သားသမီးမကောင်း မိဘခေါင်းနှင့် အကျိုးစီးပွားအခြေခံ အဂတိကပ်ဆိုက်မှု

Type

 

 

မြင့်မြတ်

 

အဂတိသည် ဆင်းရဲမွဲတေခြင်း၊  ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းများ၏  အကြောင်းတရားများအနက် တစ်ခုဟု ဆိုကြသည်။ သို့သော်  ၎င်းအဂတိသည်  ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများတွင်လည်း အဘယ့်ကြောင့် အမြစ်တွယ်လှိုက်စားတတ်သော မကောင်းမှုကြီးတစ်ခု ဖြစ်နေရပြန်သနည်း။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်   အဂတိနှင့်   ဖွံ့ဖြိုး တိုးတက်မှုသည် ဆက်စပ်မှုမရှိလေဟန် နားလည် နေကြသော်လည်း   ဒီမိုကရေစီနှင့်    လစ်ဘရယ် ဆန်သော   အနောက်နိုင်ငံများတွင်    အဂတိကို အားနည်းချက်တစ်ခုအဖြစ် ပြည်သူလူထုက ရွံရှာ စက်ဆုပ်လာနေကြသည်ကို  သတိထားမိလာကြ သည်။    ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများမှာ   အဂတိ ကင်းသည့်လူ့ဘောင်တစ်ရပ်အဖြစ် ကြွေးကြော်လျက် ကပင် အဂတိတရားများကား ထူပြောလာနေသည်။
အဂတိတရား၏အကျိုးဆက်
ချမ်းသာသည်ထက် ချမ်းသာလိုသူ၊ အာဏာကို ထပ်ကာထပ်ကာ ဆုပ်ကိုင်ထားချင်သူများသည်လည်း လူထဲကလူတွေပင်ဖြစ်၍ အဂတိတရားနှင့် ဘယ်လို ကင်းနိုင်ကြမည်လဲ၊ အထူးသဖြင့် အနောက်တိုင်းနိုင်ငံ့ခေါင်းဆောင်များထဲမှ   အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် သူ့မိသားစု၊ သူ့သားဟန်တာဘိုင်ဒင်တို့ သားအဖ  အရှုပ်တော်ပုံကို  ဥပမာပြချင်သည်။ အဂတိတရားဆိုရာတွင်         လာဘ်ပေးလာဘ်ယူ သာမက ဘက်လိုက်မှု၊ မျက်နှာလိုက်မှု၊ မမျှတမှု များလည်း ပါဝင်သည်။ ကျင့်ဝတ်အားနည်းမှုနှင့် အဂတိဆက်စပ်မှုကို ဘိုင်ဒင်တို့သားအဖမှာ တွေ့ရ သည်။ တရားမဝင်တာကို တရားဝင်အောင်လုပ်ခြင်း သည်ပင် အဂတိဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ 
ဘိုင်ဒင်လို   နိုင်ငံ့ခေါင်းဆောင်ပိုင်းက   အဂတိ တစ်ခုခုနှင့် မကင်းသည့်အခါ နိုင်ငံလည်း  ကံဆိုး မိုးမှောင်ကျရပုံကို  ကွက်ကွက်ကွင်းကွင်း  မြင်လာရ သည်။        ကိုယ့်ဆွေမျိုး၊   ကိုယ်နှစ်သက်သူကို  လိုလိုလားလားအကျိုးဆောင်ပေးခြင်း၊  ကိုယ်မချစ် သည့်သူဆို   အငြိုးအတေးထားပြီး  လုပ်သင့်သည်ကို မလုပ်ပေးမိခြင်း၊ ခြိမ်းခြောက်ခံရ၍ လုပ်လိုက်ရခြင်း၊ အဂတိကို အဂတိမှန်းမသိလေခြင်း၊ မသိ၍လုပ်မိ ခြင်း  အားလုံးယနေ့အမေရိကန်နိုင်ငံရေးလောက မှာ  ထင်ထင်ရှားရှားတွေ့လာနေရသည်။
