သာသနာ့အရေခြုံကာ သံဃာ့ဝိနည်းနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိဘဲ သာသနာညှိုးနွမ်းစေရန် လုပ်ဆောင်ခဲ့သော မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ ပြည်တော်သာကျောင်းတိုက်မှ ဦးဇဝန(ခ)ဇာနည်ကိုကို အား ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၈


သာသနာ့အရေခြုံကာ သံဃာ့ဝိနည်းနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိဘဲ သာသနာညှိုးနွမ်းစေရန် လုပ်ဆောင် ခဲ့သော မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ ပြည်တော်သာကျောင်းတိုက်မှ ဦးဇဝန(ခ)ဇာနည်ကိုကို အား သာသနာညှိုးနွမ်းအောင် ပူးပေါင်းပါဝင်သူ ၁၃ ဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။    

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသ ကြီး စဉ့်ကိုင်မြို့    ပြည်တော်သာ ကျောင်းတိုက်ဆရာတော် ဦးဇဝန က ၎င်း၏ မွေးနေ့ပွဲပြုလုပ်မှုကို Ashin   Zawana Facebook Account ၌   ရုပ်သံဖိုင်   Live ထုတ်လွှင့်သည်။ ယင်းရုပ်သံဖိုင်တွင် ဦးဇဝနသည်   သာမန်လူပုဂ္ဂိုလ် များကဲ့သို့ မွေးနေ့ပွဲကို    ကျင်းပ ပြုလုပ်ခဲ့သည့်အပြင်      ၎င်းကို ကိုးကွယ်သူများက  နမ်းခြင်း၊ မွေးနေ့သီချင်းများ   သီဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ကခုန်ခြင်းများ  ပြုလုပ်ခဲ့မှုသည် သံဃာ့ဝိနည်းနှင့်မညီသည့်အပြင် သာသနာ  ညှိုးနွမ်းစေနိုင်သည့် လုပ်ဆောင်မှုများဖြစ်သောကြောင့် ဖြစ်စဉ်မှန်    ပေါ်ပေါက်စေရေး ဇန်နဝါရီ ၃ ရက်က   ဦးဇဝန(ခ) ဇာနည်ကိုကို အား ၎င်းမွေးနေ့ပွဲ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသ ကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၇၁ လမ်းနှင့် ၁၀၂(A) လမ်းထောင့်ရှိ   ဇော်မျိုး အောင်၏နေအိမ်၌ ဇော်မျိုးအောင် အပါအဝင်    သာသနာညှိုးနွမ်း အောင် ပူးပေါင်းပါဝင်သူ ၁၃ ဦး နှင့်အတူ       ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။ 

 


စိစစ်ဖော်ထုတ်ချက်များအရ ဦးဇဝန(ခ)ဇာနည်ကိုကို   သည် Ashin Zawana Facebook Acc-ount ဖြင့်    ဆူပူဆန္ဒပြမှုများကို အားပေးထောက်ခံရေးသားခြင်း၊ ဝန်ထမ်းများ CDM တွင် ပါဝင်လာ စေရေး   လှုံ့ဆော်ရေးသားခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်    မမှန်သတင်း ရေးသားခြင်းများ          ပြုလုပ်ခဲ့ ကြောင်း တွေ့ရှိရသည်။
ဦးဇဝန(ခ)ဇာနည်ကိုကို သည်  သံဃာတော်များ       အသုံးပြုရန် သင့်တော်ခြင်းမရှိသော     တန်ဖိုး ကြီးဖိနပ်၊          လက်ကိုင်အိတ်၊ မျက်မှန်၊        တောင်ဝှေး   စသည့် သာမန်လူပုဂ္ဂိုလ် အသုံးအဆောင် ပစ္စည်းများ    ဝတ်ဆင်အသုံးပြုခဲ့ ကြောင်း၊ ၎င်းအသုံးအဆောင်များ ဖြင့် အလှဓာတ်ပုံများရိုက်ကူးကာ သံဃာ့ဝိနည်းအား   လိုက်နာခြင်း မရှိဘဲ Facebook  တွင်   Post တင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း။

 


ဦးဇဝန(ခ)      ဇာနည်ကိုကို သည်    ဘာသာရေးအရေခြုံ၍ လောင်းကစားပြုလုပ်သူများကို အကြံဉာဏ်ပေးခြင်း၊     ဆွေးနွေး တိုင်ပင်ခြင်း၊ ကိုယ်တိုင် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊    အလှူရှင် များထံမှရရှိသည့်   အလှူငွေများ အတွင်းမှ ငွေကျပ်သိန်း  ၈၀၀ ကို နှစ်လုံးထီ၊ သုံးလုံးထီနှင့် ဘောလုံး ပွဲ    လောင်းကစားပြုလုပ်ရာ၌ ငွေကြေးလိုအပ်နေသည့် ဇော်မျိုး အောင်ထံ ချေးငှားပေး၍ တရား မဝင် လောင်းကစားလုပ်ငန်းများ တွင်   ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ဇော်မျိုးအောင်သည်      ၎င်း၏ နေအိမ်တွင်   ဦးဇဝန(ခ)ဇာနည် ကိုကို၏မွေးနေ့ပွဲအား       ဦးစီး ကျင်းပပေးခြင်း၊      နှစ်လုံးထီ၊ သုံးလုံးထီ           လောင်းကစားဒိုင် လုပ်ကိုင်ခြင်း၊ ၎င်း၏နေအိမ်များ အား ဘဏ်များတွင် ပေါင်နှံခဲ့ရာမှ ပြန်လည် ပေးဆပ်နိုင်မှုမရှိသည့် အတွက်   တရားစွဲဆိုခြင်းခံထားရသူဖြစ်ကြောင်း၊   ဦးဇဝနနှင့် ပူးပေါင်း၍     ငွေကြေးလိမ်လည်ထားသူ ဖြစ်ကြောင်း သိရှိရသည်။

 


စိစစ်ချက်များအရ ဦးဇဝန(ခ) ဇာနည်ကိုကိုသည်   လိင်တူဆက်ဆံ ခြင်းကို    ဝါသနာပါသူ တစ်ဦးဖြစ်ကြောင်း   တွေ့ရှိရပြီး ၂၀၀၂ ခုနှစ်တွင် ကိုရင်ဘဝမှ ၂၀၂၁ ခုနှစ်အထိ ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သူ ကပ္ပိယလူငယ် ငါးဦးနှင့် လိင်တူဆက်ဆံခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။

 


ဦးဇဝန(ခ)ဇာနည်ကိုကိုသည် သာသနာ့အရေခြုံကာ သံဃာဝိနည်း နှင့်မညီသော  လောင်းကစားမှုပြုလုပ်ခြင်း၊   သဘာဝနှင့်ဆန့်ကျင်၍ လိင်တူဆက်ဆံခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ ရန်     လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်  သွေးထိုးလှုံ့ဆော်ခြင်းတို့ကို   ဆောင်ရွက်ခဲ့သည့်အပြင်   ဘာသာ သာသနာ ညှိုးနွမ်းစေရန်    ပြုလုပ်ခဲ့ သည့် အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅၊ ၅၀၅- က၊  လောင်းကစား ဥပဒေတို့ဖြင့် ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ  သတင်းရရှိသည်။   
 

သတင်းစဉ်