထပ် စေရန် အထူးဂရုပြု ဆောင်ရွက်ကြ ရန် မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ ၆ လတာ ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီး သည့် လုပ်ငန်းများအခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်း များကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များကို အကြံပြုဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်