ဘိုင်ဒင်သည် အမေရိကန်နိုင်ငံနှင့် နိုင်ငံသား တို့၏စံပြ၊  ဒီမိုကရေစီ၏   တန်ဖိုးထိုက်သူတစ်ဦး အဖြစ်  ဖြစ်သင့်သော်လည်း  ယခုအနေအထားမှာ ထိုသို့ဟုတ်ပုံမရ၊ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံ များကြောင့်   ဘိုင်ဒင်၏   နိုင်ငံရေးခရီးလမ်းဆုံး ရောက်ရမည့်   အခြေအနေများနှင့်    လာမည့် ရွေးကောက်ပွဲ ၂၀၂၄ GE မှာ ဒီမိုကရက်တစ်ပါတီ အခြေမလှ ဖြစ်ရမည့်အခြေအနေများကို တွေ့မြင် နေရသည်။ သားဖြစ်သူဟန်တာ၏ ဆန္ဒာဂတိများ အပေါ်မှာ    တာဝန်ယူရမည့်အနေအထားများကြောင့် သားသမီးမကောင်း မိဘခေါင်းဆိုသလို နာမည်ပျက် ရသည့်အနေအထား ရောက်လာရသည်။ 
ပြိုင်ဘက်ရီပတ်ဘလစ်ကင်နှင့် ထရမ့်အပေါ် မှာ   မနာလိုဝန်တိုမှုနှင့်      သည်းမခံနိုင်ခြင်းတို့က အမေရိကန်သမိုင်းတစ်လျှောက် တစ်ခါဖူးမှမကြုံဖူး သော နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲ သွားစေသည်။   အဂတိက   အမေရိကန်တို့ကို အကြောက်တရားနှင့် အမုန်းတရားကိုဖြစ်စေသည်။ ကမ္ဘာ့အလယ်မှာ   အမေရိကန်နှင့်    ဒီမိုကရေစီ   ဂုဏ်သတင်းများမှေးမှိန်ရပြီး အင်အားကြီးသူအဖြစ် မှလျှောကျ၊ လေးစားမှုတန်ဖိုးများ ဆုံးရှုံးနေရသည်။
ဟန်တာဘိုင်ဒင်၊ ယူကရိန်းနှင့် 
တရုတ် CNOCC အကြား ဆက်စပ်မှု
ယနေ့  အမေရိကန်နိုင်ငံ၏  အဂတိဗဟိုချက် အဖြစ်    အမေရိကန်ပြည်သူတို့၏    အာရုံသည် သမ္မတဘိုင်ဒင်၏သား ဟန်တာဘိုင်ဒင်အပေါ် ပုံကျ လာသည်ကိုတွေ့နေရသည်။   ယူကရိန်းစစ်ပွဲက သားဟန်တာ၏    အဂတိဖြစ်မှုကို   ပိုမိုခိုင်မာသွား စေသည်ဟုဆိုကြပြီး ရုရှားနှင့်စစ်ဖြစ်မည့် proxy ကို ယူကရိန်းကို ရွေးချယ်ခဲ့ခြင်းကပင် ဟန်တာတို့ သားအဖ၏ ယူကရိန်းနှင့် ဆက်စပ်နေသည့် အဂတိ ကြောင့်ဟု ယူဆဖွယ်ရာ Conspiracy theory တစ်ခု ပေါ်ပေါက်ခဲ့သည်မှာ    သတိထားစရာဖြစ်သည်။ ထိုသီအိုရီအမှားများကိုအခြေခံ၍   သမ္မတဘိုင်ဒင်နှင့် သူ့သားအပေါ် ပြစ်တင်ဝေဖန်မှုများကို ဖန်တီးသူ များဟု စွပ်စွဲခံရသည့် ယူကရိန်းနိုင်ငံရေးသမားများ ကိုလည်း ယူကရိန်းထောက်လှမ်းရေးက ဖမ်းဆီး အရေးယူထောင်ချပြီး အပြန်အလှန်နှိပ်ကွပ်နေကြ သည်။ 
