သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်

 

 

နေပြည်တော် ဒီဇင်ဘာ  ၂၁
ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ် ပြည်သူ့ဆေးရုံ၌ တစ်ရက် လျှင် အောက်ဆီဂျင် ၄၀ လီတာဝင်  အလုံး  ၄၀  ထွက်ရှိမည့် အောက်ဆီ ဂျင်စက်ရုံ     ဖွင့်ပွဲကို    ယနေ့ နံနက်ပိုင်းတွင်      ကျင်းပရာ တိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊    အနောက် တောင်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်   ဌာန ဆိုင်ရာတာဝန်ရှိသူများ၊   ဖိတ် ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ ဝန်ကြီးချုပ်၊  တိုင်းမှူး နှင့် တာဝန်ရှိသူများက အောက်ဆီ ဂျင်စက်ရုံဖွင့်ပွဲ   ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်       ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာ ရည်များ  ပက်ဖျန်းပေးပြီး စက်ရုံ လည်ပတ်မှု    အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။(ဝဲပုံ)
ယင်းနောက်  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က   သာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံ၌    တာဝန်ထမ်း ဆောင်နေသော    ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများနှင့်    ကိုဗစ်-၁၉ ရောဂါ ကုသရေး        လုပ်ငန်းများတွင် အသုံးပြုရန်အတွက်    Oxygen Concentrator နှစ်လုံး၊ အောက်ဆီ ဂျင် ၄၀ လီတာဝင်အိုး ငါးလုံးနှင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများကို  ပေးအပ်ခဲ့ကြောင်း   သတင်းရရှိ သည်။                    သတင်းစဉ်