
သာပေါင်း မေ ၅
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ကလေး ကျေးရွာ တောင်သူ ဦးလှဝင်း၏ လယ်မြေတွင် ကြဲပက်သရုပ်ပြခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာ ထိုက်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီး မှူးဦးသန့်ဇင်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုး ခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစုဓာတ်မြေ ဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန် လာခြင်း စသည့်ရရှိနိုင်သော အကျိုးကျေးဇူးများ ပြောကြားပြီး တောင်သူနှစ်ဦးအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ငါးအိတ် ထောက်ပံ့ပေးအပ်ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ များကို တောင်သူ ဦးအောင်မြင့်၏ ကွင်းအမှတ်(၇၇၂) ၊ လယ်မြေ ၅ ဧကတွင် ၁ ဧကလျှင် လေးပြည်နှုန်းဖြင့် ပြည် ၂၀ ကို စုပေါင်းကြဲပက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)