အမေရိကန်   FBI  သတင်းပေးတစ်ဦးသည် လိမ်ညာသတင်းပေးဖြန့်ဝေမှုအတွက်       ယခုနှစ် အတွင်း အရေးယူခံခဲ့ရသည်။ အရေးယူခံရသူများ သည် ရုရှားထောက်လှမ်းရေးအဖွဲ့ GRU၊ သမ္မတ ဟောင်း ထရမ့်ကို ထောက်ခံသူများ၊  အမေရိကန် သတင်းဂျာနယ်လစ်များနှင့်    ကွန်ရက်ဖန်တီး၍ အပေးအယူလုပ်ခဲ့ကြပြီး    ဘိုင်ဒင်နှင့်   ယူကရိန်း ဆက်နွှယ်မှုကို   ဖော်ထုတ်ခဲ့ကြသူများဖြစ်သည်။ မှန်သည် ၊  မမှန်သည်အပထား ယခုလိုအဖြစ်အပျက် များ ထွက်ပေါ်လာရခြင်း၏ အတိတ်အကြောင်းအရာ များကတော့ အမှန်တကယ်ရှိခဲ့ပါသည်၊၊
၂၀၁၄-၂၀၁၅ ခုနှစ်ခန့် ထိုစဉ်က ဂျိုးဘိုင်ဒင်က ဒုသမ္မတ၊ ယူကရိန်းမှာ  အမေရိကန်အကူအညီဖြင့် လာဘ်စား၊ ခြစားသည့် ဒီမိုကရေစီအစိုးရတစ်ရပ်ကို တော်လှန်ရေးဆင်နွှဲ၍    ဖြုတ်ချအပြီးမှာ   နောက် တက်လာသည့်         အစိုးရအောက်တွင်ရှိသည့် ယူကရိန်းဓာတ်ငွေ့ကုမ္ပဏီ  Burisma ဘုတ်အဖွဲ့မှာ သူ့သား ဟန်တာဘိုင်ဒင်နှင့်      ဟန်တာ၏အသိ   စီးပွားရေးလုပ်ငန်းရှင် ဒေဗွန်အာချာတို့နှစ်ဦး ပါဝင် ပတ်သက်ရာမှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်၊၊ ထိုစဉ် က ဒုသမ္မတဘိုင်ဒင်ကိုယ်တိုင် ယူကရိန်းသို့သွားပြီးမှ ဘုတ်အဖွဲ့မှာ သူ့သား၏ ပါဝင်ပတ်သက်မှု စတင်ခဲ့ ခြင်းဖြစ်သည်။  ပေကျင်းနှင့် ကာဇက်စတန် ဓာတ်ငွေ့ တူးဖော်ရေးကိစ္စတွင်        ထိုကုမ္ပဏီအနေဖြင့် ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရအောင်လုပ်ရာမှာ  ဟန်တာတို့က အဓိကဇာတ်ဆောင်များ ဖြစ်ခဲ့သည်။ 
ဘုတ်အဖွဲ့တွင် ပါဝင်မှုနှင့်ပတ်သက်၍  ဟန်တာ နှင့်  အာချာတို့သည်   ယူကရိန်းအစိုးရအဖွဲ့ကို လာဘ်ထိုးခဲ့ကြသည်။ တရားမဝင်ငွေပေးငွေယူကိစ္စ များ ကိုယ်တိုင်ပြုလုပ်ခဲ့ကြသည်။ အဂတိမကင်း သည့်အစိုးရကိုဖြုတ်ချခဲ့သည့် ယူကရိန်းအစိုးရသစ် သည် အဂတိနွံမှ ယနေ့ထိတိုင် ရုန်းမထွက်နိုင်သည် မှာ ဘိုင်ဒင်တို့သားအဖစနက်ကြောင့်လည်း ပါနိုင် သည်။ ဘိုင်ဒင်ဒုသမ္မတဘဝမှာ ယူကရိန်းကုမ္ပဏီကို စုံစမ်းစစ်ဆေးသည့်ကိစ္စနှင့်ပတ်သက်၍ ယူကရိန်း အစိုးရကို ခြိမ်းခြောက်ဖိအားပေးခဲ့ဖူးသည်။ အဂတိ ကင်းသည့် ယူကရိန်းအစိုးရဖြစ်လာရေး အမေရိကန် ၏ ကြိုးပမ်းမှုများမှာ ဘိုင်ဒင်တို့သားအဖကြောင့် ကမောက်ကမဖြစ်ကုန်သည်ဟု ဆိုရမည်ဖြစ်သည်။ 
