
နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင်
တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာမြို့နှင့်
သံတွဲမြို့တို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော်လေ့လာ
နေပြည်တော် ဇွန် ၁၅
နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည် ကောင်းမွန်လာသည့် တပ်မတော် သား အရာရှိ၊ စစ်သည်များ အား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူ အပန်း ဖြေ ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေ များသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဇွန် ၁၁ ရက်တွင် ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ အနားယူအပန်းဖြေ ခရီးစဉ်သွားရောက်ခဲ့သည့် အဖွဲ့ များမှ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေသို့ သွား ရောက်ခဲ့သည့်အဖွဲ့သည် ကမ်းခြေ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင် အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောဘုရားကြီး၊ ချောင်းသာ မြို့ရှိ ကျောက်မောင်နှမစေတီ၊ တဂေါင်းဘုရား၊ လေးကျွန်းရန် အောင် ဖောင်တော်ဦးဘုရားတို့ အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာသဲဖြူကျွန်း၊ ရွှေသောင် ယံ၊ အဏ္ဏဝါသိပ္ပံ၊ ပုသိမ်ဟာလဝါ လုပ်ငန်းနှင့် ပုသိမ်ထီးလုပ်ငန်း စသည့် အထင်ကရနေရာများသို့ သွားရောက် လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ရခိုင်ပြည်နယ် ငပလီကမ်းခြေသို့ သွားရောက်ခဲ့ သည့်အဖွဲ့သည် ကမ်းခြေ၌ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင် တွင် ဘောလုံးအားကစားများ ဆောင်ရွက်ခြင်း၊ အနားယူ အပန်း ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သံတွဲမြို့ရှိ မဒေးတောင်ဘုရား၊ ဆံတော်၊ အံတော်၊ နံတော် ဘုရား များသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး ပုလဲကျွန်း၊ ပေါင်ဝန် တံတား၊ ငပလီဈေး၊ ငပလီကမ်းခြေ များ စသည့်အထင်ကရနေရာများ သို့ သွားရောက်လေ့လာခဲ့ကြ သည်။
ထိုကဲ့သို့ ဇွန် ၁၁ ရက်မှ ယနေ့ အထိ ငါးရက်ကြာ အနားယူအပန်း ဖြေခရီးစဉ် သွားရောက်ခဲ့သည့် အဖွဲ့များသည် ယနေ့တွင် စုရပ် နေရာများဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့သို့ ပြန်လည်ရောက်ရှိ ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ သည်။
အဆိုပါ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာ ရှိ၊ စစ်သည်များအား သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ဒေသ အသီးသီးရှိ တန်ခိုးကြီး ဘုရား စေတီများ၊ အထင်ကရနေရာ များ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့် ပတ်သက် ၍ လိုက်လံရှင်းလင်းပြသခြင်း များကို ဆောင်ရွက်ပေးခဲ့ရာ အရာရှိ၊ စစ်သည်များအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် ဒေသန္တရ ဗဟုသုတများကို လေ့လာခဲ့ကြပြီး ၎င်းတို့အတွက် လွန်စွာအကျိုးရှိ ခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ ကြောင်းနှင့် ယခုကဲ့သို့ အပန်းဖြေ ခရီးစဉ်သွားရောက်နိုင်ရေး စီစဉ် ပေးခဲ့သည့် တပ်မတော် အကြီး အကဲများကိုလည်း ကျေးဇူးအထူး တင်ရှိကာ စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်