
သာပေါင်း ဇန်နဝါရီ ၁၉
ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ်သို့ ပုသိမ် ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ယနေ့ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲက စတင်၍ ဇီးဖြူကွင်းကျေးရွာနှင့် မကျည်းကုန်း ကျေးရွာတို့၌ နေကြာ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ အသိပညာပေး ပြောကြားကြသည်။
ပုသိမ်ခရိုင် စိုက်တိုးမြင့် ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီး မှူး ဦးဝင်းစိုး၊ ခရိုင်မြေစာရင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးနေဝင်း၊ ပုသိမ်ခရိုင်ဆည်မြောင်း ဦးစီးဌာန ဦးစီးမှူးဦးဇော်ဝင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စိုက်တိုးမြင့်ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ၊ စိုက်တိုး မြင့်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်လွင်နှင့် အဖွဲ့ဝင်တို့က ဇီးဖြူကွင်းကျေးရွာအုပ်စု ဇီးဖြူ ကွင်းကျေးရွာ ကွင်းအမှတ်(၆၉၆) ဦးပိုင်အမှတ်(၁၃၄)၌ တောင်သူ ဦးစိုးအောင်၏ ရိုးပြတ်ကျန်ဧက အပေါ်တွင် ဆောင်းနေကြာ သီးသန့်စိုက် နှစ်ဧက၊ သီးညှပ် စိုက်နှစ်ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေ၊ မကျည်းကုန်း ကျေးရွာအုပ်စု ထန်းပင်ကွင်း ကျေးရွာ တောင်သူ ဦးမြအုန်း၏ ကွင်းအမှတ်(၅၇၅) ဦးပိုင်(၁/၂)၌ စိုက်ဧက ခြောက်ဧက အပေါ်တွင် ဆောင်းနေကြာ စိုက်ပျိုးဖြစ် ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ ပြီး နေကြာဖြစ်ထွန်းအောင်မြင် စေရေးအတွက် ရေသွင်းရန်၊ မြေသြဇာကျွေးရန်၊ ပေါင်လုံး ပေါင်တင်ရန်၊ အပင်သားခွဲခြင်း လုပ်ငန်းများ၊ နေကြာအပင်ပေါက် ရောက်မှု၊ အပင်ကြီးထွားမှု၊ နေကြာများအား အပင်ရေလောင်း နေမှု၊ပျိုးပင်သားခွဲရန် လုပ်ငန်းများ ဆောင်ရွက်သွားကြရန် နေကြာ စိုက် တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး ပြောကြားခဲ့ကြ ကြောင်း သိရသည်။
မျိုးဇော်သိန်း
(ပြန်/ဆက်)