နိုင်ငံတကာက   စီးပွားရေးပိတ်ဆို့ထားသည့် ကုမ္ပဏီတစ်ခုနှင့်       တရားမဝင်အလုပ်လုပ်နေသည့် သားအပေါ်မှာ သူ့ဖခင်နိုင်ငံတော်သမ္မတကြီးအနေ ဖြင့် ဘာကြောင့်မသိခဲ့၊ မတားခဲ့ပါသလဲ။  ဟန်တာ ဘိုင်ဒင်သည်  ကာဇက်စတန်ရှိ   တရုတ်ကုမ္ပဏီ CNOCC နှင့် အကျိုးတူ ပူးပေါင်းလုပ်ခဲ့သည်။  အဂတိ အမှုနှင့်သစ္စာဖောက်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲ ခံခဲ့ရသည့် ကာဇက်စတန်ဝန်ကြီးချုပ်ဟောင်းနှင့်လည်း သူငယ်ချင်းဖြစ်ခဲ့ဖူးသည်။ 
တရုတ်ကုမ္ပဏီ စီးပွားရေးလုပ်ငန်းရှင်များကို ယူကရိန်းကုမ္ပဏီတွင်    ပါဝင်စေခြင်းဖြင့်    တရုတ် အကျိုးစီးပွားတိုးတက်ရေး၌    ဟန်တာ၏ ပါဝင်ပံ့ပိုး မှုများရှိလာခဲ့ပြီး အခွန်ရှောင်ခြင်းနှင့် ငွေကြေးခဝါချ မှုများလည်းရှိခဲ့ကြောင်း   အထောက်အထားများ ရရှိနေပုံရသည်။  အမေရိကန်အကျိုးစီးပွားအတွက် ကိုမူ ဆုတ်ယုတ်မှုများဖြစ်စေခဲ့ကြောင်း အထောက် အထားများပေါ်ထွက်လာခဲ့ရာ ထိုကျူးလွန်မှုများ သည် နိုင်ငံတော်ကို သစ္စာဖောက်သည့် ကျူးလွန်မှု များပဲမဟုတ်ပါလား။ 
ယခုလတ်တလော      သတင်းတစ်ခုတွင်ပင် လွန်ခဲ့သောသုံးရက်ခန့်က    အမေရိကန်    CBS အထက်တန်း          အမျိုးသမီးသတင်းထောက် ကက်သရင်းဟာရခ်ျဆိုသူ       အလုပ်မှထုတ်ပယ် ခံလိုက်ရသည့်  သတင်းတစ်ခု   ထွက်လာသည်။ ထိုအမျိုးသမီးသည် သမ္မတဘိုင်ဒင်၏ အဂတိအမှု ကို   လိုက်လံစုံစမ်းနေသူဖြစ်သည်။ သမ္မတနှင့် အင်တာဗျူးအပြီးမှာ   ၎င်း၏ မှတ်တမ်းဖိုင်များ၊ အထောက်အထားသက်သေများ သိမ်းဆည်းခံခဲ့ရ ပြီး  ယခုလို     အလုပ်မှသံသယဖြစ်ဖွယ်  ထုတ်ပယ် ခံလိုက်ရခြင်းအပေါ် မေးခွန်းများစွာပေါ်ထွက်လာ နိုင်ခြေလည်း ရှိနေသည်။ 
နိုင်ငံသားကောင်းပီသသောခေါင်းဆောင်နှင့် ကောင်းမွန်သော ပင်ကိုစရိုက်ရှိသင့်
ဂျိုးဘိုင်ဒင်သည်     သူ့သားနှင့်အတူ    အဂတိ မကင်းသည့်လုပ်ငန်းများမှာ       ပါဝင်ပတ်သက်မှု တင်မက သူကိုယ်တိုင်လည်း နိုင်ငံအချို့ရှိ အဂတိ ကိစ္စများမှာ ထင်ပေါ်သည့် လုပ်ငန်းရှင်များနှင့်လည်း မကင်းရာမကင်းကြောင်း ငြိစွန်းမှုများရှိခဲ့ကြောင်း သိရပါသည်။ ထိုကဲ့သို့ပတ်သက်မှုများမှတစ်ဆင့် ၂၀၁၅ ခုနှစ်မှာ ရိုမေးနီးယားစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဆီမှ  ဒေါ်လာသုံးသန်း၊ တရုတ်ရှန်ဟိုင်း အုပ်စု CEFC မှ  ဒေါ်လာရှစ်သန်းခန့်၊ ယူကရိန်းမှ  ဒေါ်လာ ၆ ဒသမ ၅ သန်း၊  ရုရှားစီးပွားရေးလုပ်ငန်းရှင်အမျိုး သမီး ယဲလီနာ ဘာကျူရီနာထံမှ  ရို့စ်မောင့်ဆီနီကာ ကုမ္ပဏီမှတစ်ဆင့်     ဒေါ်လာ  ၃  ဒသမ  ၅   သန်း  စသည်ဖြင့် လက်ခံရရှိခဲ့ဖူးသည်ဟုဆိုသည်။ 
ဘိုင်ဒင်တို့သားအဖနှင့်ပတ်သက်သူ   နိုင်ငံရေး သမားများနှင့် လုပ်ငန်းရှင်တိုင်းသည် သက်ဆိုင်ရာ ယူကရိန်း၊  ကာဇက်စတန်၊  ရိုမေးနီးယား၊  ရုရှား စသည့်နိုင်ငံတို့မှာ အဂတိအမှုများနှင့် မကင်းသူများ ဖြစ်နေကြပြီး    အချို့မှာ    အရေးယူခံကြရသူများ ဖြစ်သည်။ ထိုနိုင်ငံများနှင့် ပတ်သက်ရာကုမ္ပဏီများ မှာ ဟန်တာဘိုင်ဒင်သည် ဒါရိုက်တာဘုတ်အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့သည်ချည်းဖြစ်သည်။ ယခုအခါ ဘိုင်ဒင်တို့မိသားစုမှာ        ချမ်းသာနေသလောက် အမေရိကန်ပြည်သူများ၏အကြွေးက ဒေါ်လာ ၃၄ ဒသမ ၂၆ သန်းအထိ အလျင်အမြန်ကြီးထွားနေသည် ကိုလည်း သတိထားမိသည်။ 
နိုင်ငံ့ခေါင်းဆောင်နှင့်   မိသားစုများအပါအဝင် နာမည်ကြီး    အထင်ကရအသိုင်းအဝိုင်းများသည်  ပြည်သူများနှင့်  လူငယ်များအတွက်   ထာဝရစံပြ ပုဂ္ဂိုလ်များဖြစ်သင့်ပါသည်။ နိုင်ငံသားကောင်းပီသမှု နှင့် ကောင်းမွန်သောပင်ကိုစရိုက်များသည် ၎င်းတို့ ကိုယ်စားပြုသော    နိုင်ငံသားများအတွက်    အတု ယူစရာ   ဖြစ်သင့်ပါသည်။   သမ္မတဘိုင်ဒင်၏သား ဟန်တာအနေဖြင့်    အရက်အလွန်အကျွံသောက်သုံးမှု နှင့်  ဆေးလိပ်၊  မူးယစ်ဆေးဝါးသုံးစွဲမှု၊  လူမှုရေး ဆိုင်ရာ      မသင့်လျော်သော     အပြုအမူများနှင့် တရားမဝင်  လိုင်စင်မဲ့ သေနတ်လက်နက်ကိုင်ဆောင် မှုများက   အမေရိကန်လူငယ်များအတွက်    စံပြ ဖြစ်ခဲ့ပုံမရဘဲ     အတုယူစရာလည်း     မဖြစ်ခဲ့ဟု ဆိုနိုင်ပါသည်။
သမ္မတဘိုင်ဒင် ကိုယ်တိုင်ပင်လျှင် သူ့သား၏ မလျော်သော အပြုအမူများကို မထိန်းကျောင်းနိုင်၊  ပြုပြင်နိုင်ခြင်းမရှိ၊     နိုင်ငံကိုယ်စားပြုသူက   မိခင် နိုင်ငံတော်၏ အကျိုးစီးပွား ပဋိပက္ခနွံအတွင်းမှာ သားဖြစ်သူ၏ အဂတိမှုများကို လျစ်လျူရှုခြင်းသည် နှစ်ဖက်ပဋိပက္ခကို     ပို၍ဆိုးရွားစေပြီး   ဘက်လိုက်မှု များကို ဖြစ်စေသည်ဆိုသောအချက်ကို  မသိမမြင် နိုင်လောက်အောင်     အသိဉာဏ်နည်းလွန်းလှသည် ဟုသာ ဆိုရမည်ဖြစ်သည်။ 
မည်သို့ပင်ဖြစ်စေ သမ္မတဘိုင်ဒင်နှင့် ဟန်တာ တို့အပေါ် အဂတိအခြေခံ  စွပ်စွဲပြောဆို  ဝေဖန်မှုများ မှာ မပြေးသော်ကန်ရာရှိ ဆက်လက်ကျရောက်နေဦး မည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊  စစ်ရေး အကျိုး စီးပွားအခြေခံ၍ အဂတိတရားများဖြစ်ပေါ်လာနိုင် ပုံနှင့်အတူ   အကျိုးစီးပွားပဋိပက္ခနှင့်   အဂတိတရား ဆက်စပ်မှုများကို သင်ခန်းစာယူရပါမည်။ လက်ရှိ သမ္မတဘိုင်ဒင်နှင့်   သူ့သား   ဟန်တာဘိုင်ဒင်တို့၏ အကျိုးစီးပွား  လုပ်ပိုင်ခွင့်များအပေါ်  မသိကျိုးကျွန် ပြုမှုနှင့် စီးပွားရေးလုပ်ငန်းများတွင် တရားမဝင် အပေးအယူ  ပြဿနာများက  ယနေ့အမေရိကန်၏ အကျိုးစီးပွားအပေါ်    သက်ရောက်မှုများရှိနေပြီး  အကျိုးဆက်အတိုင်းအဆကို မှန်းဆရခက်ပါသည်။ 
FBI နှင့် အထက်လွှတ်တော်၏ လက်ရှိစုံစမ်း စစ်ဆေးနေမှုများအရ   အဂတိမှုများစွာကို   ရင်ဆိုင် နေရသည့်   သားဟန်တာဘိုင်ဒင်ကြောင့်  သမ္မတ ဘိုင်ဒင်အပေါ်   ပြည်သူက     လူကြိုက်နည်းလာမှု၊ သူကိုယ်စားပြုသော ဒီမိုကရက်တစ်ပါတီ၏ ဩဇာ ကျဆင်းမှုမှ   ယနေ့အမေရိကန်လူထုက  သူတို့ နိုင်ငံကြီး၏ နိုင်ငံရေး၊  စစ်ရေး၊  စီးပွားရေးများအပေါ် အယုံအကြည်ကင်းမဲ့လာနေမှုများကို တွေ့မြင်နေရ သည်။    ကမ္ဘာကြီးကို            ကိုယ်စားပြုသည်ဆိုသော ဒီမိုကရေစီစနစ်ကြီး တဖြည်းဖြည်းဆုတ်ယုတ်လာ မှုတွင်     ယနေ့     အမေရိကန်    နိုင်ငံရေးသမားများ အထူးသဖြင့် ခေါင်းဆောင်ပိုင်း၏အတ္တ၊ မှားယွင်း သော အတွေးအခေါ်များနှင့်      လုပ်ဆောင်ချက်များ ကြောင့်လည်း ပါဝင်သည်။ 
အဂတိသည် လူတစ်ယောက်၏ အတွေးအခေါ် နှင့်    လုပ်ဆောင်ချက်ကို    ကမောက်ကမ ဖြစ်သွား လောက်အောင်   စွမ်းအားကြီးပုံကို   သင်ခန်းစာ ယူနိုင်ပါသည်။ အမေရိကန်သမိုင်းမှာ ပါတီနှင့် ပြည်သူ များနှစ်ခြမ်းကွဲ၊  အမုန်းနှင့်  အာဃာတ  အပြန်အလှန် လက်စားချေမှုများဖြင့်      အကျည်းတန်လာသည်ကို တွေ့နေရသည်။     မိမိနိုင်ငံ၏    အကျိုးစီးပွားကို ပျက်ပြားစေပြီး ရန်သူနိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်း အောင်လုပ်မိသည့်      သစ္စာဖောက်မှုအပြစ်မျိုးကို သက်ဆိုင်ရာနိုင်ငံနှင့် ပြည်သူများအနေဖြင့် မည်သို့မျှ  ခွင့်လွှတ်နိုင်စရာရှိမည်ဟု  မထင်ပါ။    ။